HOT NEWS
Main menu

ဖုန်ကြားရှင် ဘာလဲ ဘယ်လဲ

++++++++++++

ချစ်မင်းထွန်း

++++++++++++

 

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖုန်ကြားရှင် တစ်ကျော့ ပြန်ပေါ်လာခဲ့သည်။ ဖုန်ကြားရှင်၏ တစ်ကျော့ ပြန်ပေါ်လာခြင်းက တည်ငြိမ်အေးချမ်းခြင်းနှင့် မဟုတ်ဘဲ တိုက်ပွဲများဖန်တီး ခြင်းဖြင့် ပြန်ပေါ်လာခဲ့ခြင်း ဖြစ် သည်။ ဖုန်ကြားရှင် ပြန်မပေါ်လာခင်မှာဘဲ ဖုန်ကြားရှင် ပြန်ပေါ်လာမည့် အကြောင်းနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာတော့မည့် အခြေအနေများအကြောင်း အရိပ်အမြွက် ထွက်ခဲ့သည်။

Read more...

မြန်မာ့ဒီမိုကရေစီ ဘာကြောင့် ကျဆုံးခဲ့ရတာလဲ

နန်းညွန့်တေဇ

______________

ဒုတိယကမ္ဘာစစ်ကြီးပြီး၍ မြန်မာနိုင်ငံတွင် လူထုတိုက်ပွဲများဖြစ်ကာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ခဲ့သည်။ လွတ်လပ်ရေးရပြီး မကြာခင် မတ်လ ၂၈ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)များ တောခိုကြသည်။ သူတို့၏ ယုံကြည်ချက်မှာ တတိယကမ္ဘာစစ် ဖြစ်မည်။ ထိုအခါ တရုတ်တွေ မြန်မာပြည်ထဲဝင်မည်။ ထိုအခါ ကျုပ်တို့ အာဏာရမည်ဟု ယုံကြည် နေ သည်။

Read more...

မာနပြိုင်ခြင်းထက် ငြိမ်းချမ်းရေး ရယူနိုင်ရေး ပြိုင်စေချင်

အစိုးရ၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြားလည်းကောင်း၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြားလည်းကောင်း၊ ငြိမ်းချမ်းရေးရယူကာ နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တစ်နိုင်ငံအဖြစ် တည်ဆောက်နိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်နေကြသည်။  ငြိမ်းချမ်းရေးရယူနိုင်ရေး ကြိုးစား ဆောင်ရွက်နေသည့်အတောအတွင်း မည်သူ(ဝါ)မည်သည့်အစုအဖွဲ့က ငြိမ်းချမ်းရေး ရယူနိုင်သည် ဆိုသော ပြိုင်ဆိုင်မှုမျိုး ဖြစ်စေချင်ပြီး မည်သူမပါရ မည်သူက မည်သို့ လျှော့ပေးဆိုသည့် ပြိုင်ဆိုင်မှုမျိုး မဖြစ်စေလိုပါ။ ယနေ့မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇ဝ နီးပါး ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းစစ်ကြီး အဆုံးသတ် ၍ ပြည်တွင်းငြိမ်းချမ်း ရေးရရှိရန်အတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်း၊ လူထုစသည့် မတူညီသည့် အလွှာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံ ညှိနှိုင်း ဆွေး နွေးလျက်ရှိကြသည်။

Read more...

NCA လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဦးဆောင်ကျင်းပဖို့ ကိစ္စကိုတော့ အစိုးရဘက်က သဘောမတူပါဘူး

ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ထဲထဲဝင်ဝင်ပါဝင်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်နေသော ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD  တွဲဖက်အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်အား ဆက်သွယ်၍ ဖလားဝါးနယူးစ်ဂျာနယ်မှ ငြိမ်းချမ်းရေးဖြစ်စဉ်များကို တွေ့ဆုံမေးမြန်းထားပါသည်။

 

အခု UPDJC က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်ခင်ဗျာ။ ဘယ်ဒေသတွေမှာ အရင်ဆုံးကျင်းပသွားဖို့ရှိပါသလဲ ဘယ်လိုပုံစံမျိုးတွေနဲ့ ကျင်းပသွားမှာပါလဲ။

NCA လက်မှတ်ထိုးထားပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တည်ရှိရာဒေသများအနက် အဆင်သင့်ဖြစ်သည့်နေရာဒေသများတွင် ကျင်းပသွားရန်ဆိုတဲ့ UPDJC အစည်းအဝေး သဘောတူညီချက် ရှိတယ်။ ဒါပေမဲ့ UPDJC အတွင်းရေးမှူးကတစ်ဆင့် ဒုဥက္ကဋ္ဌသုံးဦးရဲ့ အတည်ပြုချက်ကိုတော့ ယူရပါမယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လူမျိုးအလိုက်၊ ဒေသအလိုက်နဲ့ အကြောင်းအရာအလိုက်ဆိုပြီး ပုံစံသုံးမျိုးနဲ့ ကျင်းပသွားဖို့ရှိပါတယ်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS