Main menu
HOT NEWS
adv
ရခိုင်မြောက်ပိုင်းဒေသ ပြဿနာ၊ ကုလသမဂ္ဂနှင့် မြန်မာ့ပြည်တွင်းအရေး

ရခိုင်မြောက်ပိုင်းဒေသ ပြဿနာ၊ ကုလသမဂ္ဂနှင့် မြန်မာ့ပြည်တွင်းအရေး

ရန်ကုန်၊ ရခိုင်ပြည်နယ်၏ အနောက်တံခါးဆီမှ ပြဿနာမှာ အစိုးရသစ်တက်ပြီး တစ်နှစ်ခွဲခန့်အကြာတွင် တစ်ကျော့ပြန် ဖြစ်ပေါ်လာခဲ့သည်။ ယင်းအခြေအနေမှာ နိုင်ငံရေးပြဿနာများစွာနှင့် ကြုံတွေ့ရင်ဆိုင်နေရသည့် အစိုးရအတွက် ပေါ့ဆ ၍မရသော အခြေအနေပင်ဖြစ်သည်။ ဘင်္ဂါလီများ စိမ့်ဝင် နေမှု၊ နိုင်ငံသားဖြစ်ခွင့်၊ တိုင်းရင်းသား တောင်းဆိုမှုများ အပြင် နှစ်ဖက်လူ့အဖွဲ့အစည်းအကြား တင်းမာမှုများကို အဖြေရှာရန်မှာ အင်မတန် ခက်ခဲလှသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအဖွဲ့သည် အခြေအနေအရပ်ရပ်ကို ပြေလည်အောင် တစိုက်မတ်မတ် ကြိုးစားနေသော်လည်း ယခုအချိန်အထိ နိုင်ငံတကာမှ လက်ခံလောက်သည့် အခြေအနေသို့ မရောက်ရှိသေးပေ။ ထို့အပြင် ပြည်တွင်းဖိအားတချို့ကြောင့်လည်း ကြိုးစားမှု မှာ မျှော်မှန်းသလောက် အရာမထင်ဖြစ်နေရသည်။

ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ပြန်ပြောင်းပြောရလျှင် အင်အား ရာချီရှိသည့် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် ဘူးသီးတောင်၊ မောင် တောနှင့် ရသေ့တောင်မြို့နယ် ဒေသအတွင်းရှိ ရဲကင်းစခန်း ၃ဝ ကို သြဂုတ် ၂၅ ရက်ပိုင်းမှစတင်၍  လက်နက်မျိုးစုံသုံးပြီး  စတင်တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ သည့်အချိန်မှစ၍ ပြီးခဲ့သည့် ရက်ပိုင်းအထိ ARSA အစွန်း ရောက် ဘင်္ဂါလီအကြမ်းဖက်သမား  ၃၇ဝ ခန့်ကို အသေဖမ်း ဆီးရမိထားပြီး ၄ဝ နီးပါးအား အရှင်ဖမ်းဆီးရမိထားကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ရခိုင်အရေးနှင့် ပတ်သက်၍ အစိုးရအနေဖြင့် နိုင်ငံတကာ ဖိအားများအား လျှော့ချရန် ပြည်ထောင်စုအဆင့် ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထား ကြောင်း စက်တင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယခုဖြစ်နေသည့်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေ ဖြင့် ကုလသမဂ္ဂ အစည်းအဝေးမှ တစ်ဆင့် နိုင်ငံတကာသို့ ချပြ၊ ရှင်းပြရန် အခွင့်အရေးရရှိထားသည်။ သို့သော် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ကိုယ် တိုင် တက်ရောက်ခဲ့ခြင်းမရှိဘဲ ဒုတိယသမ္မတ ဦးဟင်နရီဗန် ထီးယူကိုသာ စေလွှတ်ခဲ့သည်။ သို့အတွက် ယင်းကိစ္စနှင့် ပတ်သက်၍ ထင်မြင်ချက်မျိုးစုံ ထွက်ပေါ်ခဲ့သည်။

