Main menu
HOT NEWS
adv
ဆုများစွာနဲ့ အောင်ပွဲခံနေတဲ့ Mazda CX-3 2017 Model

ဆုများစွာနဲ့ အောင်ပွဲခံနေတဲ့ Mazda CX-3 2017 Model

ဖလားဝါးနယူးစ် ပရိသတ်ကြီး မင်္ဂလာပါ။ ယခုတစ်ပတ်တင်ပြပေးလိုတဲ့ ကားအမျိုးအစားကတော့ Mazda CX-3 2017 Model ပဲဖြစ်ပါ တယ်။ Subcompact Crossover SUV Type ဖြစ်တဲ့ CX-3 ကိုတော့ ကမ္ဘာကျော် ကားထုတ်လုပ်သူ  Mazda က ၂ဝ၁၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး တံခါးငါးပေါက် Hatch-back Type ဖြစ် ကာ ရှေ့အင်ဂျင်၊ ရှေ့ဘီးယက် (Front engine front wheel drive)စနစ်နဲ့ ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Related ဖြစ်တဲ့ Model တွေကတော့  Mazda 2, Mazda 3 တို့ပဲ ဖြစ် ကြပါတယ်။ ပထမမျိုးဆက် ၂ဝ၁၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့စဉ်က အင်ဂျင်ကို တော့ 1.3L SKY Active G Turbo- charge I4 Gasoline အင်ဂျင် 2.0L Sky Active G I4 Gasoline အင်ဂျင်နဲ့ 1.5L Sky active D Diesel အင်ဂျင် သုံးမျိုးနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

2017 Mazda CX 3 B o

Transmission Type က တော့ 6 Speed Automatic နဲ့ 6 Speed Manual ဆိုပြီးနှစ်မျိုးခွဲခြား ထုတ်လုပ်ထားပါတယ်။  Mazda CX-3 ရဲ့ အတိုင်းအတာတွေကတော့ အလျား 4275mm, အကျယ် 1765mm, အမြင့် 1550mm, Wheel base 2570mm, Vehicle Curb Weight 1339kg(2952lb) ဖြစ်ပါတယ်။

2.0L Skyactive G နည်း ပညာသုံးအင်ဂျင်ဟာ 146bhp (108 kw) စွမ်းအားရှိပါတယ်။ Entry level CX3 Sport, Grand Touring Model တွေမှာ Cruise Control, 60/40 Split Folding rear Seat စတဲ့အဆင့်မြင့် နည်းပညာတွေ ပါဝင်ပါတယ်။ အာရှဈေးကွက်မှာတော့ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းဈေးကွက်တွေကို ၂ဝ၁၆မှာ စတင် ရောင်းချခဲ့ပါတယ်။

Mazda CX3 ရဲ့ အောင်မြင်မှု မှတ်တမ်းတွေကတော့  2015 Red Dot Design Award(Germany) 2016 Yahoo Autos, Savry Ride of the Year ဆု၊  2016 IIHS Top Safety Pick +, 2016 World Car Design of the Year  Finalist ဆုနဲ့ 2016 Car of the Year Thailand Winner ဆု တွေကို ရရှိခဲ့ပါတယ်။

2017 mazda cx 3 rearseat

ပြီးခဲ့တဲ့လက စာရေးသူ မြဝတီ မဲဆောက်ရောက်ခဲ့စဉ် Robison Shopping Center ကြီးထဲမှာ Mazda CX3 အပါအဝင်  Mazda ထုတ်ကားတွေကို ပြသထားတဲ့ ကားပြပွဲတစ်ခုနဲ့ ကြုံခဲ့ရပါ သေးတယ်။

အခုဖော်ပြမယ့် 2017 Model Mazda CX-3 ကတော့ Varient MA XX (Four wheel drive) စနစ်၊ DK Series 2017 Model ဖြစ်ပါတယ်။ Body Type ကတော့ 4D Wagon တံခါး လေးပေါက်ဖြစ်ပြီး Driver အပါအဝင် ထိုင်ခုံငါးလုံး ပါဝင်ပါတယ်။Engine Type ကတော့ Multi Point F/INJ ဖြစ်ကာ အင်ဂျင်အရွယ်အစားEngine Size 2.0L ဆလင်ဒါ Inline 4, အမြင့် ဆုံးစွမ်းအား Maximum Power 109kw @ 6000rpm, အမြင့်ဆုံးရုန်းအား Maximum Torque 192NM @ 2800rpm ဖြစ်ပါတယ်။

Transmission ကတော့ အော်တိုဂီယာခြောက်ချက် 6 Speed Auto ဖြစ်ပြီး Driving Type ကတော့ Front Wheel Drive/Four Wheel Drive စနစ် ဖြစ်ပါတယ်။ ဆီတိုင်ကီဝင် ဆံ့မှုကတော့ 48Litre နဲ့ ပျမ်းမျှဆီစား နှုန်းကတော့ 6.1L/100km ဖြစ်ပါတယ်။ အတိုင်းအတာတွေကတော့ အကြမ်းဖျင်း Kerb Weight 1226kg  ဖြစ် ပြီး အမြင့် 1550 mm, အလျား 4275 mm, အကျယ် 1765 mm နဲ့ မြေပြင် ကင်းလွတ်အကွာအဝေး Ground Clearance 155mm ရှိပါတယ်။

Brake စနစ်ကိုတော့ ရှေ့ပိုင်းမှာ Disc Ventilated နဲ့ နောက်ပိုင်းမှာ Disc စနစ် တပ်ဆင်ထားကာ ဆိုင်းထိန်းစနစ် Suspension Type မှာတော့ ရှေ့ မှာ Mac Pherson Strut, နောက်မှာ Torsion Bar စနစ်နဲ့ ရှေ့နောက် Suspension နှစ်ခုစလုံးမှာ Coil Spring, Gas Damper Anti Roll Bar စနစ် များ တပ်ဆင်ပေးထားပါတယ်။

258638

ဘီးခွေကိုတော့ ၁၆လက်မအ လွိုင်းဘီးခွေ တပ်ဆင်ပေးထားပြီး Control & Handling ပိုင်းမှာတော့ Electro- nic Brake Force Distribution, Hill Holder, Cruise Control Traction Control System, Parking Distance Control Rear, Reversing Camera Satellite Navigation, Trip Computer စနစ်များ ပါဝင်ပါတယ်။ အတွင်း ခန်းမှာတော့ အဆင့်မြင့်အဝတ်ပိတ်သား (Cloth Trim) များနဲ့ အလှဆင်ထားပြီး ဖျော်ဖြေမှုအတွက် Radio CD with 6 Speakers စနစ်ပါဝင်ပါတယ်။ လုံခြုံရေး အသက်ကယ်လေအိတ် Dual Front Air Bag Package တပ်ဆင်ထားပြီး လုံခြုံရေးအတွက် Central Locking Remote Control စနစ်နဲ့ Engine Immobiliser စနစ်များ ပါရှိပါတယ်။

ကားရဲ့ Safety ပိုင်းမှာတော့ ANCAP Car Crash Test မှာ ကြယ်ငါးပွင့်အပြည့်နဲ့  Green Vehicle ကား အဖြစ် ကြယ်လေးပွင့်ခွဲ ရရှိထားကာ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၈ဝဝဝ ဝန်းကျင် ဖြစ်ပါကြောင်း။ 

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191