Main menu
HOT NEWS
adv

ဖုန်ကြားရှင် ဘာလဲ ဘယ်လဲ

++++++++++++

ချစ်မင်းထွန်း

++++++++++++

 

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖုန်ကြားရှင် တစ်ကျော့ ပြန်ပေါ်လာခဲ့သည်။ ဖုန်ကြားရှင်၏ တစ်ကျော့ ပြန်ပေါ်လာခြင်းက တည်ငြိမ်အေးချမ်းခြင်းနှင့် မဟုတ်ဘဲ တိုက်ပွဲများဖန်တီး ခြင်းဖြင့် ပြန်ပေါ်လာခဲ့ခြင်း ဖြစ် သည်။ ဖုန်ကြားရှင် ပြန်မပေါ်လာခင်မှာဘဲ ဖုန်ကြားရှင် ပြန်ပေါ်လာမည့် အကြောင်းနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာတော့မည့် အခြေအနေများအကြောင်း အရိပ်အမြွက် ထွက်ခဲ့သည်။

Read more...

ကယ်တင်ရှင် မျှော်လင့်နေတဲ့ တရုတ်သို့ ရောင်းစားခံရသူများ

++++++++++++

မင်းဗညား

++++++++++++

 

သံတံခါးကြီးက မောင်းဂျက်ထိုးထားသည့် တံခါးအမြင့်ကြီးဖြစ်သည်။  ဒီတံခါးကြီးကိုဖွင့်ဖို့ သားအမိနှစ်ယောက် ရှိသမျှအားအကုန်သုံးပြီး ကြိုးစားနေသည်။ အချိန်ကား နံနက် ၄ နာရီခွဲခန့် ဖြစ်သည်။ ပတ်ဝန်း ကျင် တစ်ခုလုံး တိတ်ဆိတ်လျက်ရှိနေသည်။ ယခုလိုအချိန်မျိုးမပြောနှင့် သာမန်အချိန်များပင် ထိုတံခါးကြီး ဖွင့်လိုက်တိုင်း 'ဂျိမ်း'ဟု ကျယ်လောင်စွာ မြည်တတ်သည်။ ထိုအသံကြောင့် အိမ်ပေါ်ရှိ အိပ်စက်နေသူများ နိုး သွားမည်ကို စိုးရိမ်စွာဖြင့်ပင် သားအမိနှစ်ဦး စိတ်လှုပ်ရှားမှုများစွာနှင့် ဘုရားတလျက် ကြိုးစားဖွင့်နေကြသည်။ 'ဂျိမ်း'ဟု တံခါးမောင်း ဂျက်ပွင့်သွားချိန်၌ပင် အိမ်ရှေ့မှ ထော်လာဂျီတစ်စီး အသံဆူညံစွာ မောင်းနှင်လိုက် ချိန်နှင့် ကြုံခဲ့သည့်အတွက် တံခါးဖွင့်သံနှင့် ထော်လာဂျီအသံ ရောနှောသွားပြီး ဘေးအန္တရာယ်များမှ လွတ်မြောက်ခဲ့ပုံကို အသက် ၄ဝ ခန့်ရှိ မဝါဝါ(အမည်လွှဲ)က ပြန်ပြောင်းပြောပြသည်။

Read more...

ဒုက္ခတရားက လွတ်မြောက်ဖို့ ဘုရားပေးတဲ့ လက်ဆောင်

ကျွန်တော်တို့ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ စစ်အာဏာရှင်လက်အောက်၌ ဒုက္ခပေါင်း အမြောက်အမြား ကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနဲ့ အနိမ့်ကျဆုံး တိုင်းပြည်တစ်ခု လည်း ဖြစ်ခဲ့ရပါတယ်။ ဒီဒဏ်ကို ပြည်သူတွေ လည်စင်းပြီး ခံစားခဲ့ရပါတယ်။ ပြည်တွင်းမှာဖြစ်နေတဲ့ စစ်ဒဏ်ကိုလဲ ခံစားခဲ့ရပါတယ်။ ဒီဒုက္ခတွေထဲက လွတ်မြောက်အောင် အရာအားလုံးကို စွန့်လွှတ်ပြီး ကြိုးစားဖို့အတွက် ကံကြမ္မာက လက် ဆောင်အဖြစ် လူထုခေါင်းဆောင်တစ်ဦး ပေးလိုက်ပါတယ်။

Read more...

ကားသမားတွေရဲ့ စိတ်ဓာတ်တွေကို ဘယ်လို ပြုပြင်ကြမလဲ

-----------------------------

ဦးကျော်စိန်(ပညာရေး-ငြိမ်း)

-----------------------------


တစ်နေ့မှာ မိမိနေထိုင်ရာ တာမွေ၊ မေတ္တာညွန့်ကနေ မြို့ထဲ ၃၉ လမ်းကို တက္ကစီငှားပြီး သွားပါတယ်။ ကားသမားက လမ်းထဲဝင်ရမလားလို့မေးတော့ ဗိုလ်ချုပ်လမ်းထိပ် ရပ်ပေးရင်ရပါပြီလို့ဆို လိုက်ပါတယ်။ သွားမည့်နေရာက လမ်းအလယ်လောက်ထိဖြစ်ပေမယ့် လမ်းထဲဝင်လိုက်ရင် မြို့ထဲပြန်ဝင်ရတဲ့ လမ်းကြောင်းထဲရောက်သွားကာ ကားသမား အခက်တွေ့သွားမှာ စိုးတာကြောင့် လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်ရတာဖြစ် ပါတယ်။ တက္ကစီမောင်းသူကို ယာဉ်ကြောပိတ်တာနဲ့ ကြုံရမယ့် ဒုက္ခကိုစိုးရိမ်လို့ဖြစ်ပါတယ်။ အငှားတက္ကစီတွေဟာ ဒီဒဏ်ကို အများဆုံးခံရတာကြောင့် ယာဉ်ကြောပိတ်တဲ့ကိစ္စ စကားစမြည် ပြောမိရာမှာ ကားကျပ်ရတဲ့ အကြောင်းနဲ့ဆက်စပ်ပြီး ကားဆရာက သူ့အမြင်ကိုပြောပြပါတယ်။

Read more...

လွတ်လပ်ရေးနှင့် နိုင်ငံတော် အာဏာ

-------------

သုဝေ

-------------

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကာလတုန်းက ဆိုရှယ်လစ်ကွန်မြူနစ်တွေ ပေါင်းစည်းညီညွတ်ပြီး ရင်ကို မြေကတုတ်လုပ် ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့လွတ်လပ်ရေးလည်း ရတော့မယ်ဆိုရော ခွက်ခွက်လန် ကွဲတော့ တာပါပဲ။ အဲဒါအာဏာပေါ့။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ခေါင်းဆောင်များနဲ့ သူတို့မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ  မြန်မာ့လွတ်လပ်ရေး အပြီးသတ်အပိုင်းနဲ့ လွတ်လပ်ရေး တစ်ခေတ်ဖြင့် မြန်မာ့ သမိုင်းကို ဖန်တီးသွားခဲ့သူများဖြစ်တယ်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616