HOT NEWS
Main menu
adv

ပြည်သူကို မျက်နှာမူရန် လိုအပ်နေသေးသော ဆေးရုံ ၊ ဆေးခန်းများ၏ ဝန်ဆောင်မှု

ယနေ့ခေတ်တွင် ရောဂါပြင်းထန်သော  ဖျားနာခြင်းမျိုးကိုမဆိုထားနှင့် သာမန်အဖျားရှိ၍ ပုဂ္ဂလိကဆေးခန်းသို့ သွားရောက်ပြသလျှင်ပင် ကျပ်တစ်သောင်းကျော် ကုန်ကျစရိတ်ရှိနေသည်။ ရောဂါတစ်ခုခုကြောင့် ပြင် ပဆေးရုံ၊ ဆေးခန်းတွင် တက်ရောက်ကုသမှုအတွက် အနည်းဆုံး ကျပ်နှစ်သိန်းကျော်မှ သိန်း ၂ဝ ကျော်အထိ ကုန်ကျနိုင်မည်ဖြစ်သည်။ ထိုပမာဏမှာ အကြီးစားခွဲ စိတ်ကုသရသည့် ရောဂါများ မပါဝင်သေးပေ။ ရန် ကုန်မြို့ရှိ နာမည်ကြီးဆေးရုံတစ်ခုတွင်ဆိုလျှင် လူလေးဦးစုနေရသည့် အခန်းခတစ်ဦးလျှင် ကျပ် ၃၅ဝဝဝ၊ တစ်ယောက်ခန်း အနိမ့်ဆုံး ကျပ် ၁ဝဝဝဝဝ ကျော်ရှိကာ အခြားအထူးကုဆေးရုံ၏ အမြင့်ဆုံး အခန်းဈေးနှုန်း ခ ဖြစ်နေသည်။

Read more...

အွန်လိုင်းပေါ်တွင် ရောင်းကြ ဝယ်ကြသောအခါ...

ယနေ့ခေတ်တွင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် Social Media သည် နောက်ကျ ကျန်ရစ်မနေပါ။ မြန်မာနိုင်ငံတွင်လည်း နည်းပညာတိုးတက်လာသည်နှင့် တစ်ပြိုင်နက် Social Media တစ်ခုဖြစ်သည့် Facebook ကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာသည်ကို တွေ့ရသည်။ Facebook is the Internet ဟုဆိုလျှင်ပင် မမှားနိုင်။

Read more...

လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်မှ နုတ်ထွက်ခြင်းက အာရှနိုင်ငံများအတွက် ထိုးနှက်ချက်ဖြစ်နေမလား

မကြာသေးမီကထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ အမေရိကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဒေါ်နယ်ထရန့်က သူ့ရဲ့ ပထမဆုံးသမ္မတ နေ့မှာ TPP လို့ခေါ်တဲ့ ပစိဖိတ်ဖြတ်ကျော် မိတ်ဖက် ကုန်သွယ်ရေး သဘောတူညီ ချက်ကနေ နုတ်ထွက်မယ်လို့ ပြောခဲ့ပါတယ်။

Read more...

ဘတ်ဂျက်

အောင်ချိန်ဘွား

++++++++++++

လက်ရှိ အစိုးရသက်တမ်း၏ ပထမနှစ်ဖြစ်သော ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံမှုနှင့် ပတ်သက်သော ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်က ကျင်းပခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခုဘဏ္ဍာရေးနှစ် ၂ဝ၁၆-၂ဝ၁၇ အတွက် ဘတ်ဂျက်ရသုံးမှန်းခြေ ငွေစာရင်းကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ယခင်အစိုးရလက်ထက် ပထမအကြိမ် ပြည်သူ့လွှတ်တော် နောက် ဆုံးအစည်းအဝေးတွင် ရေးဆွဲ၍ ဥပဒေဖြင့် အတည်ပြုခဲ့သည်။ ထို့နောက် အစိုးရသစ်လက်ထက်တွင် ပြန်လည်ပြင်ဆင်သည့် အရအသုံးဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သို့ တင် ပြ၍ အတည်ပြုချက် ရယူခဲ့သည်။

Read more...

လူငယ်တွေ ချစ်၊ ကြိုက်၊ ညား၊ ကွဲ ဇာတ်လမ်းတွေ တကယ်ဖြစ်နေပြီလား

ဒေါက်တာ ထူးပြည့်စုံသျှင်

________________________

လက် ရှိနှုန်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ၂ဝ၃ဝ ပြည့်နှစ် ရောက်တဲ့အခါ ကလေးဘဝကတည်းက အိမ်ထောင်ချပေးခံရတဲ့ မိန်းကလေး အရေအတွက်ဟာ သန်း ၁ဝဝဝ ကို ရောက်သွားလိမ့်မယ်လို့ ကုလ သမဂ္ဂကဆိုတယ်။ အသက်မပြည့်ခင် ငယ်ငယ်ကတည်းက အိမ်ထောင်ချထားခံရတဲ့ မိန်းကလေးတို့ဟာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဖွံ့ဖြိုးဖို့ အခွင့်အလမ်းပါ ပျောက်ဆုံးသွားရကြောင်း ကုလသမဂ္ဂကဆိုတယ်။ စောစော စီးစီး အိမ်ထောင်ကျခြင်းကြောင့် ပညာရေးရပ်တန့်သွားရသလို အိမ်တွင်းအကြမ်းဖက်မှု၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အန္တရာယ်တွေပါ ရနိုင်သလို ခန္ဓာကိုယ်အဆင်သင့်မဖြစ်သေးခင် စောစောစီးစီး ကိုယ်ဝန်ဆောင် ရလို့ မီးဖွားခြင်းဆိုင်ရာ အခက်အခဲတွေ၊ အသက်ဆုံးရှုံး ရတဲ့အထိ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။

Read more...
adv

adv

FacebookG+TwitterRSS