Main menu
HOT NEWS
adv
မြန်မာပြည်ဈေးကွက်အတွက် အသစ်မိတ်ဆက်ပေးလိုက်တဲ့ Toyota Camry 2017 Model

မြန်မာပြည်ဈေးကွက်အတွက် အသစ်မိတ်ဆက်ပေးလိုက်တဲ့ Toyota Camry 2017 Model

ဒီတစ်ပတ် ရန်ကုန်တိုင်းမ်ဂျာနယ် ပရိ သတ်ကြီးအတွက် မိတ်ဆက်ပေးချင် တဲ့ ကားအမျိုးအစားကတော့ ပြီးခဲ့ တဲ့ ဧပြီ ၂၇ ရက်ကမှ တိုယိုတာက မြန်မာ နိုင်ငံ ဈေးကွက်အတွက် အသစ် စတင်မိတ် ဆက်ပေးလိုက်တဲ့ Toyota Camry Model  အသစ်ပဲ ဖြစ်ပါတယ်။

Toyota  ရဲ့ ရောင်းအားအကောင်းဆုံး ကားတစ်စီးဖြစ်တဲ့ Camry ဟာ Luxury Sedan  အမျိုးအစားဖြစ်ပါတယ်။ ဂျပန်ဘာ သာစကား Kanmuri သို့မဟုတ် Crown လို့ အဓိပ္ပာယ်ရတဲ့ Camry ကို ၁၉၈၂ ခုနှစ် မှာ စတင်ထုတ်လုပ်ခဲ့ပြီး မူလက Compact Size အဖြစ် ထုတ်လုပ်ခဲ့ရာက နောက်ပိုင်း မှာ Mid Size Luxury Sedan (Wide body) အဖြစ် ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၇၉ ကနေ ၂ဝဝ၃ ခုနှစ်အထိ  Celcia Camry V10, V20, V30, V40, V50 Series  တွေ ကို  Narrow Body  အဖြစ် ထုတ်လုပ်ခဲ့ပါ တယ်။

2017 Toyota Camry Redesign Australia and Canada 7

၁၉၉၆ ခုနှစ်ကနေစတင်ပြီး မျက်မှောက် ကာလအထိ Wide Body Series အဖြစ် XV 10, XV 20, XV30, XV60 အထိ ထုတ်လုပ်ခဲ့ကာ အခုဖော်ပြပေးမယ့် Toyota Camry  ဟာ Wide Body Luxury Series  ဖြစ်ပါတယ်။ Model Year   ကတော့ ၂ဝ၁၇ ဖြစ်ပါတယ်။

Camry ရဲ့ 2018 Model  ကို North America International Autoshow  မှာ စတင် မိတ်ဆက်ပြသခဲ့ပါတယ်။ နောက်ဆုံး 2018 Model ကိုတော့ အခုနှစ် နှစ်ဝက် ကျော်မှ ဈေးကွက်မှာမြင်တွေ့ရဖို့ ရှိပါတယ်။ ၂ဝ၁၈ ရဲ့ ဒီဇိုင်နာကတော့ Ian Cartabiano  ဖြစ်ပြီး တံခါးလေးပေါက်  Body Style၊ အင် ဂျင်အနေနဲ့ 3.5 L V6 အင်ဂျင်နဲ့  2.5L I4 A25A-FKS (Hybrid Version, Transmi-ssion 8 Speed Automatic CVT Hybrid) )နဲ့ ရနိုင်မယ်လို့ သိရပါတယ်။

အခုဆက်ပြီး မြန်မာပြည်ဈေးကွက် မှာ အသစ်ရောက်လာတဲ့ 2017 Model Toyota Camry XV 50 နဲ့ မိတ်ဆက်ပေး ပါမယ်။ Camry 2017 ရဲ့ Body Style က တော့ Aerodynamic Design ဖြစ်ပြီး Stylish & Luxurious Design ပုံ အပြည့်အဝ ရုပ်ထွက်ရှိပါတယ်။ ရှေ့မီးကြီးတွေကိုတော့ HD Head Lamp With Daytime Running Light တပ်ဆင်ပေးထားတဲ့အတွက် နေ့ဘက်မှာပါ။ အသုံးပြုသွားနိုင်မှာဖြစ်ပါ တယ်။

2018 toyota camry design partially revealed by next gen nascar camry racecar 19

ဆီးနှင်းထူထပ်တဲ့ အခြေအနေတွေ မှာ အသုံးပြုနိုင်မယ့် Fog Lamp တွေ ပါဝင် ပြီး Automatic Rain Sensing Wiper  စနစ် တပ်ဆင်ပေးထားတာကြောင့် မိုးရွာ ချိန်တွေမှာ မိုးသည်းမှုအပေါ် အခြေခံပြီး အလိုအလျောက် Wiper အလုပ် လုပ်နိုင် မှာပဲဖြစ်ပါတယ်။ နောက်မီးတွေကိုတော့ LED Tail Lamps  တွေ တပ်ဆင်ပေးထား တာကြောင့် တောက်ပတဲ့အရောင်ကို မြင် တွေ့ရမှာပဲ ဖြစ်ပါတယ်။ Camery 2017  ရဲ့  Alloy ဘီးခွေကတော့ 17 inch ဖြစ်ပါတယ်။

အတွင်းခန်း အပြင်အဆင်များ အ တွက် ကျယ်ဝန်းတဲ့ Cabin အတွင်းခန်း သက်သောင့်သက်သာဖြစ်စေမယ့် အဆင့် မြင့် လယ်သာများနဲ့ ချုပ်လုပ်ထားတဲ့ ထိုင် ခုံနဲ့ လက်တင်ခုံတွေ ပါဝင်သလို Driver ထိန်းချုပ် မောင်းနှင်နိုင်ဖို့အတွက်Cruise Control, 3 Zone Automatic Climate Control Air Conditions စနစ်၊ Power Reclining Rear Seat စနစ်များအပြင် ရုပ်သံစနစ်အတွက် Advance Audio With Voice Control  စနစ် Gesture Control   စနစ်၊ Back Camera  နဲ့ Smart Phone Connectivity စနစ်များ ပါဝင်ပါတယ်။

ကားမှာပါဝင်တဲ့ Multi information Display စနစ်ကြောင့် ကားနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အလွယ်တ ကူ သိမြင်နိုင်မှာဖြစ်ပါတယ်။ Steering Volume Control စနစ်အပြင် Audio နဲ့ Mid Control စနစ်များ ပါဝင်ပါတယ်။

အင်ဂျင်ကတော့ Powerful 2.5 Litre ဓာတ်ဆီအင်ဂျင်ဖြစ်ပြီး အမြင့်ဆုံးစွမ်း အား Maximum Power 133kw @ 6000 rpm နဲ့ အမြင့်ဆုံးရုန်းအား Maximum Torque 231Nm @ 4100rpm  ရှိပါတယ်။ Transmission Type ကတော့  6 Speed Automatic CVT Transmission  စနစ် ဖြစ်ပြီး  Fuel System  ကတော့ Electronic Fuel Injection စနစ် ဖြစ်ပါတယ်။

2018 Toyota Camry Hybrid TNGA Interior Design and Features

ကားရဲ့ အတိုင်းအတာတွေကတော့ အလျား 4850 mm, အကျယ် 1570 mm,  အမြင့် 1470 mm, ဝင်ရိုးနှစ်ခုအကြား အ ကွာအဝေး 2775 mm, ရှေ့နောက်ဝင်ရိုး 1580 mm အသီးသီးရှိပါတယ်။ Safety ပိုင်းမှာတော့ ကုန်းမြင့်တွေ တက်တဲ့အခါ အလိုအလျောက် ချိန်ညှိပေးမယ့် Hill Start Assist စနစ် Vehicle Stability Control System, ABS စနစ် SRS Airbag, Child Restraint System Clearance & Back Sensor စနစ်များ ပါဝင်ပါတယ်။

Color Options   အနေနဲ့ အရောင် ခြောက်မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး White Pearl CS, Silver Metallic, Grey Metallic Attitude Black Mica, Dark Brown Mica Metallic  နဲ့ Graylish Blue Mica Metallic ကာလာများ ရနိုင်မှာဖြစ် ပါတယ်။

ပြည်တွင်းမှာ ရောင်းချတဲ့ ဈေးနှုန်းက တော့ အမေရိကန်ဒေါ်လာ ၅၂၅ဝဝ ဖြစ်ပြီး ဝင်ငွေခွန် ထပ်မံပေးဆောင်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်လိုင်စင် ရချင်ရင်တော့ စလစ်ကပ် ဝယ်ယူနိုင်မှာဖြစ်တဲ့အကြောင်းနဲ့ Toyota ရဲ့ Authrize Dealer ဖြစ်တဲ့ Toyota Mingalar မှာ Down Payment 25% ပေး ဆောင် မှာယူနိုင်ပြီဖြစ်ပါတယ်။ အာမခံအ နေနဲ့ သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်း ရရှိ နိုင်မှာ ဖြစ်ပါကြောင်း... 

camry interior2

Õ

Last modified onThursday, 04 May 2017 16:31
Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616