HOT NEWS
Main menu
adv
ဒေသတွင်းငါးနိုင်ငံကို ဗီဇာတစ်ခုတည်းဖြင့် အလွယ်တကူ သွားလာနိုင်ရန် ခရီးသွားဝန်ကြီးများ ညှိနှိုင်းထားပြီဟု ဆို

ဒေသတွင်းငါးနိုင်ငံကို ဗီဇာတစ်ခုတည်းဖြင့် အလွယ်တကူ သွားလာနိုင်ရန် ခရီးသွားဝန်ကြီးများ ညှိနှိုင်းထားပြီဟု ဆို

ရန်ကုန် ဇွန်

မြန်မာနိုင်ငံအပါအ၀င် အာဆီယံဒေသတွင်းအဖွဲ့ဝင် ငါးနိုင်ငံကို ဗီဇာတစ်ခုတည်းဖြင့် လွတ်လပ်စွာသွားလာနိုင်ရေးအတွက် ငါးနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနမှ ခေါင်းဆောင်များညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရ သည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံတို့သို့ လည်ပတ်မည့် ခရီးသွားဧည့်များသည် တစ်နိုင်ငံတွင် ဗီဇာတစ်ခုပြု လုပ်ရုံဖြင့် ကျန်လေးနိုင်ငံကို ဗီဇာသွားရန် ဗီဇာ ထပ်မံပြုလုပ်ရန်မလိုဘဲ သွားလာလည်ပတ်နိုင်ရန် ညှိနှိုင်းထားခြင်းဖြစ်သည်။

 

ဘန်ကောက်မြို့တွင်ကျင်းပခဲ့သည့် အာဆီယံဒေသတွင်းအဖွဲ့ဝင် နိုင်ငံ ငါးနိုင်ငံ၏ ခရီးသွားဝန်ကြီးများတွေ့ဆုံသည့် CLMVT-2016 Forum တွင် အဆိုပါငါးနိုင်ငံမှ ခရီးသွားဝန်ကြီးများက ညှိနှိုင်းဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဗီဇာစနစ်ကို ကျင့်သုံး နိုင်ရေးအပြင် နယ်စပ်ဖြတ်ကျော် သွားလာရေးတွင် ချောမွေ့မှုရှိသော ယန္တရားတစ်ရပ်ဖြစ်ပေါ်လာစေရေး၊ ငါးနိုင်ငံသည် မိုးကာလတွင် ခရီးသွား အ၀င် နည်းလေ့ရှိသည့်အတွက် နိုင်ငံတကာခရီးသွားဧည့်များကို ဆွဲဆောင် နိုင်သည့်စိုက်ပျိုးရေးရာသီအဖြစ် ပုံ ဖော်ရေးနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနိုင်ငံကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဇွန် ၁၉ ရက်က ပြောသည်။

 

ယင်းနှင့်ပတ်သက်၍ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည် ထောင်စု ၀န်ကြီးဦးဆောင်၍ ဇွန် ၁၉ ရက်က အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် CLMVT -2016 Forum တက်ရောက်ခဲ့ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသည့်မီဒီယာများကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်က " ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း အကောင် အ ထည်ဖော် ဆောင်ရေးတွေကိုလည်း ဆွေးနွေးခဲ့တယ်။ ဒီဖိုရမ်အပြီးမှာ ငါးနိုင်ငံကုန်သွယ်ရေးနဲ့ ငွေကြေးရင်းနှီးမြှုပ် နှံမှုနဲ့ ခရီးသွားကဏ္ဍကိုပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ အတွက်ဆုံးဖြတ်ချက် ချခဲ့ကြတယ် " ဟု ပြော သည်။

 

ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် CLMVT -2016 Forum သည် ပထမအကြိမ်ကျင်းပခြင်းဖြစ်သည့်အတွက် ကနဦးအနေဖြင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းကြသည့်အဆင့်တွင်သာရှိသေး ကြောင်း အဆိုပါ ညှိနှိုင်းဆွေးနွေးချက်များ အမှန်တကယ်ဖော်ဆောင်နိုင်ရန်အတွက် အချိန်များစွာယူရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။ ယင်းနှင့်ပတ်သက် ၍ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း ဘဏ္ဍာရေးမှူး ဦးသက်ခိုင်က " ငါး နိုင်ငံကို ဗီဇာတစ်ခုတည်းရှိရုံနဲ့ သွားလို့ရတဲ့စနစ်ကို သုံးမယ်ဆိုရင် မြန်မာနိုင်ငံအတွက် အကျိုးအများကြီးရှိမှာပါ။ ဘာကြောင့်လဲဆိုတော့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေက ဧည့်သည်တော်တော်တိုး တက်လာတာဖြစ်တဲ့အတွက် ဗီဇာသီးသန့်ထပ်လုပ်စရာ မလိုတော့ဘူးဆိုရင် မြန်မာကိုလည်းရောက်လာ နိုင်မယ်။ ဒါဆို ဧည့်အ၀င်ကပိုများ လာ မယ်" ဟု ပြောသည်။

 

ထိုင်းနိုင်ငံရှိ Lonely Planet မဂ္ဂဇင်းမှပေးအပ်သည့် ၂၀၁၅ ခုနှစ် အတွက် အကောင်းဆုံးခရီးသွားဒေသဆုကို မြန်မာနိုင်ငံမှရ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖိုရမ်ကို ဇွန် ၁၆ နှင့် ၁၇ ရက်က ထိုင်းနိုင်ငံတွင်ပြုလုပ် ခဲ့ပြီး ၁၈ ရက်တွင် ထိုင်းနိုင်ငံ၏ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင်ထားသည့်ဒေသများသို့လေ့လာခဲ့ကြောင်း၊ ယင်းဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင် အပါအ၀င် တာဝန်ရှိသူများ နှင့် ခရီးသွားလုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြကြောင်းသိရသည်။

TTMT
‪#‎Democracytoday‬

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS