HOT NEWS
Main menu

ကားသမားတွေရဲ့ စိတ်ဓာတ်တွေကို ဘယ်လို ပြုပြင်ကြမလဲ

-----------------------------

ဦးကျော်စိန်(ပညာရေး-ငြိမ်း)

-----------------------------


တစ်နေ့မှာ မိမိနေထိုင်ရာ တာမွေ၊ မေတ္တာညွန့်ကနေ မြို့ထဲ ၃၉ လမ်းကို တက္ကစီငှားပြီး သွားပါတယ်။ ကားသမားက လမ်းထဲဝင်ရမလားလို့မေးတော့ ဗိုလ်ချုပ်လမ်းထိပ် ရပ်ပေးရင်ရပါပြီလို့ဆို လိုက်ပါတယ်။ သွားမည့်နေရာက လမ်းအလယ်လောက်ထိဖြစ်ပေမယ့် လမ်းထဲဝင်လိုက်ရင် မြို့ထဲပြန်ဝင်ရတဲ့ လမ်းကြောင်းထဲရောက်သွားကာ ကားသမား အခက်တွေ့သွားမှာ စိုးတာကြောင့် လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်ရတာဖြစ် ပါတယ်။ တက္ကစီမောင်းသူကို ယာဉ်ကြောပိတ်တာနဲ့ ကြုံရမယ့် ဒုက္ခကိုစိုးရိမ်လို့ဖြစ်ပါတယ်။ အငှားတက္ကစီတွေဟာ ဒီဒဏ်ကို အများဆုံးခံရတာကြောင့် ယာဉ်ကြောပိတ်တဲ့ကိစ္စ စကားစမြည် ပြောမိရာမှာ ကားကျပ်ရတဲ့ အကြောင်းနဲ့ဆက်စပ်ပြီး ကားဆရာက သူ့အမြင်ကိုပြောပြပါတယ်။

Read more...

လွတ်လပ်ရေးနှင့် နိုင်ငံတော် အာဏာ

-------------

သုဝေ

-------------

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကာလတုန်းက ဆိုရှယ်လစ်ကွန်မြူနစ်တွေ ပေါင်းစည်းညီညွတ်ပြီး ရင်ကို မြေကတုတ်လုပ် ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့လွတ်လပ်ရေးလည်း ရတော့မယ်ဆိုရော ခွက်ခွက်လန် ကွဲတော့ တာပါပဲ။ အဲဒါအာဏာပေါ့။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ခေါင်းဆောင်များနဲ့ သူတို့မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ  မြန်မာ့လွတ်လပ်ရေး အပြီးသတ်အပိုင်းနဲ့ လွတ်လပ်ရေး တစ်ခေတ်ဖြင့် မြန်မာ့ သမိုင်းကို ဖန်တီးသွားခဲ့သူများဖြစ်တယ်။

Read more...

ခုံးကျော်တံတားများနှင့် မြို့ပြ အနုပညာများ

+++++++++++++++

ေ အာ င် မြ တ်ေ ဌး

+++++++++++++++


မြို့ ပြတစ်ခု၏ အင်္ဂါရပ်များတွင် ခေတ်မီလမ်းများ တံတားများရှိရန် လိုသလို အများပြည်သူအဆင်ပြေချောမွေ့စွာ သွားလာနိုင်သော ဆက်သွယ်ရေးလိုအပ်သည်။ ရုပ်ပိုင်းအဆင်ပြေမှုလိုသလို စိတ်လက်အပန်းပြေဖို့ လည်းလိုအပ်သည်။ ရန်ကုန်မြို့မှာ ခုံးကျော်တံတားတွေများလာပြီ။ အခုလိုများလာသည့်အတွက် လမ်းပန်းဆက်သွယ်ဖို့ အဆင်ပြေချောမွေ့လာနိုင်သလို အရင်ကလေဟာနယ်လမ်းမတွေမှာ နေရာကွက်လပ်သစ် များဖြစ်ပေါ်လာမည်။ တံတားတစ်ခုတွင် သွားလာရေးအသုံးပြုရန်တစ်ခုသာစဉ်းစားလို့မဖြစ် တံတား၏ အောက်တွင်ဖြစ်လာမည့်နေရာများအတွက်ပါ ကြိုတင်စီမံထားရှိရန်လိုသည်။

Read more...

နိုင်တော့ နိုင်တယ် ရှုံးတယ်

ကိုကိုရေ . .

ဟိုသီချင်း နားထောင် ပြီးပြီလားလို့ ကျုပ်မိန်းမက မေးသဗျ။ မြန်မာစကားမှာ'ဟို'ဆိုတဲ့ ဝေါဟာရက အတော်တာသွားတယ် ဗျ။ နိမိတ်ပြစကား ဖြစ်ပေမယ့် ပြန်လှန် မေးခွန်းမေးစေလိုတဲ့ နိဒါန်းစကားဗျ။ အဲဒီတော့ စွာကျယ်မမေးတဲ့ ဟိုသီချင်း ဆိုတာကို ဘာသီချင်းလဲလို့ ပြန်မေးရ တာပေါ့။ အဲဒီတော့မှ ကျုပ်မိန်းမက ဟို သီချင်းလေကိုကိုရယ် စန္ဒီမြင့်လွင် ဆိုတာ လေ ဘာတဲ့ အဲဟုတ်ပြီဟုတ်ပြီ နှိုက်မှာ ပဲတဲ့။ မကြားဘူးပါဖူး မိန်းမရယ်၊ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ စွာကျယ်မက အဲဒီ သီချင်းကို ဆိုပြတယ်ဗျ။

Read more...

မြန်မာ့လွတ်လပ်ရေးသီချင်းကို ဘယ်သူရေးစပ်ခဲ့သလဲ

၁၉၄၃ ခုနှစ် သြဂုတ် ၁ ရက် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း နိပွန်နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးခဲ့သည်။ လွတ်လပ်ရေး ပွဲသဘင်ကို ရန်ကုန်မြို့ ကန်တော်ကြီး၌ ကုန်းပွဲရေပွဲများဖြင့် ခြိမ့်ခြိမ့်သဲသဲ ကျင်းပသည်။ ထိုစဉ်က ရန်ကုန်မြို့တွင်း၌ ဗုံးတွေကျ၍ တိုက်တာ အဆောက်အအုံများ ပျက်စီးကုန်သဖြင့် လူတွေမနေကြ။ ဗဟန်း ရေတာရှည်လမ်းသစ်၊ လမ်း ဟောင်း၊ လင့်ခ်လမ်း၊ မြေနီကုန်း တစ်ဝိုက် တွင် စည်ကားနေသည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS