Main menu
HOT NEWS
adv
လျှပ်စစ်ကိုချွေတာသုံးစွဲဖို့  အသိပညာပေးသင့်ပြီ

လျှပ်စစ်ကိုချွေတာသုံးစွဲဖို့ အသိပညာပေးသင့်ပြီ

မီတာခ သုံးဆတက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး မတ်လဆန်းက အသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ မီတာခတက် မယ့် ကိစ္စဟာ လျှပ်စစ်မီးသုံးစွဲသူ အားလုံးနဲ့ သက်ဆိုင်တာကြောင့် အသံမျိုးစုံ ထွက်ခဲ့ကြ တာ မဆန်းပါဘူး။ တကယ်ဆိုရင် မြန်မာ နိုင်ငံမှာ လျှပ်စစ်ကဏ္ဍက အရှုံးပေါ်နေတာ ကြာပါပြီ။ ရင်းနှီးမြှုပ်နှံမှုစရိတ် ထည့်မတွက် ဘဲ ပြုပြင်ထိန်းသိမ်း မောင်းနှင်ရတဲ့ စရိတ်နဲ့ တင် အရှုံးပေါ်နေတာပါ။ ပြောရမယ်ဆိုရင် တစ်ယူနစ် ရောင်းချလိုက်တိုင်းမှာ ၂၃ ကျပ် အရှုံးပြနေတယ်လို့ သိရပါတယ်။ ဓာတ်အား လိုအပ်ချက်ကြောင့် နှစ်စဉ်တိုးထုတ်နေပေမဲ့ လုံလောက်မှုမရှိဘဲ ဖြစ်နေသလို လာမယ့် နှစ်မှာ ကျပ်ငွေ ၃၇၈ဘီလီယံ အရှုံးပေါ်နိုင် တယ်လို့ ခန့်မှန်းထားပါတယ်။

ဘာမှ မချွေတာဘူး
မြန်မာပြည်မှာနေသူ တော်တော်များ များက ဘာကို ချွေတာလဲမေးရင် ဘာမှ မချွေ တာဘူးလို့ ယေဘုယျ ပြောရမှာပါ။ လေကို လည်း မချွေတာဘူး။ ရေကိုလည်း မချွေတာ ဘူး။ လျှပ်စစ်မီးကိုလည်း မချွေတာကြပါဘူး။ ဒီလိုဘာကြောင့် မချွေတာတာလဲဆိုတော့ အလကားရနေလို့၊ ဈေးနှုန်းတွေက မပြော ပလောက်လို့၊ တန်ဖိုးကြီးကြီး ပေးမသုံးရလို့ လို့ ပြောရမှာပါ။ တန်ဖိုးရှိတဲ့ လေကိုလည်း အဆိပ်သင့်အောင် လုပ်ကြတယ်။ ရေချိုတွေ ကိုလည်း ဖြုန်းတီးကြတယ်။ လျှပ်စစ်မီးကို လည်း မလိုအပ်ဘဲ သုံးစွဲကြတယ်။  အဆိုးဆုံး ကတော့ လျှပ်စစ်ဇိမ်ခံပစ္စည်းတွေကို အတား အဆီးမရှိ ပြည်ပကနေ တင်သွင်းခွင့်ပြုနေ တာလည်း ပါဝင်ပါတယ်။


ဈေးသက်သာတယ်
မြန်မာနိုင်ငံဟာ ဘရူနိုင်းနိုင်ငံ ပြီးရင် ဒေသတွင်းမှာ ဒုတိယဈေးအနည်းဆုံးနဲ့ လျှပ်စစ်ဓာတ်အားကို ရောင်းချပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ထုတ်လုပ်မှု စရိတ်တင် တစ်ယူ နစ် ၉၂ ကျပ်လောက် ရှိပေမယ့် ဝန်ကြီးဌာနက YESC ကို ၅၇ ကျပ်နဲ့ ပြန်ရောင်းချ ပေးပါတယ်။ YESC က အများပြည်သူကို ၃၅ ကျပ်ကနေ ကျပ် ၅ဝအထိ ရောင်းချပေးပြီး စက်မှုလုပ်ငန်းတွေကိုတော့ ၇၅ ကျပ်က နေ ကျပ် ၁၅ဝအထိ ပြန်ရောင်းချပေးပါတယ်။ ဒါသက်သာတဲ့ဈေးနှုန်းလို့ ပြောရမှာပါ။


