Main menu
HOT NEWS
adv
မြန်မာ့ငြိမ်းချမ်းရေးအတွက် ကမ္ဘောဒီးယား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ ဘာတွေ လေ့လာအတုယူနိုင်မလဲ

မြန်မာ့ငြိမ်းချမ်းရေးအတွက် ကမ္ဘောဒီးယား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ ဘာတွေ လေ့လာအတုယူနိုင်မလဲ

မတ်လ အစောပိုင်းလောက်က  ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် ဆန်နဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်။ ဒီလို တွေ့ဆုံရာ မှာ မစ္စတာဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ရာမှာ အသုံးပြုခဲ့တဲ့ Win-Win မူဝါဒအတွေ့အကြုံတွေကို ပြန် လည် ပြောကြားခဲ့ပါတယ်။ ၁၉၉ဝ ပြည့်နှစ် နှောင်းပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ လက်နက်ကိုင် အုပ်စုတွေကို အောင်မြင်စွာ ဖျက်သိမ်းပြီး ငြိမ်းချမ်းရေး အခိုင်အမာတည် ဆောက်နိုင်ရေးကို ဖြစ်မြောက်အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ခဲ့ပါတယ်။

မစ္စတာဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကို တွေ့ဆုံရာမှာ လက်ရှိမြန်မာ နိုင်ငံမှာ ဆောင်ရွက်နေဆဲရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကမ္ဘောဒီးယားနိုင်ငံက ပါဝင်ကူညီဖို့ အသင့်ရှိကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ ဝါရင့်ကျွမ်းကျင်သူတွေကို မြန်မာနိုင်ငံ ပဋိ ပက္ခ ဖြစ်ပွားရာဒေသတွေကို စေလွှတ်ပြီး လေ့ လာအကဲဖြတ်ပြီး အကူအညီ ပေးသွားမယ့် အကြောင်းကို မစ္စတာဟွန်ဆန်က ပြောကြား ခဲ့ပါတယ်။

''ကမ္ဘောဒီးယားနိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အသုံးပြုခဲ့တဲ့ Win-Win မူဝါဒ ကို အကောင်အထည်ဖော်ရာမှာ ပါဝင်ခဲ့တဲ့ အတွေ့အကြုံရှိသူတွေကို စေလွှတ်ပေးမယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ပကတိအနေအထားကို လေ့လာဆန်းစစ်ပြီး သူတို့ရဲ့ အတွေ့အကြုံအရ လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထမြောက် အောင်မြင်နိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေး အဖြေရှာဖို့ အကူအညီတွေ ပေးသွားမှာပါ''ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပြောကြားမှုကို ကိုးကားပြီး Cambodic Daily  သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ အရှေ့ပိုင်း လောက်ကိုင် ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အတောအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် တွေအဖြစ် သွားရောက်လည်ပတ်ခဲ့တာ ဖြစ်တယ်။ လောက်ကိုင်မြို့ကို တိုင်းရင်းသားလက်နက်ကိုင်အုပ်စုက ဝင်ရောက် စီးနင်းတိုက် ခိုက်ခဲ့တာဖြစ်ပြီး ဒီလို တိုက်ခိုက်တဲ့အတွက် အရပ်သားအများအပြား သေဆုံးခဲ့ရသလို စစ်ဘေးရှောင် ဒုက္ခသည်အမြောက်အများကို လည်း တရုတ်နိုင်ငံဘက်ရှိရာ ထွက်ပြေးတိမ်း ရှောင်စေခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပဋိပက္ခဆိုင်ရာ စီမံခန့်ခွဲမှုအတွေ့အကြုံတွေ ကိုကြည့်ရင် မြန်မာနိုင်ငံအတွက် လေ့လာ အတုယူစရာ ဖြစ်လာနိုင်ပါတယ်။ ကမ္ဘောဒီး ယားနိုင်ငံရဲ့ ပြည်တွင်းစစ်ကာလအတွင်း လူ မျိုးတုံးသတ်ဖြတ်မှု ခါးသီးဖွယ်ရာ သမိုင်းဖြစ် ရပ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာလည်း အမှန်ပါ။

မြန်မာနိုင်ငံကတော့ ဗြိတိသျှ ကိုလိုနီ လက်အောက်က လွတ်မြောက်ပြီးကတည်းက ဆယ်စုနှစ် ခုနစ်ခုလောက် ပြည်တွင်းစစ်မီး ကြီးအတွင်းမှာ တဝဲဝဲလည်လည်နဲ့ သံသရာ ရှည်ကြာနေခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအနေ အထားဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် အလွန်ခက်ခဲလှတဲ့ အနေအထားတစ်ရပ်ကို ရောက်ရှိနေခဲ့တာပါ။ ၂ဝ၁၅ခုနှစ် ရွေးကောက် ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင် ရရှိခဲ့ပြီးတဲ့နောက် နိုင်ငံရဲ့ သက်တမ်းရှည်ကြာ နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်း သွားမယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြပါ တယ်။ ဆိုရရင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက ၂ဝ၁၆ ခုနှစ် သြဂုတ်လမှာ ၂၁ ရာစု ပင်လုံညီလာခံကြီးကို ဖြစ်မြောက်အောင် မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေကို ပိုမိုရှင်သန်စေခဲ့တာ လည်း အမှန်ပါ။

ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၇၉ ခုနှစ်က ခမာနီအစိုးရ ပြုတ်ကျသွားပြီးတဲ့နောက် ဝန် ကြီးချုပ်ဖြစ်တဲ့ မစ္စတာဟွန်ဆန်က နိုင်ငံတည် ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို အပြည့်အဝဖော် ဆောင်နိုင်ရေးမှာ Win-Win မူဝါဒကို အရေးပါတဲ့ အခန်းကဏ္ဍကနေ ကျင့်သုံးခဲ့တာ ဖြစ် ပါတယ်။ ဒီလိုကျင့်သုံးခဲ့မှုက ထိုင်းနိုင်ငံ နယ် စပ် ပိုင်လင်ခရိုင်က ခမာနီတို့ နောက်ဆုံးခြေ ကုပ်စခန်းကို ပြိုကွဲစေခဲ့သလို လက်နက်ကိုင် အုပ်စုတွေကိုလည်း လူ့အဖွဲ့အစည်းအတွင်း မှာ ပြန်လည်ဝင်ဆံ့အောင် ဆောင်ကြဉ်းပေး နိုင်ခဲ့ပါတယ်။ လူသားချင်းစာနာမှု၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် အာမခံချက် ရှိမှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကနေ ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ အချက်တွေ ဟာ Win-Win မူဝါဒရဲ့ အခြေခံကျတဲ့အချက် တွေလည်း ဖြစ်ပါတယ်။

လူးဝစ်ခရိုင်းစဘတ် ဆိုခဲ့ဘူးသလို အမျိုး သား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တိုင်း မှာ အမှန်တရား၊ တရားမျှတမှု၊ လေးစားမှုနဲ့ လုံခြုံမှုဆိုတဲ့ အမြင်ရှုထောင့်တွေကို မဖြစ် မနေ ထည့်သွင်းကြည့်ရှုရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီအမြင်ရှုထောင့်ကနေ ကြိုးပမ်း အကောင်အထည်ဖော်တဲ့နေရာမှာ စိန်ခေါ်မှု တွေကိုလည်း မလွှဲမသွေ တွေ့ကြုံလာရမယ် လို့ ဆိုပါတယ်။ မစ္စတာဟွန်ဆန် ကျင့်သုံးခဲ့ တဲ့ ႊၽငည-ႊၽငည မူဝါဒမွာကေတာ့ လေးစားမှုနဲ့ လုံခြုံရေး ရှုထောင့်နှစ်ခုကို အဓိကရှုမြင်ပြီး အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လေးစားမှုဆိုတဲ့သဘောမှာ ခွင့်လွှတ်မှုနဲ့ လိုက်နာစောင့်ထိန်းမှုတွေ သက်ဝင်နေပါ တယ်။ လုံခြုံရေးဆိုတဲ့သဘောကတော့ ပြစ်မှု ကျူးလွန်သူတို့ရဲ့သားကောင် ဖြစ်ခဲ့ရသူတွေရဲ့ ဘေးကင်းလုံခြုံရေးအာမခံချက်ကို အာဏာ ပိုင်တို့က စီမံဆောင်ရွက်ပေးရမယ့် အခြေ အနေမျိုး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွင်းမှာ လက်နက်ချဖို့ စိတ်အားထက် သန်သူတို့အတွက် သူတို့ရဲ့ ဘဝအာမခံချက် ရှိရေး အတွက်ကိုပါ ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ လက်နက် စွန့်လွှတ်သူတွေကို လူ့အဖွဲ့အစည်းအတွင်း မှာ ပြန်လည်ဝင်ဆံ့နိုင်မယ့် အသက်မွေးဝမ်း ကျောင်းဘဝ ပြန်လည်တည်ဆောက်ပေးရေး ဟာလည်း Win-Win မူဝါဒရဲ့ သော့ချက်ထဲ မှာ ပါဝင်နေပါတယ်။ ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်ကာလအတွင်း ကမ္ဘောဒီးယား နိုင်ငံရဲ့ ခမာနီ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အပြစ်မဲ့ပြည်သူလုထုအပေါ် ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပဋိပက္ခ အလွန်ကာလမှာ သူတို့စနက်နဲ့ သားကောင် ဖြစ်ခဲ့ရသူတွေအတွက် တရားမျှတရေး ဆောင် ရွက်မှုပြုရေးဟာ အခရာကျလှတဲ့ ဆောင်ရွက် မှုမျိုးလည်း ဖြစ်ပါတယ်။

မစ္စတာဟွန်ဆန်ရဲ့ ႊၽငည-ႊၽငည ပေါ်လစီ ဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအတွက် ရေရှည် ပဋိပက္ခ ဖြေရှင်းမှုပုံစံအဖြစ် အသုံးချနိုင်ဖွယ် ရာ ရှိပါတယ်။ ဆိုရရင် Win-Win ပေါ်လစီ ဟာ အပေးအယူ သဘောတူညီမှုပြုရာမှာ ပါ ဝင်ပတ်သက်တဲ့ အခြားအဖွဲ့တွေကို အနိုင် အရှုံး အနေအထားမျိုး ရောက်ရှိစေတာမျိုး မဟုတ်ဘဲ ပါဝင်တဲ့အဖွဲ့တွေအားလုံးကို အပြု သဘောဆောင်တဲ့ အနေအထားကို ဖြစ်ပေါ် စေပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးကို ရောက်ဖို့ မြန်မာနိုင်ငံနဲ့ ယုံကြည်မှုကို တည် ဆောက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီ ယုံ ကြည်မှုဆိုတာကတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်မှု မပြုမီ သဘောကွဲလွဲမှုတွေကို ညှိနှိုင်းအဖြေရှာဖို့ အတွက် အခြားသော ပါဝင်သူတွေနဲ့အတူ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းမှာ စိတ်ရှည်သည်း ခံမှုရှိတဲ့ ယုံကြည်မှုမျိုးပဲ ဖြစ်ပါတယ်။

၂ဝ၁၅ ခုနှစ်က တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက် မှတ်ရေးထိုးရသေးခြင်းမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ ရှိနေပြီး အဲဒီထဲ မှာ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရှမ်း ပြည်နယ်တပ်ဖွဲ့(မြောက်ပိုင်း) (SSA-N)၊ မြန်မာအမျိုးသား ဒီမိုကရက် မဟာမိတ်တပ် (MNDAA)နဲ့ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်(TNLA)တို့လည်း အပါအဝင် ဖြစ်ပါတယ်။ အမှန်တော့ တိုင်းရင်းသားလက် နက်ကိုင် အုပ်စုတွေနဲ့ မြန်မာအစိုးရကြား သဘောထားကွဲလွဲမှုတွေကို ရင်ကြားစေ့နိုင် ရေးကို နှစ်ဖက်စလုံးက သဘောထားကြီးတဲ့ အပြုအမူတွေနဲ့ ပြသရမှာ ဖြစ်ပါတယ်။

Win-Win မူဝါဒဟာ မြန်မာနိုင်ငံရဲ့ ငြိမ်း ချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် သေချာတဲ့ သင်ခန်းစာဖြစ်နိုင်စရာ ရှိတယ်လို့ ဆိုပေမယ့် Win-Win မူဝါဒက ပဋိ ပက္ခ ဖြေရှင်းရေးပုံစံလို့တော့ ဆိုလို့ရမှာမဟုတ် ပါဘူး။ Win-Win မူဝါဒကို ထမြောက်အောင် အကောင်အထည်ဖော်နိုင်မယ်ဆိုရင် အကျိုး ဖြစ်ထွန်းတဲ့ ရလဒ်တွေကို ထွက်ပေါ်လာရေး ကို အထောက်အကူပြုစေမှာဖြစ်သလို နိုင်ငံ တွင်းက ပဋိပက္ခတွေကို အောင်မြင်စွာ အဆုံး သတ်ရေးကို အထောက်အကူပြုစေမှာ ဖြစ် ပါတယ်။ အောင်မြင်မှု ဒါမှမဟုတ် မအောင် မြင်မှုဆိုတာကတော့ ပဋိပက္ခရဲ့သဘာဝအပေါ် မှာ တည်မှီနေတာ ဖြစ်ပါတယ်။ သိသာထင် ရှားတာ တစ်ခုကတော့ မြန်မာနိုင်ငံမှာ ဖြစ် ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဟာ ကမ္ဘော ဒီးယားနိုင်ငံရဲ့ အိုင်ဒီယိုလော်ဂျစ်ကယ် ပဋိ ပက္ခနဲ့ ကွဲပြားခြားနားနေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။              

THE I DIPLOMAT

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191