Main menu
HOT NEWS
adv
ကမ္ဘာကျော် လျှပ်စစ်ကား Tesla  ရဲ့  2017 Model 75D

ကမ္ဘာကျော် လျှပ်စစ်ကား Tesla ရဲ့ 2017 Model 75D

ယခုတစ်ပတ် ရန်ကုန်တိုင်းမ်ဂျာနယ် ပရိသတ်ကြီးနဲ့ မိတ်ဆက် ပေးချင်တဲ့ ကားအမျိုးအစားကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှု အနည်းဆုံးဖြစ်တဲ့ လျှပ်စစ်ကားတစ်စီး အကြောင်းပဲ ဖြစ်ပါတယ်။ 'Tesla' ဆိုတဲ့ အမှတ်တံဆိပ်ကို မြင်ရတာနဲ့ အတော်များများက တော့ Green Car  ဆိုတဲ့ လျှပ်စစ်ကားတွေကိုပဲ မြင်မိကြမှာ အသေအချာပါပဲ။ လာမယ့် ၂ဝ၃ဝ ပြည့်နှစ်မှာ ဥရောပနိုင်ငံတွေမှာ လျှပ်စစ်ကားတွေကိုသာ အသုံးပြု သွားကြဖို့ ယခုကတည်းက စီမံချက်တွေ ရေးဆွဲနေကြသလို ကမ္ဘာတစ်ဝန်းလုံးမှာလည်း ကားထုတ်လုပ်သူတွေဟာ လျှပ်စစ်ကားကို ပိုမိုထုတ်လုပ်နေကြသလို သုတေသနလုပ်ငန်းများ ပိုမို ဆောင်ရွက်နေကြပြီး ဘက် ထရီနဲ့ အင်ဂျင်ဆိုင်ရာ နည်းပညာတွေ တိုးတက်ဖို့ ပြန်လည်အားသွင်းနိုင်တဲ့ Electric Power Pump  တွေ ပိုမိုစိုက် ထူနိုင်ကြဖို့ ပြင်ဆင်နေကြတာ မြင်တွေ့ရပါတယ်။

xgeht

 

ပြီးခဲ့တဲ့လပိုင်းက စာရေးသူကိုယ်တိုင် ပေကျင်းမြို့ Wang Fu Jing  မှာ ပြသထားခဲ့တဲ့ Tesla X Model ခုနစ်ယောက်စီး ဇိမ်ခံလျှပ်စစ် ဆလွန်းကားပြပွဲကို မြင်တွေ့ခဲ့ရပြီး လူအများရဲ့ လျှပ်စစ်ကားပေါ်မှာ စိတ်ဝင် စားမှု နေ့စဉ်နှင့်အမျှ မြင့်တက်လာနေတာကို ကိုယ်တိုင်သိမြင် နားလည်နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်ကတော့ Electric Powertrain  လို့ အသိအမှတ်ပြုထား ပြီး နည်းပညာဆိုင်ရာ အံ့မခန်းဖန်တီးမှု Technological Masterpere အဖြစ် အသိအမှတ်ပြုထားခြင်းခံရတဲ့ 2017 Tesla Model 75D  ကား အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ Tesla 75D ဟာ ဈေးနှုန်းအရ တော့ သိပ်ပြီး မသက်သာလှပါဘူး။ အနိမ့်ဆုံး Spec  နဲ့ဆို ရင်တောင် သြစ တြေးလျဒေါ်လာ ၁၃ဝဝဝဝ ဝန်းကျင်ကျသင့်နိုင်ပါတယ်။ ဒါပေမဲ့ ယနေ့ လျှပ်စစ်ကားဈေးကွက်မှာတော့ Tesla  ဟာ Mercedes Benz ထက် ပိုမိုသာနေတဲ့ အရည်အသွေးရှိနေတယ် လို့ ပြောရမှာဖြစ်ပါတယ်။

 

sdg

၂ဝဝ၃ ခုနှစ်က စတင်ခဲ့ပြီး အချိန်တိုအတွင်း အောင်မြင်မှုကို ရယူ နိုင်ခဲ့ပါတယ်။ လေးဘီးရက်စနစ် (Allwheel Drive)ဖြစ်တဲ့ 75D ဟာ သုညကီလိုမီတာမှ ကီလိုမီတာ ၁ဝဝ အမြန်နှုန်းကို ကြာမြင့်ချိန် 5.4 စက္ကန့်ပဲ ရှိတဲ့အတွက် အမြန်ဆုံးလျှပ်စစ်ကားတစ်စီးအဖြစ် မှတ်ချက်ပြု ရမှာ ဖြစ်ပါတယ်။ ကားရဲ့အလေးချိန်က 2205kg  ရှိပြီး ၁၉ လက်မ အလွိုင်းဘီးခွေ တပ်ဆင်ပေးထားပါတယ်။ အားအပြည့်သွင်းထားခဲ့ရင် ၄၉ဝ ကီလို မီတာအထိ ခရီးနှင်နိုင်မှာ ဖြစ်ပါတယ်။ Model 8 ကို 2016 မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး တံခါးလေး ပေါက် 4D Hatchback စနစ်နဲ့ ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကတော့ 225kw ရှိပြီး Volksuagen Group က ထုတ်တဲ့ လျှပ်စစ်မော်တာအင်ဂျင်ကို အသုံးပြုထားတာဖြစ်ပါတယ်။  ငွေကြေးကို ထည့်မတွက်ဘူးဆိုရင် 100D Model Tesla ဟာ သုညကီလိုမှ ကီလိုမီတာ ၁ဝဝ အတွင်း ၁ ဒသမ ၇ စက္ကန့်သာ ကြာမှာ ဖြစ်ပါတယ်။ ဒါဟာ Ferrari 488, Lamborghini Huracan တို့ထက် ပိုပြီး မြန်ပါတယ်။

 

hdhr


Tesla 75D မှာတော့ ဆိုင်းထိန်းစနစ်ကို ရှေ့ပိုင်းမှာ Double rish bone,  နောက်မှာ Multilink System  နဲ့ ရှေ့နောက် နှစ်ဖက်စလုံးမှာ Coil Driving, Gas Damper, Anti Roll bar  စနစ်တွေ တပ်ဆင်ပေးထားပါတယ်။ ကားမှာပါဝင်မယ့် Auto Climate, Control with Dual Temperature Zone, Heated Front Seet, Power Front Seat Electronic Brake Force Distribution, Electronic Stability Program, Traction Control System, Cruise, Control စနစ်၊ Multi Function Steering, Mobile Phone Connectivity. Reversing Camera, Sound System with 7 Speaker, Xenon Head light  စနစ်တွေ ပါဝင်ပါတယ်။ ကားရဲ့ အတွင်းခန်း အပြင်အဆင်ဟာ လုံခြုံရေးအပိုင်းမှာတော့ Dual Front Airbag Package, Anti lock braking, Head Airbag, Side Airbag Pre tension Front seat စနစ်များ ပါဝင်ပါတယ်။ Car adv.com ရဲ့ အမှတ်ပေးစနစ်မှာ ကိုးမှတ်အထိရတဲ့ ပြိုင်ဘက်ကင်း လျှပ်စစ်ကားတစ်စီး ဖြစ်ပါကြောင်း။                 

ကိုဇော်

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616