အားနာဖို့ကောင်းတယ်
လျှပ်စစ်ဓာတ်အား သုံးစွဲသူဦးရေဟာ မြန်မာနိုင်ငံမှာ ၃၅ ရာခိုင်နှုန်းရှိပြီး ၆၅ ရာ ခိုင်နှုန်းကတော့ ဓာတ်အားမရကြသေးပါ ဘူး။ ဒီအထဲမှာမှ ရန်ကုန်ဟာ မဂ္ဂါဝပ် ၁၅ဝဝ  လောက်နဲ့ အများဆုံး သုံးစွဲနေသလို ဓာတ် အားတွေကိုလည်း ဖြုန်းတီးနေကြတာကြောင့် ဓာတ်အားခတိုးမြှင့် ကောက်ခံမှသာ ဆင်ခြင် သုံးစွဲပြီး ပိုလျှံလာတာတွေကို ရန်ကုန်မှာ အခြား မသုံးစွဲရသေးသူ ၂၅ ရာခိုင်နှုန်း အ တွက် သုံးစွဲနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလိုမလုပ် ရင်တော့ တစ်နိုင်ငံလုံးရဲ့ မီးမသုံးနိုင်သူ ၆၅ ရာခိုင်နှုန်းကို မထေမဲ့မြင် လုပ်နေသလို ပုံစံ မျိုးပေါက်ပြီး အားနာစရာအဖြစ်မျိုး ကြုံနေ ရမှာပါ။ ဒါတောင် အခု နွေရာသီ ရန်ကုန်မှာ ဓာတ်အားလုံလောက်ဖို့အတွက် အမှိုက်မီးရှို့ စက်ရုံကနေ ကီလိုဝပ် ၇ဝဝ ထုတ်ပေးနိုင်တော့ မှာ ဖြစ်ပါတယ်။


ဘာနဲ့ထုတ်ထုတ် ကန့်ကွက်တယ်
အခုလို လျှပ်စစ်ဓာတ်အား မလုံလောက် မှုနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ကြမလဲ။ ကမ္ဘာ့ နိုင်ငံတွေမှာတော့ ရေအား၊ ဂက်စ်၊ ကျောက် မီးသွေး၊ နျူကလီးယား၊ နေနဲ့လေ တို့ကနေ ဓာတ်အားတွေ ထုတ်နေပါတယ်။ မြန်မာ နိုင်ငံမှာတော့ ရေအားလျှပ်စစ်စက်ရုံ ဆောက် မယ်လုပ်လိုက်၊ ကျောက်မီးသွေး ဓာတ်အား စက်ရုံဆောက်မယ် လုပ်လိုက်၊ သဘာဝ ဓာတ် ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဆောက်မယ်လုပ် လိုက်နဲ့ စီမံကိန်းတွေ တစ်ခုပြီးတစ်ခုလုပ်နေ ပါတယ်။ အခြားတစ်ဖက်ကလည်း  ဆရာ့ဆရာ ကြီးတွေက အဲဒီစက်ရုံတွေကို ဆောက်မယ် ဆိုရင် ဂေဟစနစ်ဆိုလား၊ သဘာဝပတ်ဝန်း ကျင်ဆိုလား ပျက်စီးမယ်ဆိုပြီး အဲဒါတွေနဲ့ ဆော်သြပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်း ကန့်ကွက် နေကြပါတယ်။ တကယ်ဆိုရင် တစ်ခုလိုချင်ရင် တစ်ခုတော့ ပေးဆပ်ရမှာပါ။


ငြိမ်းစုစီက ခေတ်စား
အဲဒီလို ကန့်ကွက်တိုင်းသာ ဓာတ်အား မထုတ်ရရင်တော့ မြန်မာပြည်သား အားလုံး အမှောင်ထဲမှာ ထိုင်ပြီး ကျောက်ခေတ်ကိုပဲ လွမ်းနေရတော့မယ့် ကိန်းပါ။ ဘယ်နိုင်ငံမှ လည်း လျှပ်စစ်ဓာတ်အား မလုံလောက်တဲ့ မြန်မာပြည်ကိုလာပြီး ရင်းနှီးမြှုပ်နှံကြမှာ မ ဟုတ်ပါဘူး။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင် နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်တော့မှာပါ။ သူ့နိုင်ငံသားတွေက တော့ မကန့်ကွက်ကြပါဘူး။ မြန်မာပြည်မှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက် မယ်ဆိုရင် ဘယ်လောက်တောင် ကန့်ကွက် ကြမလဲ မသိပါဘူး။ နျူကလီးယား စက်ရုံရှိ တဲ့ မြောက်ကိုရီးယားနိုင်ငံကို အမေရိကန်က တောင် ကြောက်နေရတယ်လေ။ မြန်မာနိုင်ငံ မှာတော့ နျူကလီးယား မပြောနဲ့၊ နေအားနဲ့ လေ အားလျှပ်စစ် ထုတ်မယ်ဆိုရင်တောင် ဆန္ဒဖော်ထုတ်ကြမလား မသိပါဘူး။ ငြိမ်းစု စီဥပဒေကလည်း ခေတ်စားနေတာကိုး။


ရေမရတဲ့နေရာမှာဆောက်
လျှပ်စစ်ထုတ်ဖို့ မြန်မာပြည်က ပညာ ရှင်တွေကလည်း နေရာရွေးတော်ကြပါတယ်။ ရေအားလျှပ်စစ်ထုတ်ဖို့ ရေလှောင်တမံတွေ ကိုရွေးပြီး တည်ဆောက်ကြရာမှာ ပြောတော့ ရေအားလျှပ်စစ်၊ ဆောက်တော့ မိုးနည်းရပ် ဝန်းဒေသ။ အခုတော့ မိုးရာသီကုန် နွေရာသီ ရောက်လို့ ရေအဝင်က နည်းနေပါပြီ။ ရေရှိ မှ လျှပ်စစ်ဓာတ်အားက ရမှာ။ ရေကလည်း မိုးရွာမှ ရတာ။ မိုးကလည်း သဘာဝရာသီ ဥတုကို မှီခိုရတာ။ သဘာဝ ရာသီဥတုက လည်း မြန်မာ့ပင်လယ်ပြင်မှာ မုန်တိုင်းရှိမှ မိုးရွာတာ။ မုန်တိုင်းမိုးကလည်း အဲဒီရေလှောင် တမံတွေရှိတဲ့ မြန်မာပြည်အထက်ပိုင်းဘက် ဝင်မှဖြစ်မှာ။ ဒီတော့ မုန်တိုင်းမိုးရွာအောင် မိုးနတ်မင်းကြီးဆီမှာ ဆုတောင်းရမလို ဖြစ် နေပါတယ်။


ဘာလို့ရှုံးနေလဲ
အလကားရတဲ့ရေကို ကုန်ကြမ်းအဖြစ် သုံးပြီး ဓာတ်အားထုတ်တာတောင် ပြန်ရောင်း ရင်ရှုံးနေတယ်ဆိုတော့ ကျန်တဲ့ ကျောက်မီး သွေးတို့၊ သဘာဝဓာတ်ငွေ့တို့ဆို ပိုရှုံးမယ် ထင်ပါတယ်။ ဒီတော့ လျှပ်စစ်ဌာန ဘာကြောင့် ရှုံးနေတာလဲ။ ကုန်ကြမ်းဝယ်ရတာ ဈေးကြီး နေလို့လား။ ထုတ်သမျှ ဓာတ်အားခအပြည့် အဝ မရလို့လား။ ဝန်ထမ်းတွေကို လစာပေး နေရတာ များနေလို့လား၊ ပြုပြင်ထိန်းသိမ်း စရိတ် များနေလို့လားစတဲ့ အကြောင်းရင်း တွေတော့ ရှိနေမှာပါ။ ဓာတ်အားပေးစက်ရုံ လည်ပတ်ဖို့  ပြည်ပကနေ ကုန်ကြမ်းမဝယ်ရ ပါဘူး။ ဝန်ထမ်းတွေကို လစာပေးရတာများ ရင် လိုအပ်တဲ့ဝန်ထမ်းလောက်ပဲ ခန့်ရမှာပါ။


မသမာသူတွေရှိ
အဓိကကျတာက ဓာတ်အားခတွေ ဆုံး ရှုံးတာ ဖြစ်နိုင်ပါတယ်။ စက်ရုံကနေ ပို့လိုက် တဲ့ ဓာတ်အားတွေဟာ ကြိုးတစ်လျှောက် စီး ရင်ဆုံးရှုံးသလို တစ်ဆင့်ပြန်လည် ဖြန့်ဝေတဲ့ စက်ရုံတွေကနေ သုံးစွဲသူတွေထံ ဖြန့်ဝေရာ မှာ ခိုးယူသုံးစွဲခြင်း ခံရတာတွေ၊ ဝန်ထမ်းနဲ့ လုပ်ငန်းရှင်ပေါင်းပြီး မီတာပုံးထဲက သုံးစွဲပြီး ယူနစ်တွေကို ခိုးပြီးလျှော့တာတွေ၊ ငွေရမယ် ဆိုရင် ဖုန်းဆက်လိုက်တာနဲ့ ဝန်ထမ်းက လျှပ် စစ်မီး သွယ်တန်းပေးတာတွေကြောင့် ဖြစ်မှာ ပါ။ အခုဆိုရင် မသမာတဲ့သူတွေက လျှပ်စစ် မီတာဖတ်သူတွေနဲ့ ပူးပေါင်းပြီး အနည်းဆုံး ဈေးနှုန်းနဲ့ ငွေရှင်းရမယ့် အများဆုံး ၁ဝဝ ယူနစ်အထိပဲ ဖတ်ခိုင်းမယ့် ဇာတ်လမ်းက လာတော့မှာပါ။ ဒါတွေကိုသာ သေသေချာ ချာ ကြပ်မတ်နိုင်ရင် ဝင်ငွေတွေ ပိုလာမှာပါ။ ဒါ့အပြင် မီးပျက်ရင်လည်း ဖုန်းဆက်ပြီးခေါ် ရတဲ့အထိ စောင့်မနေကြဘဲ အမြန်ဆုံးမီးပြန် လာအောင် လုပ်ပေးသင့်သလို ခြေ<ွကခတွေ လည်း မတောင်းသင့်ပါဘူး။ မီးလာမှ မီးသုံး စွဲလို့ရပြီး မီတာခရမှာ ဖြစ်လို့ပါပဲ။