''ကျွန်တော်ကတော့ ရိုးရိုးလေးပဲတွေးပါတယ်။ ဟိုးယခင်ကတည်းက ကုလသမဂ္ဂညီလာခံကို မြန်မာနိုင်ငံအပါ အဝင် နိုင်ငံအတော်များများက နိုင်ငံခြားရေးဝန်ကြီးအဆင့်သာ တက်ရောက်ကြပါတယ်။ အခုလည်း ဒေါ်စုနိုင်ငံခြား ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတော့ ဒီညီလာခံကို သူ တက်ရောက်ရမှာဖြစ်ပေမယ့် ဒီကိစ္စမှာ အတိုင်ပင်ခံအနေနဲ့ ဆုံးဖြတ်ရတာဖြစ်မယ်လို့ ယူဆတယ်။ တစ်ဖက်မှာ သမ္မတကြီး က ဘန်ကောက်မှာ ဆေးကုသမှုခံယူနေတာလည်းပါတယ်။ ဒါကို အစိုးရဘက်ကလည်း ညီလာခံမတက်ရောက်နိုင်တဲ့ အကြောင်းတွေ ထုတ်ပြန်ထားပြီးဖြစ်တယ်''ဟု ရန်ကုန်အ ရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ကထိက ဦးလှိုင်တင့်က ရှုမြင်ပြောဆိုသည်။

ဝေဖန်မှုများနေသော ကုလအထွေထွေ ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ခြင်းအပေါ် ယခုလ ၁၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှ မီဒီယာများအားပြော ကြားခဲ့ရာတွင် မောင်တောဒေသအတွင်း ဗျွှဗအကြမ်း ဖက်သမားများ၏ တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ဒေသခံများ အား  နေရာပြန်လည်ချထားပေးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုများ လုပ်ဆောင်သွားရန်အတွက် ပါဝင်ပြီး အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်း၌ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခအသွင်ဆောင်သည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပြည်တွင်း၌တည်ငြိမ်မှုအတွက် အထူးအလေးထားပြီး လုပ် ဆောင်လျက်ရှိကာ လုံခြုံရေးအပိုင်းကိုလည်း ဆောင်ရွက် နေခြင်းကြောင့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ကမ္ဘာ့မီဒီယာ စာမျက်နှာများပေါ်တွင်လည်း ရခိုင်ပြည် နယ်အရေးနှင့် ပတ်သက်၍ ထိပ်တန်းသတင်းတစ်ရပ်အဖြစ် ဖော်ပြနေပြီး ကုလသမဂ္ဂတွင် ကမ္ဘာ့ခေါင်းဆောင်များအနေ ဖြင့်လည်း မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားခြိမ်းခြောက် မှု အရှိန်မြင့်တက်လာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ ရခိုင် ပြည်နယ် အရေးကိစ္စတို့ကို အဓိကထား ဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။

''အခုညီလာခံမှာ ရခိုင်ပြည်နယ်အရေးကိစ္စ ဆွေးနွေး ဖို့ရှိနေတော့ ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ဖို့ ပြည် တွင်းကရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ မျှော်လင့် နေကြတယ်။ ဒီနေရာမှာ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာပဲ တာဝန် ရှိသလိုလို မြင်နေကြတာလဲ။ အခု ဝေဖန်နေကြတဲ့အထဲမှာလဲ အများစုက ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဦးတည်ဝေ ဖန်နေကြတာ တွေ့ရတယ်။ ဒါကစဉ်းစားစရာပါ''ဟု  ဦးလှိုင်တင့်က သုံးသပ်ပြသည်။

ကုလသမဂ္ဂညီလာခံနှင့် ပတ်သက်ပြီး ယင်းက ဆက်လက်ပြောကြားချက်အရ ယခင်အချိန်များက အစ္စရေး၊ ပါ လက်စတိုင်း၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယားတို့အပေါ် အရေးယူပိတ်ဆို့မှုကိစ္စများ တောင်တရုတ်ပင်လယ်ကိစ္စ၊ ထိုင် ဝမ်အရေးကိစ္စ စသဖြင့် နိုင်ငံတကာ အရေးကိစ္စများအား စွပ်စွဲသူများရှိသကဲ့သို့ ဖြေရှင်းသည့်သူက ဖြေရှင်းခဲ့ကြကြောင်း၊ ဆိုရပါက  မဲခွဲ၍ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သူ့နည်း သူ့ဟန်များနှင့် ဆောင်ရွက်နေသူများရှိကြောင်း၊ သို့ရာတွင် နိုင်ငံတကာပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်ဆိုသည်မှာ အင် မတန်မှနည်းပါးကြောင်းနှင့် အင်အားကြီး နိုင်ငံများကသာ ခြယ်လှယ်နေကြခြင်းသာ ဖြစ်သည်ဟုဆိုသည်။

''ကုလသမဂ္ဂကိုယ်တိုင်ကိုယ်က သမာသမတ်ကျဖို့လိုတယ်။ လူ့အခွင့်အရေး ချိုးဖောက်ကြတာချင်းအတူတူ၊ အင်အားကြီးရင် UN ကဘာမှမလုပ်နိုင်ဘူး။ အင်အားမရှိတဲ့ နိုင်ငံဆို ဝိုင်းတွယ်တော့တာပဲ။ ဒါကြောင့် ညီလာခံကိုဒေါ်စု တက်ခြင်း မတက်ခြင်းသည် ဘာမှအရေးမကြီးဘူး''ဟု ၄င်း ကဆိုသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ဒေါ်အောင်ဆန်း စုကြည် မတက်ရောက်နိုင်ခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် သူမိန့်ခွန်းပြောကြားခဲ့သည့် အစီအစဉ်သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီအပါ အဝင် နိုင်ငံတကာသံတမန် ၉ဝ ကျော် တက်ရောက်ကြောင်း သိရသည်။

အဆိုပါမိန့်ခွန်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားထားကြောင်း သိရသည်။

''အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ အသုံးအ နှုန်းကို သုံးထားတယ်။ နိုင်ငံတော် အခြေပြမိန့်ခွန်းလို့လဲသုံး တယ်။ အဲဒီမှာ ကျွန်တော်တို့ ဝေဖန်တာတွေရှိတယ်။ ဖွဲ့စည်း ပုံ အခြေခံဥပဒေအရ ပြောရရင် သမ္မတကြီးတစ်ဦးတည်း သုံးသင့်တယ်။ အခု ပြောခဲ့တာသည် ကုလသမဂ္ဂညီလာခံကို မသွားနိုင်လို့ နိုင်ငံတော်မိသားစုကြားပါစေလို့ ဘယ်လောက်ပဲ ရည်ရွယ်ရည်ရွယ်၊ သူ့ရဲ့ရည်ရွယ်ချက်သည် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကဏ္ဍ ဖြစ်တဲ့အတွက် ရခိုင်အရေးသည် မြန်မာနိုင်ငံ တစ်ခုလုံး ပြိုလဲပျက်စီးသွားဖို့ကို ကနဦး ဖြစ်နေတဲ့ အနေအထားဖြစ်တယ်လို့ သူလည်းသုံးသပ်မှာပါ။ နိုင်ငံ့အချုပ်အခြာအာဏာ ၂ဝ၁၈ မတိုင်မီ ထိန်းမနိုင်သိမ်း မရဖြစ်ပြီးကာမှ လက်ရှိအစိုးရ ဆင်းပေးရမယ့်အခြေအနေ မရောက်ဘူးလို့လဲ ပြောမရဘူး။ အမျိုးသား ပြန်လည်ရင် ကြားစေ့ဖို့လိုတယ်ဆိုတဲ့ အသုံးအနှုန်းက နိုင်ငံတော်အတွက် နှစ်ပေါင်း ၇ဝ ကျော်ကြာဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီးကိုချုပ် ငြိမ်းဖို့အတွက် အလွန်အရေးကြီးပြီလို့ သူလဲပြောနိုင်သလို ကျွန်တော်တို့လဲ ပြောချင်ပါတယ်။ တပ်မတော်နဲ့အစိုးရ ရခိုင် အရေးနဲ့ပတ်သက်ရင် ထပ်တူကျဖို့ အရေးကြီးပါတယ်''ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ထောက် ပြသည်။

သို့ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် မိန့်ခွန်းစတင်ပြောကြားရာတွင် ယမန်နှစ်ကဲ့သို့ ကုလညီလာခံ မတက်နိုင်သည့်အတွက် ယခုကဲ့သို့ သံတမန်များအား တွေ့ဆုံရှင်းလင်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း ရှင်းပြပြောဆို ထားသည်။ ထို့နောက် ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာမှ အာရုံစိုက်ပြီး မည်မျှစေ့စေ့စပ်စပ် ဖိအားပေးမှုများ ပြုလုပ်ပါစေ ယင်းဖိအားပေးနေခြင်းများအား ကြောက်ရွံ့ နေမည်မဟုတ်ဟု အစိုးရ၏ ဖြေရှင်းဆောင်ရွက်မှုများနှင့် ပြင်ဆင်ထားမှုအပေါ် အခြေပြုသည့်  မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးစသည့် တာဝန်ကြီးသုံးရပ်ကို ထမ်းဆောင်နေ ရခြင်းဖြစ်ပြီး အဆိုပါ စိန်ခေါ်မှုများသည် တစ်ခုမှလွယ်လွယ် ကူကူ ရိုးရိုးရှင်းရှင်းမဟုတ်ကြောင်း၊ အများစုမှ ယင်းစိန်ခေါ်မှုများကို အချိန်တိုနိုင်သမျှ တိုတိုအတွင်း ဖြေရှင်းပေးရန် မျှော်လင့်ထားသော်လည်း ထိုသို့အချိန်တိုအတွင်း စိန်ခေါ် မှုတွေအားလုံး ကျော်လွှားရန်ဆိုခြင်းမှာ ၁၈ လသားသာ ရှိသေးသော အစိုးရတစ်ရပ်အနေနှင့် မလုပ်ပေးနိုင်သေး ကြောင်း ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က ''ဒီလို ပြောလိုက်တာဟာ ကျွန်မတို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ ကျွန်မတို့ဟာ ဒီစိန်ခေါ်မှုတွေကျော် လွှားဖို့ ဆက်လက် ကြိုးစားလုပ်ဆောင်နေပါတယ်''ဟု ပြော ဆိုသည်။

ရခိုင်ပြည်နယ်မှ ပြဿနာများကို ဖြေရှင်းရာ၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်၏ အစီရင်ခံစာကို လက်ခံဆောင် ရွက်သွားမည်ဖြစ်သလို ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် ဆောင်ရွက်ရာတွင်  နိုင်ငံတကာကပါ ပူးပေါင်းပါဝင်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သည်။ ရခိုင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ရေး၊ သယံဇာတဖြစ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့ ဖြစ်စေမည့် မည်သည့်အကြံပြုချက်မျိုးကိုမဆို အ ချိန်တိုအတွင်း ဖြစ်နိုင်သမျှ လုပ်ဆောင်သွားမည်ဟုလည်း ဆက်လက် ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကမူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ခွန်းကို မြန်မာနိုင်ငံ၏ ဒေသငြိမ်းချမ်း ရေးနှင့် ဖြစ်ပေါ်နေသော အခက်အခဲများအား နိုင်ငံတကာ မှနားလည်စေရန် အဓိကရည်ရွယ်ပြောဆိုသည့်အပေါ် ကြို ဆိုသော်လည်း ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ ကို အကောင်အထည်ဖော်မည့်အပေါ် စိုးရိမ်သည်ဟီုဠြ သတင်းဌာန၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ ရှေ့သို့တက်လှမ်းနိုင် မည်ဖြစ်ပြီး၊ အချင်းချင်းတိုက်ခိုက်နေမှုများ၊ စကားလုံး (သို့မ ဟုတ်)လက်နက်ဖြင့်ဖြစ်စေ၊ စိတ်ခံစားမှုများဖြင့်ပင် အစိုးရ ၏ ဖြေရှင်းဆောင်ရွက်မှုများအား အကူအညီမဖြစ်စေကြောင်း ဆိုသည်။

ပဋိပက္ခဟူသည် အမုန်းတရားနှင့် ကြောက်ရွံ့မှုကြောင့် ဖြစ်လာခြင်းဖြစ်သောကြောင့် ¤င်းနှစ်ချက်ကို ဖယ်ရှားနိုင် ပါက နိုင်ငံ၏ပဋိပက္ခများကို ဖယ်ရှားနိုင်လိမ့်မည်ဟု တည် ငြိမ်သော အတွေးအခေါ် ဆုံးဖြတ်ချက်ဖြင့် ဆက်လက်ဖြေ ရှင်းမည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းစကား အပေါ် အလေးထား၍ ညီညီညာညာ ဝိုင်းဝန်းဆောင်ရွက် နိုင်လျှင် ရခိုင်အရေးကို တစ်မျိုးတစ်ဖုံ ပြောင်းလဲစေနိုင်မည် ဖြစ်ပေသည်။                     

FACTS

* ဒုက္ခသည်များကို စိစစ်လက်ခံရာတွင် ၁၉၉၃ ခုနှစ်မှစတင်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူလက်ခံထားသည့် အခြေခံမူများနှင့်အညီ စိစစ်မှု လုပ်ငန်းစဉ်များအား လုပ်ဆောင်၍ ပြန်လည် စိစစ်လက်ခံမည်ဖြစ်သည်။
* ကမ္ဘာ့သတင်းမီဒီယာများပေါ်တွင် ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်ပတ်သက်၍ သတင်း မှားများ ပျံ့နှံ့မှုဖြစ်ပွားခဲ့သည်။ အကြမ်းဖက်သမားများသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် များကို အကွက်ကျကျ စီမံဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
* ကုလသမဂ္ဂအစည်းအဝေးအတွင်း ရခိုင်ပြည်နယ်ဖြစ်စဉ်များအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုရှိသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။ မြန်မာအစိုးရအနေဖြင့် အပြင်းအထန် ကန့်ကွက်ကြေညာခဲ့သည်။

IMPCAT

Aung Aung အမည်ဖြင့် ဖေ့စ်ဘွတ်သုံးစွဲသူ၏ မှတ်ချက်

UN, those who are able to pot money favorite organization. ကုလဆိုတာ ငွေများများထည့်နိုင်သူတွေရဲ့ အလိုလိုက်ရတဲ့ အဖွဲ့အစည်းပဲ။

Tain Yan Htoo အမည်ဖြင့် ဖေ့စ်ဘွတ်သုံးစွဲသူ၏ မှတ်ချက်

ဘယ်လိုပဲဆိုဆို အနောက်အုပ်စုတွေ ဖိအားပေးနေချိန် ကိုယ့်မြန်မာတိုင်းရင်းသားအချင်းချင်း သွေးစည်းပြကြစေချင်တယ်။

BaBa Myo အမည်ဖြင့် ဖေ့စ်ဘွတ်သုံးစွဲသူ၏ မှတ်ချက်

UN အတွင်းရေးမှူးချုပ် ကိုယ်တိုင်က မြန်မာအချုပ်အခြာအာဏာကို ခြိမ်းခြောက်စကားပြောနေမှတော့ UN ရဲ့ လက်ရှိအခြေအနေ ဘယ်လောက်ဆိုးရွားနေပြီလဲဆိုတာ ထင်ရှားနေပါတယ်။ အင်အားကြီးနိုင်ငံတွေနဲ့ ငွေကြေးတတ်နိုင်တဲ့ နိုင်ငံတွေက ခြယ်လှယ် အနိုင်ကျင့်ဖို့ အသုံးချခံနေရတဲ့ အဖွဲ့အစည်းဖြစ်နေပါပြီ။


ဦးကျော်လွင် (ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)

ဒေါ်စုမိန့်ခွန်းဆိုပြီး ဖေ့ဘွတ်ခ် မှာ တွေ့တယ်။ အဲဒီထဲမှာ ကျွန် တော့် စိတ်သဘောထားအရ ပြော ရရင် ဝေဖန်စရာ သိပ်မတွေ့ပါဘူး။ ပြောသွားတဲ့အထဲမှာ အကောင်း ဘက်ကိုပြောတာ များတယ်။ ရခိုင် ပြည်နယ် ငြိမ်းချမ်းရေးဘက်ကိုပြော တာတွေ တွေ့ရတယ်။ ဒါပေမဲ့ တကယ်လုပ်တဲ့အခါ ဖြစ်လား၊ မဖြစ် ဘူးလား ဆိုတာကိုတော့ ရခိုင်တွေ ဘက်က များသောအားဖြင့်တော့ သံသယတော့ ရှိတယ်။ နိုင်ငံတော် မှာ တာဝန်ရှိတဲ့သူ တော်တော်များ များကတော့ အကောင်းဘက်ကို ပြောကြတာတော့ အများကြီး ကြုံ ဖူးတယ်။ အပြောတစ်မျိုး၊ အလုပ် တစ်မျိုးရှိတတ်တော့ ဒေါ်စုပြောတဲ့ မိန့်ခွန်းကို ကောင်းတာ၊ ဆိုးတာ ပြောဖို့က စောနေသေးတယ်။


ဦးကျော်ကျော်ဝင်း (မောင်တောမဲဆန္ဒနယ်အမတ်)

ဒီနိုင်ငံရဲ့ဥပဒေကို လေးစာရ မယ်။ လက်ရှိမြေပြင်အနေအထား အရ အဲဒီဘက်ကပြောနေတဲ့ ပုံစံ က အစိုးရဘက်က လုပ်နေတာက လုပ်နေတာပဲ။ ဒါပေမဲ့ လက်ရှိမြေ ပြင် အနေအထားအရတော့ အခု ထက်ထိကို ပြည်သူတွေက စိုးရိမ်မှု တွေ ရှိနေသေးတယ်။ ဘင်္ဂါလီဘက် ကလည်း သူတို့ဝင်နေတာလည်းရှိ တယ်။ အချို့ တောင်ပြိုမှာဆိုရင် အခုထက်ထိ ပိတ်လှောင်နေတဲ့ လူ နှစ်ရာကျော်၊ သုံးရာလောက်ထိ ရှိ နေသေးတယ်။ ဒီကနေ့ကို ဖုန်းနဲ့ လှမ်းပြီး အကြောင်းကြားတယ်။ သူ တို့လည်း မနေရဲဘူး။ အာမခံချက် လည်း မရှိဘူး။ အပြင်ကိုလည်းထွက် လို့မရ၊ အလုပ်လုပ်ကိုင်စားသောက် ဖို့လည်း မရတဲ့အတွက် မြို့ပေါ်ကို လာချင်နေကြတယ်။


ဦးထွန်းထွန်းဝင်း(တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီ (အဖွဲ့ဝင်)

နှစ်ပေါင်း မြောက်များစွာက ဖြစ်တဲ့ ပြဿနာရဲ့ အခြေခံဇစ်မြစ် ကို ကျွန်တော်တို့ မသိဘူး။ လတ် တလောဖြစ်တဲ့ အနေအထား အခင်း အကျင်း အရဆိုရင် ဒေါ်အောင် ဆန်းစုကြည် ပြောတာကို လက်ခံ တယ်။ အတူတကွ ပူးပေါင်းဆောင် ရွက်မှုနဲ့ အားလုံးနေထိုင်လို့ရအောင် အများကြီး ဆောင်ရွက်ပေးတယ် ဆိုတာကို လူတိုင်း သိတယ်။ ဒါ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်ကို ထောက်ခံတယ်။ ရခိုင် ဒေသမှာ ဖြစ်ပျက်နေတာကို သံ တမန်တွေအနေနဲ့ လာမယ်ဆိုရင် လည်း ခွင့်ပြုတယ်။ ပူးပေါင်းမယ် ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါက ကျွန် တော်တို့ နိုင်ငံသား တစ်ယောက် အနေနဲ့ရော၊ ပါတီအနေနဲ့ပါ ပြော မယ်ဆိုရင် ထောက်ခံတယ်။

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191