Main menu
HOT NEWS
adv
သင်္ကြန်ကာလမှာ သတိထားကြစရာတွေများ

သင်္ကြန်ကာလမှာ သတိထားကြစရာတွေများ

မြန်မာလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သော အတာသင်္ကြန်ကို မကြာခင် ရောက်ရှိတော့မည်ဖြစ်ရာ တချို့မှာ သင်္ကြန် တွင်း၌ မည်ကဲ့သို့ ပျော်ပါးမည်နည်း၊ အစီအစဉ်များ ရေးဆွဲနေကြပြီးဖြစ်သကဲ့သို့ တချို့မှာ မွေးရပ်မြေသို့ပြန်ရန် စီစဉ်ထားကြပြီး တချို့မှာ တရားစခန်းဝင်ရန်နှင့် လေ့လာရေးခရီး ထွက်ခွာကြရန် စသည့် အစီအစဉ်များ အသီးသီးရေးဆွဲလျက် ရှိသည်။ ထိုအစီအစဉ်များထဲမှ တချို့သော ကိစ္စရပ်များတွင် နိုင်ငံသူနိုင်ငံသားများ အခက်အခဲများ ကြုံတွေ့လေ့ရှိကြပြီး အန္တရာယ်လည်း ဖြစ်ပေါ်စေခဲ့ကြောင်း ပြီးခဲ့သည့် အတာသင်္ကြန်ကာလ အဆက်ဆက်က ကြားရ၊ မြင်ရ၊ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ယခုနှစ်ကျရောက်မည့် အတာသင်္ကြန်မှာလည်း ကြုံတွေ့နိုင်သော အခက်အခဲများကို တင်ပြရင်း အန္တရာယ်မကျရောက် အောင် သတိထားနိုင်ရေး တင်ပြလိုက်ပါသည်။

အဝေးပြေးလက်မှတ်ဒုက္ခ

''လက်မှတ်က ကုန်သွားပြီလို့ ပြောတာပဲ။ သွားမယ့်ရက်မှပဲ လာဝယ် တော့မယ်။ အဲဒီအခါကျရင် လက်မှတ်တွေ ရတတ်တယ်။ မနှစ်ကလဲ ဒီလိုပါပဲ''ဟု မကွေးတိုင်းဒေသကြီး စလင်းမြို့သို့ ပြန် ရန်အတွက် အောင်မင်္ဂလာ အဝေးပြေး ဝင်းအတွင်း လက်မှတ် လာရောက်စုံစမ်း သည့် အသက် ၃၅ နှစ်အရွယ် ကိုနိုင်ဝင်း က သူ၏ အခက်အခဲ ဖြစ်တည်ခဲ့ပုံကို ပြော ပြသည်။

ကိုနိုင်ဝင်းတို့ မိသားစုသည် နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် မွေးရပ် မြေဖြစ်သော စလင်းမြို့သို့ နှစ်စဉ် ပြန်နေ ကျဖြစ်သည်။ သင်္ကြန်ကာလရောက်တိုင်း တွေ့ကြုံနေရသည့် လက်မှတ်ပြဿနာ နှင့် အသားကျနေသည့် မိသားစုဟုလည်း ဆိုရမလို ဖြစ်နေသည်။

''လက်မှတ်မရမှာတော့ သိပ် မပူတော့ဘူး။ အရင်တုန်းကလဲ သင်္ကြန်ကာလ ရောက်ကာနီး ဘယ်လိုဝယ်ဝယ် ကုန်ပြီဆိုတာချည်းပဲ။ ဒါကြောင့် သိပ်စိတ် မပူတော့ဘူး။ အဲဒီကားထွက်ခါနီးဆို လက် မှတ်တွေက ထွက်လာတတ်တယ်''ဟု ¤င်း က သူ၏ အတွေ့အကြုံကို ပြောသည်။

ကိုနိုင်ဝင်း မိသားစုကဲ့သို့ပင် မဟာသင်္ကြန် ပွဲတော်ကာလအနီးတွင် ကားလက်မှတ်ပြဿနာနှင့် နှစ်စဉ် တွေ့ကြုံနေရသည့် ပြည်သူများစွာရှိသည်။ မှောင်ခိုလက်မှတ် ရောင်းချမှုများကို သက်ဆိုင်ရာမှ စည်းမျဉ်းစည်းကမ်းများ မည်သို့ပင် ချမှတ်စေကာမူ အချိန်အခါ ရောက်လျှင် ဖြင့် လက်မှတ်ဈေးနှုန်းသည် ပြတ်စမြဲ၊ တက်စမြဲပင် ဖြစ်ခြင်းအပေါ် သင်္ကြန်ကာ လ ခရီးသွားကြသည့်သူတိုင်း အသိပင် ဖြစ်ပါသည်။


မြို့တွင်း ယာဉ်စီးခနှုန်းထား

အဝေးပြေးလက်မှတ် ပြဿနာ ကို မြန်မာပြည်အနှံ့မှ ပြည်သူများရင်ဆိုင် ကြုံတွေ့နေကြရသော်လည်း ရန်ကုန်နေ လူထုမှာ မြို့တွင်း ပြေးဆွဲနေသော ဘတ်စ် ကား ပြဿနာကိုလည်း ရင်ဆိုင်ကြုံတွေ့ ရလေ့ရှိသည်။ ရန်ကုန်နေလူထု ကြုံတွေ့ ရသော မြို့တွင်း ဘတ်စ်ကားပြဿနာမှာ မြို့တွင်း ယာဉ်စီးခနှုန်းထားနှင့် ယာဉ်အ စီးရေ မလုံလောက်မှုကိစ္စဖြစ်သည်။ မထသ စီမံခန့်ခွဲစဉ်ကာလက သင်္ကြန်ပွဲတော် ကာ လအတွင်း မြို့တွင်းယာဉ်လိုင်းများ အချိန် မီ ပြေးဆွဲရေးနှင့် ယာဉ်စီးခနှုန်းထားများ ကို အထူးကြပ်မတ်ပြီး ဆောင်ရွက်ခဲ့ကြ သည်။

သို့သော် ယာဉ်လိုင်းအများစု ဆိုသလို အဆိုပါ ထုတ်ပြန်ခဲ့သည့် စည်းကမ်းများကို ချိုးဖောက်ခဲ့သည်မှာ ပြည်သူများ အသိပင် ဖြစ်သည်။ ကျပ် ၁ဝဝ၊ ကျပ်၂ဝဝ ခရီးစဉ်ကို ကျပ် ၅ဝဝ မှ ကျပ် ၁ဝဝဝ ခန့် အထိ ပေးဆောင်ခဲ့ကြရသည်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့၏ နှုတ် ဖျားမှ သတ်မှတ်ပေးသည့် ဈေးနှုန်းကိုသာ ပေးဆောင်ခဲ့ကြရသည်။ တိုင်ကြားနိုင် သည်ဟု တရားဝင် ထုတ်ပြန်ခဲ့သော်လည်း ခရီးသွား ပြည်သူများအနေဖြင့် တိုင်တန်း ခဲ့မှုမှာ ရာခိုင်နှုန်း နည်းပါးပြီး ထိုရာခိုင် နှုန်း နည်းပါးသည့် တိုင်ကြားမှုများကိုပင် အရေးယူ ဆောင်ရွက်မှု မရှိခဲ့ကြောင်း သိ ရသည်။

ယခုနှစ် သင်္ကြန်ပွဲတော်ကာလအတွင်း YBS ယာဉ်လိုင်းအသီးသီးမှ ယာဉ်အစီးရေ ရာခိုင်နှုန်း ၂ဝ ပြေးဆွဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ပြောဆိုထားသည်။ ထိုကဲ့သို့ ညွှန်ကြားချက်များအပြင် သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့် ယာဉ်လိုင်းများအ နေဖြင့် ယာဉ်စီးခ ပိုမိုမကောက်ခံရေး၊ ခရီးစဉ် လမ်းကြောင်းအတိုင်း ပြေးဆွဲနိုင်ရေး တို့အတွက်ကိုမူ သက်ဆိုင်ရာ အဖွဲ့အစည်း များအနေဖြင့် ထိရောက်စွာ ကိုင်တွယ် ထိန်းချုပ်ရန် လိုအပ်သည်။ ချမှတ်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများအား လိုက် နာမှု ရှိ/မရှိ ကို စုံစမ်းစစ်ဆေးမှုများ ပြု လုပ်မှသာလျှင် ပြည်သူများ တွေ့ကြုံရ သည့်အခက်ခဲကို သိရှိနိုင်မည် ဖြစ်သည်။


သင်္ကြန်နှင့် လုံခြုံရေး

၂ဝ၁၆ သင်္ကြန်ပွဲတော်၏ လုံ ခြုံရေးအခြေအနေသည် ကုန်းနှင့် ရေပါ မကျန် ရဲတပ်ဖွဲ့အင်အား လုံလောက်စွာ ချထားနိုင်သကဲ့သို့ သင်္ကြန်ကာလအတွင်း ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှု လုပ်ငန်းများ မှာလည်း ပြည်သူများအတွက် အားရကျေ နပ်စရာ ကောင်းခဲ့ကြောင်း သိရသည်။

ယခုကျရောက်တော့မည့် ၂ဝ၁၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလ၏ လုံခြုံရေး အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီး တင်အောင်ထွန်း ဦးဆောင်၍ အစီအမံများ ချမှတ် ဆောင်ရွက်နေကြောင်း သိရသည်။ သင်္ကြန်ပွဲတော်ကာလ လုံခြုံရေးနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အင်အား ၅ဝဝဝ ကျော်၊ မီးသတ်အင်အား ၁ဝဝဝ ကျော်၊ ယာဉ်ထိန်းအင်အား ၁ဝဝဝ ကျော်နှင့် အခြား ဌာနများ စုပေါင်းပြီး လုံခြုံရေး အခြေအ နေကို ဆောင်ရွက်သွားမည်ဟု သိရသည်။ လုံခြုံရေးအခြေအနေကို အထူးကြပ်မတ် ဆောင်ရွက်မှသာလျှင် ပြည်သူများအနေ ဖြင့် နှစ်သစ်ကူးပွဲတော်ကို အန္တရာယ်ကင်း ရှင်းစွာဖြင့် ပျော်ရွှင်စွာ ဆင်နွှဲဖြတ်သန်း နိုင်ကြမည်ဖြစ်ရာ ယခင်က သင်္ကြန်မဏ္ဍပ် ကို ဗုံးခွဲပျက်စီးခဲ့သော ဖြစ်ရပ်များ နောက် ထပ် မဖြစ်ပေါ်လာရေးကိုလည်း တားဆီး နိုင်မည်ဖြစ်သည်။

အရက်၊ ဘီယာပြဿနာ

သင်္ကြန်ကာလအတွင်း အရက်၊ ဘီယာ၊ မူးယစ်စိတ်ြ<ွကဆေးပြားနှင့် ကာမ စိတ်ြ<ွကဆေးပြား အန္တရာယ်ကိုလည်း တားဆီးနှိမ်နင်းရန်အတွက်လည်း ကျန်ရှိနေ သေးသည်။ ယမန်နှစ်က အရက်၊ ဘီယာ ရောင်းချမှုများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ သော်လည်း စစ်ဆေးဖမ်းဆီးမှု အခြေအ နေမှာ အားနည်းခဲ့ကြောင်း သိရသည်။

