Main menu
HOT NEWS
adv

သတိပေး ကြေညာခြင်း

ဆောင်းဝင်းလတ်

ကျွန်တော်တို့ ဘိုးဘွားမိဘများဇာတိ ကွမ်းခြံကုန်းမြို့ကလေးရဲ့ ဝန်း ကျင်တစ်ခွင်မှာတော့ မကြာခင်မိုးဦးကျတော့မှာပါ။ လယ်ကွင်းထဲကို လယ် သမား မိသားစုတချို့ လယ်ယာအလုပ်နဲ့ လုပ်ကိုင်အသက်မွေးသူတချို့ ဆင်းကြရပြန် ပါပြီ။ ထယ်ထိုးကြပြီ။ ထွန်ယက်ကြပြီ။ စက် နဲ့ခုတ်ကြပြီ။ လယ်ကွက်ထဲက မြေသားမြေ စိုင်တွေ ကြေမွပြီး မြေသြဇာဓာတ်တွေပြည့် ဝဖို့ လုပ်ကိုင်ကြရတာပါ။ ပင်ပန်းကြပါတယ်။

Read more...

ပထမ ရက် ၁ဝဝ အတွင်း ပြည်သူ့အတွက် ဘယ်လို ဥပဒေတွေ တင်သွင်းမလဲ


စိုးရသစ်အနေဖြင့် ၎င်း၏တာဝန်များကို အစိုးရ ဟောင်းထံမှ တာဝန်လွှဲပြောင်းရယူခဲ့သည်မှာ ယခုရက်ပိုင်းအတွင်း နှစ်လတင်းတင်းကျော်ခဲ့ပြီဖြစ်သလို အချို့အချို့သောလုပ်ငန်းအတော်များများကိုလည်း အ စပြုအကောင် အထည်ဖော်နိုင်ခဲ့ပြီလည်းဖြစ်ပါသည်။ သို့သော်လည်းအစိုးရသစ်၏ သက်တမ်းနှစ်လတာအတွင်းပထမရက် ၁ဝဝ အစပြုခဲ့သည်မှစပြီး ယခုကာလအတွင်း ခက်မလုံးစုံကောင်းမွန်ပြီး စင်းလုံးချော  ချော မွေ့နေသည်ဟုလည်းမဆိုသာချေ။ အကြောင်းမှာ အချို့သောကိစ္စအတော်များများမှာမူ ယခင်အစိုးရဟောင်းအဆက်ဆက်တွင် အထိုင်ကျနေပြီးဖြစ်သည့်အတွက် စနစ်သစ်လမ်းသစ်တစ်ခုကို ယခုမှပင် ထွင်လျှောက်နေ ကြရသည့်သဘောဖြစ်နေပြီး အစပိုင်းသည် လုပ်ငန်း တိုင်း၏ အခက်ခဲဆုံးသောအပိုင်း (The begining is the most difficult part of the work) ဟူသော စကားပုံနှင့်အညီ အစပိုင်းဖြစ်နေ၍လည်းဖြစ်ပါသည်။

Read more...

ကုစားစာမေးပွဲနှင့် ပုဂ္ဂလိကပညာရေးကျောင်းများ

ပုဂ္ဂိလိကစာသင်ကျောင်းများ (တစ်နည်း) ပုဂ္ဂလိကပိုင် အထက်တန်းကျောင်းများ ပေါ်ထွက်လာပြီးနောက် နိုင်ငံတော်ရဲ့ အခြေခံပညာအထက်တန်းအဆင့်များ အားမလို၊ အားမရဖြစ်နေတဲ့ ကျောင်းသားမိဘများ အလိုကျ ကျောင်းသားများ ပညာသင်ယူလာ နိုင်ကြတယ်ဆိုရင် တစ်ဝက်ပဲ မှန်တယ်။

ပုဂ္ဂလိကပိုင် အထက်တန်းကျောင်းများရဲ့ ဆရာ၊ ဆရာမရှားပါးမှုပြဿနာများ ကြုံ ဆုံလာရတယ်။ ပြောရရင် အစိုးရအထက်တန်း ကျောင်းများမှာ ထင်တိုင်းမပေါက်တဲ့ ကျောင်း သားများ ပုဂ္ဂလိကကျောင်းရောက်လာတယ်။ ဘယ်အတန်းကို အောင်မြင်ချင်လဲ၊ ငွေပေးလို့ကတော့ စာတစ်ကြောင်းဖြောင့်အောင် စာစီစာကုံးတစ်ပုဒ်ပြီးအောင် မရေးတတ်လည်း ကိုးတန်းအောင်လက်မှတ် ထုတ်ပေးလိုက်တာပဲ။

Read more...