ပိုကောက်ရင်မရှုံးဘူး
ဒါတွေကို  ဥစ္စာရင်လို ဥစ္စာရင်ခဲ မလုပ် ဘဲ အစိုးရဝန်ထမ်းပီပီ ဝတ်ကျေတန်းကျေ လုပ်နေရင်တော့ လျှပ်စစ်ဌာန ရှုံးနေဦးမှာ ဖြစ်ပြီး မရှုံးစေချင်ရင်တော့ ထုတ်လုပ်ရေး အပိုင်းနဲ့ ဖြန့်ဖြူးရေး အပိုင်းမှာ ရှုံးနေတဲ့အ ပိုင်းကို မရှုံးအောင် ဘယ်လိုလုပ်ကြမလဲ ဆို တဲ့နည်းလမ်းကို အဖြေရှာရမှာပါ။ ဒီလိုမ ဟုတ်ဘဲ လျှပ်စစ်ဓာတ်အားဆိုတာ ဘယ်သူ မှ မသုံးစွဲဘဲ မနေနိုင်ဘူး။ ဒီတော့ သုံးစွဲသူ တွေဆီက ဓာတ်အားခ ပိုကောက်လိုက်ရင် မရှုံးတော့ဘူးဆိုတဲ့ ဖြတ်လမ်းနည်း အသုံးပြု လိုက်မယ်။  ထိန်းသိမ်းခ လျှော့ပေးပြီးတော့ သုံးစွဲခ တက်ပြီးရင်း တက်လိုက်မယ်ဆိုတဲ့ နည်းလမ်း အစိုးရလိုင်းခန်းမှာနေပြီး မီတာ မဆောင်ရတဲ့ သူတွေအတွက်၊ မီတာကို ခိုး ယူသုံးစွဲနေသူတွေအတွက် ဘာမှမဖြစ်ပေမဲ့ မီတာဆောင်နေရတဲ့ ဝင်ငွေနည်းပါး အခြေ ခံလူတန်းစားတွေ အတွက်တော့ ဝန်ထုပ်ကြီး တစ်ခု ပိလာတာပဲ ဖြစ်လာမှာပါ။


ကမ္ဘာမီးလောင်သားကောင်ချနင်း
အခုလိုမီတာခတွေ တိုးမြှင့်ကောက်ခံဖို့ အသံတွေ ထွက်လိုက်တာဟာ နိုင်ငံတော်က ပြောပြောနေတဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆိုတဲ့ စကားလုံးကို အထောက်အကူမပြုတဲ့ အပြင် ကမ္ဘာမီးလောင်လို့ သားကောင်ချနင်း ရတဲ့ ပုံစံမျိုးလည်း ဖြစ်နေတဲ့အတွက် အဲဒီ လိုမဖြစ်အောင် နိုင်ငံသားတွေ လျှပ်စစ်ကို ချွေတာသုံးစွဲနိုင်ဖို့ အသိပညာပေးမှုတွေ အ ရင်လုပ်ပေးရမှာ ဖြစ်သလို ခိုးယူသုံးစွဲသူတွေ နဲ့ ပါဝင်ပတ်သက်တဲ့ ဝန်ထမ်းတွေကို ထိထိ ရောက်ရောက် အရေးယူဖို့ ဦးစားပေးလုပ်ပြီး မှသာ မီတာခကို တဖြည်းဖြည်း တိုးမြှင့်ကောက် ခံသင့်ကြောင်း ရေးသားလိုက်ရပါတယ်။

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191