HOT NEWS
Main menu

ဖေ့စ်ဘွတ်ခ် စာမျက်နှာများကြောင့် ထင်ရှားလာသည့် စွန်ရဲအင်းသို့ တစ်လအတွင်း လာရောက်သူ အဆမတန် မြင့်တက်လာ

ကျောက်ဆည်၊ ဇူလိုင် ၅

ယခင်က အသင်းအ ဖွဲ့များ၊ ဓာတ်ပုံဝါသနာရှင်များ၊ ငှက်ကြည့်သူများ လောက်သာလာရောက်မှုရှိသည့် ကျောက်ဆည် မြို့နယ်ရှိ စွန်ရဲအင်းသည်  ဖေ့စ်ဘွတ်ခ်စာမျက်နှာများကြောင့် ထင်ရှားလာပြီး လာရောက်သူများ တစ်စထက်တစ်စမြင့်တက်လာရာ ယခုအခါ နံနက်မိုးလင်းချိန်မှ ညနေမိုးချုပ်သည်အထိ လာရောက်လည်ပတ်သူများဖြင့် စည်ကားနေ ကြောင်းသိရသည်။  စွန်ရဲအင်းမှာ ကျောက်ဆည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းမ ကြီးပေါ်ရှိ ဘဲလင်းကျေးရွာတောင်ဘက်လမ်းခွဲမှ အတွင်းသို့သုံးမိုင်ခန့်ဝင်ရောက်ရသည်။ ရှမ်းရိုးမတောင်ခြေနှင့် ကျောက်ဆည်မြို့နယ်အတွင်း တောင်များအကြား စွန်ရဲရွာအနီးတွင်တည်ရှိရာ တစ်နှစ်ပတ်လုံး ရေရှိသည့် အပြင်ပတ်လည်ရေပြင်အင်း၌ ကြာ တောကြီးများရှိပြီး ရေပျော်ငှက်များ၊ ဆောင်းခို ငှက်များလာရောက်ခိုနားသည့် အင်းဖြစ်သည်။

Read more...

ဒေသတွင်းငါးနိုင်ငံကို ဗီဇာတစ်ခုတည်းဖြင့် အလွယ်တကူ သွားလာနိုင်ရန် ခရီးသွားဝန်ကြီးများ ညှိနှိုင်းထားပြီဟု ဆို

ရန်ကုန် ဇွန်

မြန်မာနိုင်ငံအပါအ၀င် အာဆီယံဒေသတွင်းအဖွဲ့ဝင် ငါးနိုင်ငံကို ဗီဇာတစ်ခုတည်းဖြင့် လွတ်လပ်စွာသွားလာနိုင်ရေးအတွက် ငါးနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနမှ ခေါင်းဆောင်များညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရ သည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံတို့သို့ လည်ပတ်မည့် ခရီးသွားဧည့်များသည် တစ်နိုင်ငံတွင် ဗီဇာတစ်ခုပြု လုပ်ရုံဖြင့် ကျန်လေးနိုင်ငံကို ဗီဇာသွားရန် ဗီဇာ ထပ်မံပြုလုပ်ရန်မလိုဘဲ သွားလာလည်ပတ်နိုင်ရန် ညှိနှိုင်းထားခြင်းဖြစ်သည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS