Main menu
HOT NEWS
adv

ဦးသန့်အရေးအခင်းနဲ့ ကျွန်တော်တို့တစ်သိုက် (၃)

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

၃) မောင်မောင်တိတ်(ကွယ်လွန်)သည် တက်ြ<ွကသော စိတ် ပညာအဓိက နောက်ဆုံးနှစ်ကျောင်းသား ဖြစ်သည်။ တရုတ်ကပြားဖြစ်သော ကိုတိတ်သည် အသားဖြူဖြူ၊ မျက်လုံးကျဉ်းကျဉ်း အရပ် ၅ပေ ၅လက်မခန့်ရှိပြီး စကားပြော သွက် လက်သူ ဖြစ်သည်။ ဒဂုံဆောင် အခန်း(၁ဝဝ)သည် မောင်မောင် တိတ်၏ အခန်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်အောင်ကျော် နေခဲ့သည့် အခန်းဖြစ်သဖြင့် မောင်မောင်တိတ် ဂုဏ်ယူသည်။ ဦးသန့် အလောင်း ရန်ကုန်ရောက်လာမည်ကို သိသည့်အခါ စိတ်ပညာမှ သူငယ်ချင်း အဆောင်ကျောင်းသားဖြစ်သည့် နောက်ဆုံးနှစ် စိတ် ပညာမှ သူငယ်ချင်းများဖြစ်သော စောလှငွေ(ယခု KNU အထွေထွေ အတွင်းရေးမှူး) ကိုမြင့်ဟန်၊ ရခိုင်ကိုတင်စိုးနှင့် တတိယနှစ်ကျောင်း သား ကိုသောင်းအေးတို့နှင့်ချိန်း၍ မာလာဆောင်ရှေ့ မြက်ခင်းပြင် တွင် ကျောင်းသူများကို လာပိုးပန်းပြီး သီချင်းဆိုသလိုလုပ်ရင်း ဆွေး နွေးဖြစ်ကြသည်။ အကြောင်းမှာ ထောက်လှမ်းရေးများ မရိပ်မိစေ ရန် ဖြစ်သည်။ အားလုံးက ဦးသန့်ကို နိုင်ငံတော်ဈာပနအနေနှင့် ချ သင့်ကြောင်း သဘောတူသည်။ အကယ်၍ အစိုးရက မလုပ်ပါက လုပ်လာရန် ကျောင်းသားများတွင် တာဝန်ရှိသည်ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။

Read more...

ဦးသန့်အရေးအခင်းနဲ့ ကျွန်တော်တို့တစ်သိုက် အပိုင်း (၂)

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

အဆောင်နေကျောင်းသားများအခန်းကဏ္ဍ

၁) ကိုဟန်ရှင်ဝင်း
အရေးအခင်းတွင် ပါဝင်ပတ်သက်သူများအကြောင်း ပြောလျှင် အဆောင်နေကျောင်းသားများအခန်းကဏ္ဍကို ချန်လှပ်ထား၍ မရချေ။ ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်း အထွေထွေအတွင်းရေးမှူး ကိုဟန်ရှင်ဝင်းသည် လူချစ်လူခင်ပေါသည်။ ရေစကြိုမြို့၌ သိပ္ပံထူးချွန်ဆုရပြီး သင်္ချာအဓိက ဖြင့် ကျောင်းလာတက်နေသူ ဖြစ်သည်။ ဦးသန့်အရေးအခင်း ဖြစ် သည့်အချိန်တွင် ကိုဟန်ရှင်ဝင်းသည် သင်္ချာအဓိက နောက်ဆုံးနှစ် ကျောင်းသားဖြစ်သည်။ ပင်းယဆောင် အပေါ်ဆုံးထပ် အခန်း(၁၁၄) တွင် နေသည်။ ကိုဟန်ရှင်ဝင်းသည် အရပ်ပုပု ၅ပေ၃ လက်မခန့် ရှိ သည်။ မျက်လုံးမှေးမှေးနှင့် သွားအနည်းငယ်ခေါသည်။ ပွင့်လင်း ဖော်ရွေသော သူ့အပြုံးက လူအများကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ သူ့မျက်လုံးများက သူယုံကြည်ရာကို လုပ်မည့်သူတစ်ဦးဟု ဖော်ပြ နေကြသည်။ အရပ်ပုသလောက် သွက်လက်ဖျတ်လတ်သူ တစ်ဦး လည်း ဖြစ်သည်။

Read more...

ဦးသန့်အရေးအခင်းနဲ့ ကျွန်တော်တို့တစ်သိုက် အပိုင်း (၁)

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
နိဒါန်း
ဦးသန့်အရေးအခင်း၌ ပါဝင်ခဲ့ကြသူများ၏ ရေးသားမှုများကိုဖတ်ရသည့်အခါ အတိတ်ကအကြောင်းများ တရေးရေး ပေါ်လာတတ်သလို တချို့ကကိုယ်တိုင်မပါဝင်ဘဲ တစ်ဆင့်စကားများနှင့်ရေးသားကြသည်ကို မြင်တွေ့ရသည့်အခါ သမိုင်း မှန်ကိုရေးသားဖို့ တာဝန်ရှိသည်ဟု ယူဆလာမိပါသည်။ ကိုယ့်ကိုယ်ကိုယ်လည်း တာဝန်မကျေဟု ခံစားမိသည့်အတွက် သမိုင်းလေ့လာသူ မြန်မာပြည်သားများသိရှိနိုင်ရန် ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသည်များကို မှတ်မိသလောက် ရေးသားတင် ပြလိုက်ပါသည်။

Read more...

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာ ဘာကြောင့် အမြစ်ပြတ်အောင် မဖြေရှင်းနိုင်ရသေးတာလဲ

မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးပြဿနာကို နှစ်ကာလရှည်ကြာ ရင်ဆိုင်နေရတဲ့နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုပေမယ့် ထိရောက်အောင်မြင်စွာ ဖြေရှင်းနိုင်ခြင်းတော့ မရှိသေးပါဘူး။ ကမ္ဘာ့အကြီးမားဆုံး မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံနေရတဲ့ မြန်မာနိုင်ငံဟာ လက်ရှိရင်ဆိုင်နေရတဲ့ မူးယစ်ဆေးဝါးပြဿနာကို ဘာကြောင့် အမြစ်ပြတ်အောင် ချေမှုန်းနိုင်ခြင်းမရှိရတဲ့ အကြောင်းကို ASIA TIMES သတင်းဌာနတွင် ဆောင်းပါးရှင်  Bertil Lintner က Myanmar has a drug problem ခေါင်းစဉ်ဖြင့် ဝေဖန်သုံးသပ် ထားရာ . . .

Read more...

ရေနှင့်နွေ . . .နွေနှင့်မီး

မြန်မာနိုင်ငံအတွင်းမှ အချို့ဒေသများတွင် ဖေဖော်ဝါ ရီလကုန် မတ်လရောက်သည်နှင့် သောက်သုံး ရေရှားပါးမှုမှာ နှစ်တိုင်းနီးပါး ကြုံတွေ့ခံစားနေ ရလေ့ရှိသည်။ ယခုနှစ်တွင် ကမ်းရိုးတန်းဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်မှ ကျေးရွာ အချို့ တောင်ပေါ်ဒေသဖြစ်သည့် ကယားပြည်နယ်အချို့တို့နှင့် ရန် ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့တွင် ဖေဖော်ဝါရီလ ကုန်မှစတင်ကာ သောက်သုံးရေရှားပါးမှုအား စတင်ကြုံတွေ့လာရ ပါသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616