Main menu
HOT NEWS
adv
Toyota  Landcruiser Prado 2017 Model ကား မိတ်ဆက်

Toyota Landcruiser Prado 2017 Model ကား မိတ်ဆက်

ရန်ကုန်တိုင်းမ်ဂျာနယ် ပရိသတ် ကြီးအတွက် တင်ပြပေးလိုတဲ့ကား အမျိုးအစားကတော့ မြန်မာပြည်ဈေးကွက်မှာ လူကြိုက် များ အောင်မြင်နေဆဲဖြစ်တဲ့ Toyota Landcruiser Prado 2017 Model ပဲ ဖြစ်ပါတယ်။

Toyota Landcruiser Series တွေနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းကို လေ့လာကြည့်ရမယ်ဆိုရင် Land cruiser Prado တွေကို ၁၉၈၄ခုနှစ်က စတင်ပြီး တိုယို တာက ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။  Mid-Size Four Wheel Drive SUV Type ဖြစ်ပြီး တံခါးငါးပေါက် 5 door SUV အနေနဲ့ ထုတ်လုပ်ခဲ့ပြီး Front Engine, Rear Wheel Drive, Four Wheel Drive အဖြစ် ထုတ်လုပ်ထားပါတယ်။

2016 land cruiser official 44 653

ပထမမျိုးဆက်အဖြစ် J70 Series ကို ထုတ်လုပ်ခဲ့ ပြီး 2.4L အင်ဂျင်ပါဝါနဲ့ ဓာတ်ဆီ၊ ဒီဇယ်နှစ်မျိုး ထုတ် လုပ်ခဲ့ပါတယ်။ ၁၉၉ဝ မှာတော့ J70 ကို အဆင့်မြှင့်ပြီး အင်ဂျင်ပါဝါ 2.4L, 2.7L, 2.8L ဓာတ်ဆီအင်ဂျင်များ နဲ့ 3.0L ဒီဇယ်အင်ဂျင်များကို Transmission 4 Speed Auto/5 speed Manual အဖြစ် ထုတ်လုပ်ခဲ့ ပါတယ်။

ဒုတိယမျိုးဆက် J90 ကိုတော့ ၁၉၉၆ ခုနှစ်ကနေ ပြီး ၂ဝဝ၂ခုနှစ်အထိ ထုတ်လုပ်ခဲ့ကာ အဆိုပါ J90 အမျိုးအစားတွေဟာ မြန်မာပြည်မှာ ယနေ့တိုင် အမြင် တွေ့ရဆုံး Landcruiser Prado အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ တရုတ်ပြည်မှာတော့ J90 တွေကို ၂ဝဝ၅ ခုနှစ်ကနေ ယနေ့အထိ ထုတ်လုပ်သုံးစွဲနေဆဲ ဖြစ်ပါ တယ်။
J90 မှာတော့ 2.7L 3RZI4 3.4L 5V6 ဓာတ်ဆီ အင်ဂျင်များနဲ့ 3.0L 5L I4, 3.0L 1KZI4-T ဒီဇယ် အင်ဂျင်များကို အသုံးပြုထားပါတယ်။ Transmission ကတော့  4Speed Automatic 15Speed Manual များပဲ ဖြစ်ပါတယ်။

2017 Toyota Landcruiser Prado Altitude Interior

Toyota Landcruiser Prado တတိယမျိုးဆက်ကိုတော့ J120 ကို ၂ဝဝ၂ခုနှစ်ကနေ ၂ဝဝ၉ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး Lexsus GX (J 120) ဖြစ်ပါတယ်။ Body Style ကတော့ 3/5 Door Wagon Type ဖြစ်ပြီး Toyota 4 Runner ဖြစ်ပါတယ်။ Transmission Type ကတော့ 4 Speed Automatic, 5 Speed Auto, 4/5 Speed Manual ဖြစ်ပါတယ်။

Landcruiser Prado စတုတ္ထမျိုးဆက် J-150 ကို တော့ ၂ဝ၁၉ခုနှစ်ကနေပြီး ယနေ့အထိ ထုတ်လုပ်နေ ဆဲဖြစ်ပြီး Lexus GX 460 လို့ ခေါ်ကြပါတယ်။ Model Year ကတော့ ၂ဝ၁ဝဖြစ်ပါတယ်။ Layout ကတော့ ရှေ့အင်ဂျင်/လေးဘီးယက်စနစ် ဖြစ်ပါတယ်။ အင်ဂျင် တွေကတော့ 2.7L 2TR FE I4, 4.0L 1GR FE V6 ဓာတ်ဆီအင်ဂျင်များနဲ့ 2.8L 1GD FTV I4-T 3.0L 5L-E I4, 3.0L 1KD FTV I4-T, 3.0L 5L-E I4, 3.0L 1KD FTV I4T ဒီဇယ်အင်ဂျင်များပဲ ဖြစ်ပါ တယ်။ Transmission Type တွေကတော့ 4/5/6 Speed Automatic နဲ့ 5/6 Speed Manual စနစ်များ ပဲ ဖြစ်ပါတယ်။

အခုဖော်ပြမယ့် စတုတ္ထမျိုးဆက် Toyota Land-cruiser ကတော့ Prado Kakadu (4x4) အမျိုးအစား ဖြစ်ကာ DG 150R MY16 Series 2017 Model တံခါးလေးပေါက် 4D Wagon Type 7 Seater ဖြစ်ပါတယ်။ အင်ဂျင်ကတော့ Diesel Turbo 4 2.8L ဆလင် ဒါလေးလုံးထိုးဖြစ်ပြီး အမြင့်ဆုံး အင်ဂျင်စွမ်းအား 130 kw @ 3400 rpm ဖြစ်ကာ အမြင့်ဆုံးရုန်းအား Maximum Torque ကတော့450Nm@ 1600rpm ဖြစ်ပါတယ်။

New Toyota Land Cruiser Prado 2017 211

Transmission Type ကတော့ အော်တိုဂီယာ ခြောက်ချက် 6 Speed Automatic ဖြစ်ပြီး Driving Type ကတော့ လေးဘီးယက် Four Wheel Drive ဖြစ် ပါတယ်။ ဆီတိုင်ကီ ဝင်ဆံ့မှုကတော့ 150Litres ဖြစ်ပြီး ပျမ်းမျှ Fuel Consumption ကတော့8L/100 km ဖြစ်ပါတယ်။ ကားရဲ့အကြမ်းဖျင်း အလေးချိန်က တော့ 5490kg ဖြစ်ပြီး အမြင့် 1880mm, အလျား 4930 mm, အကျယ် 1885mm နဲ့ မြေပြင်ကင်းလွတ်အကွာ Ground Clearance 220mm ဖြစ်ကာ Disc Ventilated Brake စနစ်ကို အသုံးပြုထားပါတယ်။

Suspension စနစ်မှာတော့ ရှေ့ပိုင်းမှာ Double Wishbone, နောက်ပိုင်းမှာ Multi Link System နဲ့ ရှေ့နောက် Suspension မှာ  Coil Spring, Gas Dam-  per, Anti Roll Bar စနစ်တွေ တပ်ဆင်ပေးထားပါ တယ်။

ကားမှာ တပ်ဆင်ပေးထားတဲ့ အဆင့်မြင့်စနစ်တွေ ကတော့ Adaptive Damping Control, 18inch Alloy Wheel, Electronic Brake Force Disbribution, Hill Holder, Automatic/ Self Levelling Suspension, Traction Control System, Vehicle Stability Control စနစ်၊ Cruise Control, Mobile Phone Coraectivity, Parking Distone Control, Trip Computer Navigation နဲ့ Diff Locks, Diff locks Rear စနစ်တွေ ပါဝင်ပါတယ်။

New Toyota Land Cruiser Prado 2017 2

ANCAP Crash Test မှာ ကြယ်ငါးပွင့် ရရှိထား ပြီး Green Vehicle မှာ ကြယ်သုံးပွင့်ခွဲ ရရှိထားကာ Caradvice.com က ပေးတဲ့ ပေးမှတ်၁ဝမှတ်မှာ ခုနစ် မှတ်ခွဲ ရရှိထားပါတယ်။ ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ရှစ်သောင်းဝန်းကျင် ကျသင့်မှာဖြစ်ပါကြောင်း။

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616