ဆ ဆရာ ဆရာမ ကျူရှင်ပြ

ပူပူနွေးနွေး ဘော်ဒါဆောင်ဖွင့်ထားတဲ့ မဲလုံး သူငယ်ချင်းက ပြောသည်။ ''ဟိုဘက်ဘော်ဒါက အောင်စာရင်းမထွက်သေးဘဲနဲ့ 'မင်းတို့ ကိုးတန်း  အောင်တယ်။ ကျူရှင်လာတက်ကြ'ဆိုပြီး ကလေးတွေကို စည်းရုံးနေ တယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ''တဲ့။ ''အဲဒီလို အောင်မှန်းမအောင်မှန်း ဘယ်လိုလုပ်သိ လဲ''ဟု ကျွန်တော်ကမေးတော့ ''သူတို့ဆီမှာ ကျောင်း (အစိုးရ)က တာဝန်ရှိတဲ့ ဆရာတွေပါတယ်လေ''ဟု သူ ငယ်ချင်း က ပြန်ဖြေသည်။ ''အဲဒါ ကိုးတန်းအတန်းပိုင်(အစိုးရကျောင်း)က ပြော တော့ အဲဒီကလေးတွေ မအောင်ဘူးတဲ့။ အဲဒီတာဝန်ရှိတဲ့ ဆရာက ကလေးတွေကို ဆွဲတင်ပစ်လိုက်တာတဲ့''ဟု သူ ငယ်ချင်းက ဆက်ပြော သည်။

Read more...

အဆင့်မြင့်ပညာ တက်ရောက်သင်ယူကြမည့်သူများ သတိထား

အဆင့်မြင့်ပညာရေးအတွက် ကျောင်းမအပ်ခင် မေးလေ့ရှိတဲ့ မေးခွန်းတွေကတော့ (က) သင်တန်းကြေး၊ (ခ) သင်တန်းချိန်၊ (ဂ) ပို့ချသော သင်တန်း ဆရာ၊ ဆရာမများအမည် (ဃ) အလုပ်အကိုင်အခွင့်အလမ်းရှိ၊ မရှိ တို့ကို အများဆုံးမေးမြန်းတတ်ကြပါတယ်။ ထို့အပြင်ကျောင်းကို လာရောက်လေ့လာကြည့်ရှုတတ်ကြသလို ဝက်ဘ်ဆိုက်နဲ့ဖေ့စ်ဘွတ်ခ်၊ အီးမေးလ်တို့မှတစ်ဆင့် လည်းကောင်း။ တက်ရောက်ဖူးတဲ့ ကျောင်း သားဟောင်းများနဲ့၊ ယုံကြည်လေးစားရတဲ့ ဆရာ၊ ဆရာမများမှတစ်ဆင့်လည်း မေးမြန်းစုံစမ်းအပ်နှံတတ်ကြပါတယ်။ အဲဒီ နေရာမှာ မိဘတွေဟာ ဆုံးဖြတ်ပေးတဲ့နေရာကနေ အရေးပါတဲ့သူတွေ ဖြစ်နေ တတ်ကြပါ တယ်။ မြန် မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကကျောင်းများအနေနဲ့ တက်ရောက်ပြီးစီးကြောင်း အောင်လက်မှတ်နဲ့အသိအ မှတ်ပြုတဲ့ လက်မှတ်လောက်သာထုတ်ပေးနိုင်ပါသေး တယ်။ ဒီပလိုမာ၊ ဒီဂရီများကိုထုတ်ပေးနိုင်ခြင်း မရှိသေးပါ။ အစိုးရတက္ကသိုလ်များတွင်သာ ဒီပလိုမာ၊ ဘွဲ့ ဒီဂရီများ အပ်နှင်းနိုင်ခွင့်ရှိပါတယ်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191