Main menu
HOT NEWS
adv
မြန်မာတွေ  အကျပ်တည်းဆုံး  ရင်ဆိုင်နေရသည့် ဒေါ်နယ်ထရန့်၏  ယာယီခရီးသွားလာခွင့် ပိတ်ပင်မှု

မြန်မာတွေ အကျပ်တည်းဆုံး ရင်ဆိုင်နေရသည့် ဒေါ်နယ်ထရန့်၏ ယာယီခရီးသွားလာခွင့် ပိတ်ပင်မှု

မြန်မာနိုင်ငံမှနေ၍ အမေရိကန်ပြည်ထောင်စုတွင် သွားရောက်အခြေချနေထိုင်သူ အများအပြားရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် ရွှေ့ပြောင်းအခြေချနေထိုင်မှုနှင့်ပတ်သက်၍ ယခင်ကတော့ ကြီးမားသောပြဿနာဟူ၍ မရှိလှ။ သို့ ရာတွင် မကြာသေးမီက အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပြီး နောက်ပိုင်း သမ္မတသစ် ထရန့်အစိုးရက မူဆလင်နိုင်ငံခြောက်နိုင်ငံမှလူများ အမေရိကပြည်ထောင်စုအတွင်း ဝင်ရောက် ခြင်းကို ရပ်တန့်စေရန်ရည်ရွယ်၍ ခရီးသွားလာမှု ယာယီပိတ်ပင်သည့် ဥပဒေသစ် သတ်မှတ်ပြဋ္ဌာန်းမှုကြောင့် မြန်မာ နိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်အခြေချမည့်သူများအတွက် အခက်အခဲ တွေ့လာခဲ့ကြရသည်။ ထိုအ ကြောင်းနှင့်ပတ်သက်၍ု  ASSOCIATED PRESS   သတင်းဌာနတွင် ဆောင်းပါးရှင် Martha Mendoza နှင့် Meghan Hoyer တို့က Trump's planned reduction in refugees may hit Myanmar worst ခေါင်းစဉ်ဖြင့် ဝေဖန်သုံးသပ်ရေးသားထားရာ . . .

အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့် ရရှိရေးတွင် သွေးအမျိုးအစား  စမ်းသပ်စစ်ဆေးမှု၊ လူတွေ့မေးမြန်းမှု၊ ဒီအင်န်အေ၊ လက်ဗွေရာနှင့် ကိုယ်ရေးမှတ်တမ်း မှတ်ရာများ လိုအပ်ပါသည်။ ယခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အတွင်း ဝင်ရောက်ခွင့် ရရှိရေးအတွက် မြန်မာနိုင်ငံမှ မတင်တင် (အမည်အရင်းမဟုတ်)တို့ မိသားစုအတွက် ခက်ခဲကျပ်တည်းမှုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ဒေါ်နယ်ထရန့် သမ္မတဖြစ်လာ ပြီးနောက် မစ္စတာထရန့်က မူဆလင်နိုင်ငံ ခြောက်နိုင်ငံမှလူများ အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်ခြင်းကို ရပ်တန့်ရန် ရည်ရွယ်၍ ယာယီခရီးသွားလာခွင့် ပိတ်ပင်မှုဥပဒေကို သတ်မှတ် ခဲ့ပါသည်။ ခရီးသွားလာခွင့်ပိတ်ပင်မှုဥပဒေအရ ရွှေ့ပြောင်းအခြေချ မည့်သူများ နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းကို ရက်ပေါင်း ၁၂ဝကြာ ရပ်ဆိုင်းထားမည်ဖြစ်သည်။

ခရီးသွားလာခွင့်အမိန့်တွင် ရွှေ့ပြောင်းအခြေချသူ ၅၅ ရာခိုင် နှုန်း လျှော့ချမှုလည်း အပါအဝင်ဖြစ်ရာ ယခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ဝင်ရောက်ခွင့်ရရှိမည့်သူကို ယခင် ၁၁ဝ,ဝဝဝ မှ ၅ဝ,ဝဝဝ သို့ လျှော့ချသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ထရန့်၏ ခရီးသွားလာခွင့်ပိတ်ပင်သည့်အမိန့်အရ စက်တင်ဘာ လအထိ ရှေ့ပြောင်းအခြေချသူ ၆ဝ,ဝဝဝ မှာ အမေရိကန်ပြည် ထောင်စုတွင် အခြေချနိုင်မည့် အခွင့်အရေး ဆုံးရှုံးသွားမည်ဖြစ်သည်။ ထိုသို့ အခွင့်အရေး ဆုံးရှုံးမည့်သူများတွင် ထောင်နှင့်ချီသော မြန်မာ နိုင်ငံမှ မတင်တင်နှင့် သူ၏မိသားစုဝင်များကဲ့သို့သော လူများလည်း ပါဝင်နေပါသည်။ မတင်တင်တို့ကဲ့သို့သော လူများမှာ အမေရိကန် ပြည်ထောင်စုမှလွဲ၍ အခြားမည်သည့်နေရာတွင်မှ နေထိုင်ရန် စိတ် ကူးခြင်း မရှိသူများဖြစ်သည်။

''အမေရိကန်ပြည်ထောင်စုက ကျွန်မတို့နိုင်ငံကို သာသနာပြု အဖွဲ့တွေ စေလွှတ်ပြီး ကျွန်မတို့ကို ခရစ်ယာန်ဘာသာမှာ သက်ဝင် လာအောင် သင်ကြားပြသပေးတယ်လေ''ဟု မတင်တင်က ပြန်လည် ပြောပြခဲ့သည်။

ဒီမိုကရေစီ အခြေတည်စ မြန်မာနိုင်ငံတွင် သက်တမ်းရှည်ကြာ နေသော ပြည်တွင်းစစ်ကြီးမှာ ပြီးဆုံးခြင်းမရှိသေးသည်ကို တွေ့ကြ ရသည်။ စစ်ပွဲဖြစ်ပွားရာဒေသမှ ဒေသခံအများစုမှာ ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။ မတင်တင်နှင့် သူ၏ တစ်ရပ်တည်း သားတို့မှာ ချင်းပြည်နယ်မှဖြစ်ကြသည်။ မတင်တင်သည် မြန်မာဒုက္ခ သည် ၁ဝဝဝဝဝ ထဲမှ တစ်ဦးဖြစ်သည်။ မတင်တင်တို့သည် မလေး ရှားနိုင်ငံတွင် ပိုင်မှုဟူ၍ ခရီးဆောင်အိတ်မှလွဲ၍ ဆင်းဆင်းရဲရဲနေ နေရသူများ ဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်သူ မြန်မာလူမျိုး ၁၆ဝ,ဝဝဝ ခန့် ရှိခဲ့ပြီး အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ရာ အခြားသောနိုင်ငံများမှ ရွှေ့ပြောင်း အခြေချနေထိုင်သူများထက် ပိုမိုများပြားနေသည်ဟု ဆိုသည်။ ၂ဝဝ၇ ခုနှစ်ကတည်းကကြည့်လျှင် အမေရိကန်ပြည်ထောင်စုတွင် ဝင်ရောက် ခိုလှုံသူ အားလုံး၏ ၂၅ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။

ထရန့်၏ သမ္မတလုပ်ပိုင်ခွင့်အမိန့်က နိုင်ငံခြားသား အကြမ်း ဖက်ဝါဒီများ အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်ခြင်းမှ ကာကွယ်တားဆီးရန်ဖြစ်သည်။ ယခုနှစ်တွင် အမေရိကန်ပြည်ထောင် စုသို့ ဝင်ရောက်ခွင့် ကန့်သတ်ပိတ်ပင်မှုအရ ရွှေ့ပြောင်းအခြေချသူ ပေါင်း ၅ဝ,ဝဝဝ ကျော်သာ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ အမေ ရိကန်ပြည်ထောင်စုတွင် အစ္စလာမ္မစ်နိုင်ငံများမှ ဝင်ရောက်လာသူ တို့ကသာ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြခြင်း ရှိသော်လည်း မြန်မာနိုင်ငံမှ လာရောက်သူများထဲတွင် အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင်သူ တစ်ယောက်မျှမရှိချေ။

၂ဝ၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချခွင့်ရရှိသူ ၂၆ ရာခိုင်နှုန်းရှိရာမှ ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရှစ်ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။ ဆိုရလျှင် ကျန်ရှိနေသည့် ရွှေ့ပြောင်းအခြေ ချခွင့်ဗီဇာ၏ သုံးပုံတစ်ပုံကိုသာ မြန်မာတို့ ရရှိမည်ဖြစ်ရာ အရေ အတွက်အားဖြင့် ၄ဝဝဝ ကျော်ခန့် ရှိမည်ဖြစ်သည်။ ၂ဝ၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်၏ ပထမလငါးလအတွင်း အမေရိကန်ပြည်ထောင်စု၌ အခြေချခွင့်ရရှိသူ မြန်မာလူမျိုး ၃ဝဝဝ ခန့် ရှိသည်။

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခြင်းမရှိမီက အမေရိ ကန်ပြည်ထောင်စုတွင် ရွှေ့ပြောင်းခြေချသူများထဲတွင် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့မှ အခြေချသူပေါင်း ၂၁ဝ,ဝဝဝ အထိ ရှိခဲ့သော် လည်း ၉/၁၁ နောက်ပိုင်းတွင် ၃ဝ,ဝဝဝ ထက် လျော့နည်းခဲ့သည်။ စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ဆိုမာလီတို့ကို သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ် လက်ထက်တွင် စတင်၍ အမေရိကန်ပြည်ထောင်စုအ တွင်း ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်က ရွှေ့ပြောင်း ဒုက္ခသည် ၈၅,ဝဝဝ အထိ မြင့်တက်လာခဲ့ရာ ထိုရွှေ့ပြောင်းဒုက္ခ သည်များထဲတွင် မူဆလင် ၄၅ ရာခိုင်နှုန်းနှင့် ခရစ်ယာန် ရာခိုင်နှုန်း ၄ဝ ပါဝင်ခဲ့သည်။ ထရန့် သမ္မတဖြစ်လာပြီးချိန်တွင်မူ ရွှေ့ပြောင်း ဒုက္ခသည် ၇၇ဝဝ ကျော်ခန့်သာ နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုခဲ့သည်။

ယခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတွင် ဝင်ရောက်အခြေ ချခွင့်ရရှိရေးအတွက် မလေးရှားနိုင်ငံတွင် စောင့်ဆိုင်းနေသူ မြန်မာ ရွှေ့ပြောင်းဒုက္ခသည် ၁၃ဝ,ဝဝဝ ခန့်ရှိကြောင်း သိရသည်။ မလေး ရှားနိုင်ငံသည် ကုလသမဂ္ဂ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ သဘော တူညီချက်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိချေ။ ထို့ကြောင့် မလေး ရှားနိုင်ငံရှိ ရွှေ့ပြောင်းဒုက္ခသည်များမှာ တရားမဝင် နေထိုင်သူများ ဖြစ်သည်။ အဆိုပါ ရွှေ့ပြောင်းဒုက္ခသည်များထဲမှ အနည်းငယ်ကို သာ အလုပ်လုပ်ကိုင်ခွင့် ပေးသကဲ့သို့ ရွှေ့ပြောင်းဒုက္ခသည်တို့၏ ကလေးများမှာ အများပြည်သူဆိုင်ရာ ကျောင်းများတွင် တက်ရောက် ပညာသင်ကြားခွင့် မရှိချေ။ ရွှေ့ပြောင်းဒုက္ခသည်တို့မှာ အမေရိကန် ပြည်ထောင်စုသို့ ဝင်ရောက်ခွင့်ရရှိရေးအတွက် မလေးရှားနိုင်ငံတွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံရှိ အမေရိကန်သံရုံးမှ အခေါ်ကို စောင့်ဆိုင်း နေသော မတင်တင်၏ အငယ်ဆုံးသားလေးသည် စနေနေ့ အနီးကပ် သင်တန်းတစ်ခုသို့ တက်ရောက်နေသည်။ သင်တန်းဆရာက သင်ပုန်း ပေါ်တွင် စကားလုံးအချို့ကို ချရေးလိုက်ပြီး ထိုစကားလုံးတစ်လုံးစီ ၏နောက်တွင် စာသင်သားတို့စိတ်ကူးထဲတွင်ပေါ်လာသည့် အကြောင်း များကို ရေးသားစေခဲ့သည်။ အသက် ၁၁ နှစ်အရွယ်ရှိ ဘူရီရမ်ရရှိ သည့် စကားလုံးက သမ္မတဖြစ်သည်။ ဘူရီရမ် ဆက်ရေးစာကြောင်း က ''ဒေါ်နယ်ထရန့် အခြားသူတွေကို ကူညီပါ''ဟူ၍ဖြစ်သည်။

စာသင်ခန်းထဲရှိ ပန်ကာက လေတဟူးဟူး မှုတ်ထုတ်နေသည်။ အခန်းထဲရှိ စုတ်ပြဲနေသော လိုက်ကာကလေးထဲတွင် တဖျပ်ဖျပ် လူးလွန့်လျက် သင်တန်းဆရာက ဘူရီရမ်ရေးသားသောစာကြောင်း ကို ကြည့်၍ ခေါင်းတညိတ်ညိတ်ရှိနေပါသည်။         

Yangon Times Journal

 

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616