ပြည်လမ်းမပေါ်ရှိ မဏ္ဍပ်ကြီး များအနီးမှ လမ်းဘေး ဈေးဆိုင်ငယ်ပေါင်း များစွာတွင် အရက်၊ ဘီယာများကို အလွယ် တကူပင် ဝယ်ယူ၍ရရှိခဲ့သည်။ ထို့အပြင် တချို့ မဏ္ဍပ်ကြီးများပေါ်တွင် ဘီယာ၊ အ ရက်များကို အလွယ်တကူ သောက်သုံး ခွင့် ရစေရန်အတွက် ဘားကောင်တာများ ဖြင့် ဖွင့်လှစ်ခဲ့သည်များ ရှိခဲ့ကြောင်း သိ ရသည်။ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် ပြုထားသည့် စည်းမျဉ်း၊ စည်းကမ်းအချို့ တွင် ထိုအချက်များကို တားမြစ်ထားသော် လည်း လက်တွေ့အခြေအနေ၌ ကွာဟ ခဲ့ပြီး သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့များကလည်း စစ်ဆေး အရေးယူ နိုင်မှုများ အားနည်းခဲ့သည်။

ကျန်းမာရေးအသိ

တရားမဝင် အရက်၊ ဘီယာ ရောင်းချမှုကိုဖြင့် ပိတ်ပင်တားဆီး၍ရ သော်လည်း သောက်သုံးမှုကို တားမြစ် ပိတ်ပင်၍ မရနိုင်ပါ။ သို့သော် ကျန်းမာ ရေးရှုထောင့်မှ ကြည့်ရှုပါက အပူချိန်မြင့် မားလျက်ရှိသည့် သင်္ကြန်ပွဲတော်ကာလ များအတွင်း အလွန်အကျွံ သောက်သုံးမိပါက မလိုလားအပ်သည့် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။

ကျန်းမာရေး လိုက်စားမှု နည်းပါးခဲ့သူ တစ်ယောက်အနေဖြင့် အရက်၊ ဘီယာများကို အလွန်အကျွံ သောက်သုံး မိပါက ပြင်ပအပူရှိန်နှင့် ပေါင်းစပ်ပြီး ဦး နှောက် သွေးကြောပေါက်ခြင်း၊ ပြတ်ခြင်း စသည့်ရောဂါများ ဖြစ်ပေါ်စေကာ အဆိုး ဆုံးအနေဖြင့် အသက်အန္တရာယ် ပါ ဖြစ် ပေါ်စေနိုင်သည် ဟု ရောင်ခြည်သစ် အခ မဲ့ဆေးခန်းမှ ဒေါက်တာကျော်စွာဦးက ပြောသည်။

ဆေးနည်းပေါင်းစုံ အန္တရာယ်

အလားတူ ယနေ့ခေတ်တွင် ပြန့်ပွားလျက်ရှိသော ဆေးနည်းပေါင်းစုံတို့၏ အန္တရာယ်ကြောင့် မြန်မာအမျိုးသမီး လေးများ၏ ဘဝများ ပျက်စီးခဲ့ရသည့် သာဓကများ ရှိနေသည်။ ပျော်ရွှင်စရာ ကောင်းလှသည့် သင်္ကြန်အချိန်ကာလကို အခွင့်ကောင်းယူကာ မသမာသူတချို့မှ ခေတ်ပေါ် ဆေးနည်းပေါင်းစုံကို အသုံး ပြု၍ အမျိုးသမီးများ၏ ကာယိနြေ္ဒအား ရယူကာ နောက်ဆုံးဘဝကိုပါ ဖျက်ဆီး ဖြစ်ခဲ့ကြသည်။ ထိုအန္တရာယ် ကျော့ကွင်း ထဲသို့ ခေါ်ဆောင်ခြင်းခံရနိုင်သည့် အခြေ အနေများကို မြန်မာအမျိုးသမီးများ အ နေဖြင့် ရှောင်ကွင်းနိုင်ရန် လိုအပ်ပြီး သတိ ရှိရှိဖြင့် အတာသင်္ကြန်ကာလကို ဖြတ်သန်း ရန် လိုအပ်ပေသည်။ သို့မှသာ နှစ်သစ်ကူး ကာလ နေ့ရက်လေးများကို အန္တရာယ် ကင်းကင်းဖြင့် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နိုင်မည်ဖြစ်သည်။           

Flower News Journal

 

Rate this item
(1 Vote)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616