Main menu
HOT NEWS
adv
ပြည်တွင်းမှာ  ဝယ်ယူရနိုင်မယ့် Mitsubishi Pajero 2017 ကား မိတ်ဆက်

ပြည်တွင်းမှာ ဝယ်ယူရနိုင်မယ့် Mitsubishi Pajero 2017 ကား မိတ်ဆက်

ဖလားဝါးနယူးစ်ပရိသတ်ကြီး မင်္ဂလာပါ။ ယခုတစ်ပတ် မိတ်ဆက်ပေးချင်တဲ့ ကားအမျိုးအစားက တော့ မြန်မာပြည်ဈေးကွက်မှာပဲ ဝယ်ယူ ရရှိနိုင်မယ့် Mitsubishi Pajero 2017 Model ကားအကြောင်းပဲ ဖြစ်ပါတယ်။ Mitsubishi Pajero မျိုးဆက်အားလုံး နီးပါးဟာ မြန်မာကားလောကမှာ နေရာ ရခဲ့ပြီး ဝယ်ယူစီးနင်းသူတွေ အကြိုက်တွေ့ စေခဲ့တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။

 

၁၉၈၂ခုနှစ်က စတင်ထုတ်လုပ်ခဲ့တဲ့ Pajero ဟာ Sport Utility Vehicle, SUV အမျိုးအစားဖြစ်ပြီး UK မှာတော့ Mitsubishi Shogun လို့ ခေါ်ဆိုပါတယ်။ သူနဲ့ ပြိုင်ဘက်တွေ ကတော့ Land Rover Discovery, Toyota Land Cruiser Prado နဲ့ Nissan Patrol Y61 တို့ပဲ ဖြစ်ကြပါတယ်။ ယနေ့အထိ မျိုးဆက်လေးဆက် တိုင်ခဲ့ ပြီဖြစ်တဲ့ Pajero ရဲ့ ပထမမျိုးဆက်ကို တော့ ၁၉၈၂ ကနေ ၁၉၉၁အထိ ထုတ်လုပ်ခဲ့ပြီး မြန်မာပြည်မှာတော့ သံပုံးကား လို့ ချစ်စနိုးခေါ်ဆိုကြတဲ့ ခေါင်မြင့်မြင့် ရှေ့မီးဝိုင်းနဲ့ Pajero ပုံဖြစ်ကာ အချို့ပိုင် ရှင်များ ယနေ့တိုင် အသုံးပြုနေဆဲ ဖြစ်ပါ တယ်။

2017 Mitsubishi Pajero Sport Interior

ဒုတိယမျိုးဆက် Pajero ကို တော့ ၁၉၉၁ ကနေ ၁၉၉၉ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး ဖိလစ်ပိုင်မှာ Mitsubishi Pajero Field Master, အိန္ဒိယမှာ Mitsubishi Pajero SFX, Columbia မှာ National Mantero, Beijins မှာ တော့ Tornado ဆိုပြီး အခေါ်အဝေါ်ကွဲ ပြားပါတယ်။

 မြန်မာနိုင်ငံမှာတော့ Pajero 96/97 Epump/လူရုပ် စသည်ဖြင့် grade အပေါ်မူတည်ပြီး ဒုတိယမျိုးဆက် တွေကို ခွဲခြားခေါ်ဝေါ်ကြကာ ယနေ့အ ချိန်အထိ အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။  Body Style မှာတော့ 3door SUV နဲ့ 5 Door SUV ဆိုပြီး နှစ်မျိုးကွဲကာ အင်ဂျင်များအနေနဲ့ 2.5L4D56, 2.8L 4M40, 2.4L 4G64, 2.6L 4G54, 3.0L 6G72V6, 3.5L 6G 74 V6 အင် ဂျင်များကို အသုံးပြုကာ Transmission Type  မှာတော့ 5Speed Manual နဲ့ 4 Speed Aisin Automatic စနစ်အသုံး ပြုထားပါတယ်။

တတိယမျိုးဆက် Pajero ကို တော့ ၁၉၉၉ ကနေ ၂ဝဝ၆အထိ ထုတ် လုပ်ခဲ့ပြီး မြန်မာပြည်မှာ ဖားပြုပ်ပါဂျဲရိုး ရယ်လို့ လူသိများပါတယ်။ Body Type ကလည်း တံခါးသုံးပေါက်၊ ငါးပေါက် SUV Type ဖြစ်ပြီး အင်ဂျင်အမျိုးအစား တွေကတော့ 2.5L 4D56 TDI4, 2.8L 4M40TDI4, 3.2L 4M41 DiD I4, 3.0L 6G72 V6, 3.5L 6G 74 V6, 3.5L 6G 74 V6, 3.5L 6G74 V6 GDI 3.5L 6G 75 V6 တို့ပဲ ဖြစ်ပါတယ်။ Transmission Type တွေကတော့ 5 Speed Manual 4 Speed/5 Speed Automatic အမျိုးအစားများပဲ ဖြစ်ပါ တယ်။

u8p

ယခုဖော်ပြမယ့် စတုတ္ထမျိုးဆက် Pajero ကားအမျိုးအစားကိုတော့ ၂ဝဝ၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး 2006 September မှာ ပြုလုပ်တဲ့ Motor Show မှာ စတင်မိတ်ဆက်ခဲ့ပါ တယ်။ အင်ဒိုနီးရှာမှာတော့ Pajero Super Excead, မြောက်အမေရိကမှာ Mont ero နဲ့ Mitsubishi Shogun ဆိုပြီး ခေါ် ဝေါ်ကြပါတယ်။

စတုတ္ထမျိုးဆက်ရဲ့ Body & Chassis ကတော့3 door/5door SUV Type ဖြစ်ပြီး Front Engine Rear Wheel Drive/ Four Wheel Drive ဖြစ်ပါတယ်။ အင်ဂျင် အမျိုးအစားတွေ ကတော့ 2.8L 4M40 TD I4, 3.2L 4M 41 DiD I4, 3.0L 6G 72V6, 3.5L 6G 74 V6 3.8L 6G 75 V6 အင်ဂျင်များကို အသုံးပြုထားပါတယ်။

Transmission Type က တော့ 5 Speed Manual, 4 Speed/5 Speed Automatic စနစ်ဖြစ်ပြီး အတိုင်း အတာတွေကတော့ Wheel base မှာ 2780mm (5d) 2545mm (3D)၊ အလျား 4900m (5d), 4385mm(3d),၊ အကျယ် 1895mm (2007-2009) 1875mm(2010-Present), အမြင့် 1900mm(5d-2007) 1895mm (3d-2007), 1890mm (5d-2010) 1840 mm(3d-Present) ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်မှာ ရနိုင်မယ့် Pajero 2017 Model မှာတော့ 3.2L 16 Value DOHC Common RAIL DID အင်ဂျင်တပ်ဆင်ပေးထားပြီး အမြင့်ဆုံးပါဝါထုတ်လွှတ်နိုင်မှု Max- imum Output CEEC Net, 121kw/ 165hp/3500rpm ဖြစ်ကာ အမြင့်ဆုံး ရုန်းအား Maximum Toque ကတော့ 373 Nm, 38.1kg, 2000rpm ဖြစ်ပါ တယ်။ Fuel Type ကတော့ Premium Diesel ဖြစ်ပြီး Fuel System ကတော့ Electronic Common Direct Fuel Injection စနစ်ဖြစ်ကာ ဆီတိုင်ကီ ဆီဝင် ဆန့်မှု Fuel Tank Capacity ကတော့ 88 Litres ဖြစ်ပါတယ်။

2017 mitsubishi pajero sport gls 31 1011 900x480

Transmission Typeက တော့ INVECS II 5 Speed Automatic With Sport Mode ဖြစ်ပါတယ်။ Brake စနစ်တွေကတော့ Ventilated Disc ဖြစ်ပြီး အမြင့်ဆုံး မောင်းနှင်နိုင်စွမ်း ကတော့ တစ်နာရီ 174 km ဖြစ်ပါတယ်။ ကားရဲ့ အတိုင်းအထွာတွေကတော့ အလျား 4900mm အကျယ် 1875mm, အမြင့် 1870mm, မြေပြင်ကင်းလွတ် (Ground Clearance 235mm)နဲ့  Wheelbase 2780mm အသီးသီးရှိပါ တယ်။ တာယာဆိုဒ်တွေကတော့ 265/ 65R 17/17" Alloy Wheel ဖြစ်ကာ Suspension အနေနဲ့ ရှေ့မှာ Double Wishbore, Coil Spring with Stabi- lizer bar, နောက်ပိုင်းမှာ  Multi Link, Coil Spring With Stabilizer bar စနစ်များ တပ်ဆင်ပေးထားပါတယ်။

ကားမှာ Electric Sunroof, Super Select 4WD, Center Infor- mation Display, Premium Sound System with AM/FM Radio CD Player Chrome Front grille, Chrome Power door Mirror with Lamp, Premium Security Alam System နဲ့ Safety, Design Fuel Tank တို့ ပါဝင်ပြီး မတော်တဆမှုကြောင့် ကားမီးလောင် ခြင်း အလွယ်တကူတိမ်းမှောက်ခြင်းမရှိ နိုင်ပါဘူး။ ခုံသုံးတန်း ဖြစ်တဲ့အတွက် ခရီးသည်ခုနစ်ဦး သက်သောင့်သက်သာ စီးနင်းနိုင်ကာ နှစ်သက်ရာအရောင်ခြောက်မျိုးကို အမေရိကန်ဒေါ်လာ ၈၆၉ဝဝနဲ့ ပြည်တွင်းမှာ Mitsubishi Dealer Show room များမှာ မှာယူနိုင်ပါကြောင်း တင် ပြလိုက်ရပါတယ်။         

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616