HOT NEWS
Main menu
adv

နိုင်တော့ နိုင်တယ် ရှုံးတယ်

ကိုကိုရေ . .

ဟိုသီချင်း နားထောင် ပြီးပြီလားလို့ ကျုပ်မိန်းမက မေးသဗျ။ မြန်မာစကားမှာ'ဟို'ဆိုတဲ့ ဝေါဟာရက အတော်တာသွားတယ် ဗျ။ နိမိတ်ပြစကား ဖြစ်ပေမယ့် ပြန်လှန် မေးခွန်းမေးစေလိုတဲ့ နိဒါန်းစကားဗျ။ အဲဒီတော့ စွာကျယ်မမေးတဲ့ ဟိုသီချင်း ဆိုတာကို ဘာသီချင်းလဲလို့ ပြန်မေးရ တာပေါ့။ အဲဒီတော့မှ ကျုပ်မိန်းမက ဟို သီချင်းလေကိုကိုရယ် စန္ဒီမြင့်လွင် ဆိုတာ လေ ဘာတဲ့ အဲဟုတ်ပြီဟုတ်ပြီ နှိုက်မှာ ပဲတဲ့။ မကြားဘူးပါဖူး မိန်းမရယ်၊ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ စွာကျယ်မက အဲဒီ သီချင်းကို ဆိုပြတယ်ဗျ။

Read more...

မြန်မာ့လွတ်လပ်ရေးသီချင်းကို ဘယ်သူရေးစပ်ခဲ့သလဲ

၁၉၄၃ ခုနှစ် သြဂုတ် ၁ ရက် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း နိပွန်နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးခဲ့သည်။ လွတ်လပ်ရေး ပွဲသဘင်ကို ရန်ကုန်မြို့ ကန်တော်ကြီး၌ ကုန်းပွဲရေပွဲများဖြင့် ခြိမ့်ခြိမ့်သဲသဲ ကျင်းပသည်။ ထိုစဉ်က ရန်ကုန်မြို့တွင်း၌ ဗုံးတွေကျ၍ တိုက်တာ အဆောက်အအုံများ ပျက်စီးကုန်သဖြင့် လူတွေမနေကြ။ ဗဟန်း ရေတာရှည်လမ်းသစ်၊ လမ်း ဟောင်း၊ လင့်ခ်လမ်း၊ မြေနီကုန်း တစ်ဝိုက် တွင် စည်ကားနေသည်။

Read more...

၂ဝ၁၇ ကို ယဉ်ကျေးပျူငှာမှုတွေနဲ့ ကြိုဆိုပေးပါ . . . ပုဂံ

လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း''ဟု ဆိုရိုးစကား ရှိခဲ့သည့်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များတည်ရှိကာ မြန်မာနိုင်ငံ ၏အထင်ကရ ကျက်သရေဆောင်နယ်မြေဖြစ်သော ပုဂံ-ညောင်ဦး ဒေသသို့ အလည်တစ်ခေါက် သွားရောက်ဖြစ်ခဲ့ပါသည်။

Read more...

ရခိုင်ဒေသတွင်း ပဋိပက္ခ ဘယ်လို ဖြေရှင်းကြမလဲ

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုအပါအဝင် ပဋိပက္ခများမှာ ယခုမှ ဝုန်းခနဲဖြစ်သွားသော်လည်း အမှန်မှာ နာတာရှည် စွဲကပ်နေသော ကင်ဆာရောဂါကဲ့သို့ ဖြစ်နေသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းက မှတ်ချက်ပြုသည်။ နိုင်ငံသားအရေးကိစ္စ၊ လူ့အခွင့်အရေးကိစ္စ၊ ခိုးဝင်လာသော သူများကိစ္စ စသဖြင့် ရှုပ်ထွေးနေသော ရခိုင်အရေးမှာ ယခင်အစိုးရ အစဉ်အဆက်တွင်  အမှန်တကယ် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အဖြေမရှာဘဲ ငြင်းပယ်မှု၏ အကျိုးဆက်ကြောင့် ယခုလိုဆိုးရွားလာသည့် အဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ညီမျှခြင်းမြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောသည်။

Read more...

ထမင်းစား ရေသောက် သံပေါက်ထဲက သပွတ်အူ

- တစ် -


ဘာသာမျိုးခြား စာ-စကား သင်ကြားသင့်သည်မှတ်...တဲ့။ သံပေါက်တော့ သံပေါက်ကဗျာကလေးပဲပေါ့။ အနို့သော် စာပေဗဟုသုတ အဖတ်အရှု အမှတ်အသား အလွန့်အလွန် များပြားလှတာကြောင့် အဘယ်သူရေး ဖွဲ့သီကုံးတော်မူခဲ့သည့် သံပေါက် ကဗျာကလေးလည်းဆိုသည်ကိုဖြင့် ဂျက်ကွမ်းခြံကုန်းက ဘယ့်နှာမှ မမှတ်မိတော့ပါလေ။ ဘာသာမျိုးခြားဟုဆိုကတည်းက အနှီသည် မိမိတို့၏ မားသားတန်း(Mother Tongue)ခေါ် မာမီ့လျှာခေါ် မိခင်ဘာသာစကား မဟုတ်သည်မှာကား သေချာပြီးဖြစ်ပါ၏။ တစ်နည်းအားဖြင့်ဆိုရတုံ သော် ဖောရင်းလန်းဂွိတ်(Foreign Language) ခေါ် သူတစ်ပါးတို့ ၏ ဘာသာပင်ဖြစ်ချေလေသတည်း။

Read more...
adv

adv

FacebookG+TwitterRSS