HOT NEWS
Main menu
adv
ကမ္ဘာကျော် Rolls-Royce  ဇိမ်ခံမော်တော်ကားများကို ပြည်တွင်းမှာပင် ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများ ရယူဆောင်ရွက်နိုင်ပြီ

ကမ္ဘာကျော် Rolls-Royce ဇိမ်ခံမော်တော်ကားများကို ပြည်တွင်းမှာပင် ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများ ရယူဆောင်ရွက်နိုင်ပြီ

ကမ္ဘာကျော် ဇိမ်ခံနာမည်ကြီး Rolls-Royce ကားများနှင့် ပတ်သက်ပြီး ပုံမှန်စစ် ဆေး ဆောင်ရွက်ခြင်း၊ Spare Parts  များ လဲလှယ်တပ်ဆင်ခြင်းအပါအဝင် အရည်အသွေး မြင့် ဝန်ဆောင်မှုများကို ပြည်တွင်း၌ပင် ရရှိ နိုင်ပြီဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံသို့ BMW ကားများ တရားဝင် တင်သွင်းရောင်းချခွင့် ရရှိထားသော ရန်ကုန်မြို့ ပြည်လမ်းနှင့် နာနတ်တောလမ်းထောင့်ရှိ Prestige Automobilesတွင် အဆိုပါဝန် ဆောင်မှုများကို ကျွမ်းကျင်သည့် Technicians  များ၊ အဆင့်မြင့် Service Tods  များ၊ Rolls- Royce အတွက် အထူးပြုထုတ်လုပ်ထားသော အဆင့်မြင့် Diagnostice စက်ကိရိယာ အစုံအလင်ကို အသုံးပြုပြီး ယာဉ်အပိုပစ္စည်းများ အပါအဝင် ဝန်ဆောင်မှုပေးသွားမည် ဖြစ်သည်။ အဆိုပါအစီအစဉ်အား Rolls-Royce ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာရုံးနှင့် Prestige Auto- mobiles တို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး ပြည်တွင်းမှာပင် Rolls-Royce Brand New  ကားများ ဝယ်ယူနိုင်သည်အထိ ဝန် ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ko zaw

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS