Main menu
HOT NEWS
adv

မထသ ဖျက်သိမ်းတော့မည်ဟု ဆို

ယာဉ်လိုင်းပေါင်း ၃၅ဝ ကျော်ကို စီမံကွပ်ကဲနေသည့် ရန်ကုန်မြို့ပတ်ဝန်းကျင် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရန်ကုန်မြို့ တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော် မတီ(မထသ)ကို သုံးလအတွင်း ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၁၉ ရက် တိုင်းဒေသကြီးလွှတ်တော်၌ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် မော်တော်ယာဉ်ပိုင်ရှင်များ၏ ခရီးသည်တင် ယာဉ်များဖြင့် ပိုမိုကောင်းမွန်သော အများ ပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ပေါ် လာရေး အလုပ်ရုံဆွေးနွေးပွဲတွင် အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...

ယာဉ်ကြော ကျပ်တည်းမှုအား မထိခိုက်နိုင်သည့် မော်တော်ယာဉ်များ ပါကင် ကင်းလွတ်ခွင့်ရ

ရန်ကုန်

ယာဉ်ကြောကျပ်တည်းမှုအား မထိခိုက်နိုင်သည့် မော်တော်ယာဉ်များ ပါကင်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းသုံးယာဉ်များနှင့် လှူဒါန်းယာဉ်များအား ပါကင်ထောက်ခံချက် ကင်းလွတ် ခွင့်ပြု ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။ ''လုပ်ငန်းသုံးယာဉ်၊ ဆေးရုံကား၊ သုံးတန်နဲ့အထက်ယာဉ်၊ အဝေးပြေးခရီးသည်တင် ယာဉ်၊ ၁၂ ဘီး ကုန်တင်ယာဉ်၊ ဘာသာရေး၊ အင်န်ဂျီအို အစရှိသည်တို့နှင့်ဆက်စပ်၍ လှူဒါန်းထားသောယာဉ်၊ အဲလိုမျိုးယာဉ်တွေ ရန်ကုန်လိုင်စင်နဲ့ တင်သွင်းတဲ့အခါ ကားပါကင်ထောက်ခံချက် ကင်းလွတ်ခွင့်ပြုလိုက် တာပါ''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။

Read more...

မွန်ပြည်နယ်တွင် ထော်လာဂျီအစား HiJet ကားများ အစားထိုး သုံးစွဲလာမှုကြောင့် HiJet ကားများ အရောင်းသွက်

မော်လမြိုင်၊ ဇွန် ၂၁

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့်ကျေးရွာများတွင် ယခင်လိုင်စင်ရှိထော်လာ ဂျီများနေရာတွင် HiJet  ကားများကို အစားထိုးသုံးစွဲလာမှုကြောင့် HiJet  အမျိုးအစားကားများအ ရောင်းအဝယ်သွက်လျက်ရှိကြောင်း မွန်ပြည်နယ် ဒေသခံကားအကျိုး ဆောင်များထံမှ သိရှိရသည်။ ''အခုချိန်မှာ HiJet ကားတွေ အရောင်းအဝယ်ဖြစ်နေတယ်။ ဘာ ကြောင့်လဲဆိုရင် ဒီအချိန်က မွန်ပြည် နယ်ရဲ့ဒေသထွက်ကုန် ဒူးရင်းသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီးတွေ အဓိကထွက်တယ်။ ဒီအချိန်မှာ ဒေသခံစိုက်ပျိုးရေးလုပ်သူတွေကသီးနှံ ပေါ်တဲ့အချိန်၊ ငွေလျှံနေတဲ့အချိန် ဖြစ်လို့အခုချိန်မှာ HiJet  တွေ အလုပ်ဖြစ်နေကြတယ်''ဟု မွန်ဒေသခံ ကားအကျိုးဆောင် ဦးစန်းမောင်က ပြောသည်။

Read more...

မိုင်နှုန်းပြ ဒိုင်ခွက်များ မှားယွင်း တပ်ဆင်ထားသော မစ်ဆူဘီရှီ ကားကုမ္ပဏီ အရှုံးပေါ်မည်

တိုကျို၊ ဇွန် ၂၁

မစ်ဆူဘီရှီမော်တော်ကား ကော်ပိုရေးရှင်းသည် ၎င်း၏ မိုင်နှုန်းပြဒိုင်ခွက်များ မှားယွင်းစွာတပ်ဆင်ထားမိရာ ယခုဘဏ္ဍာရေးနှစ်အတွင်း ကားများရောင်းအားကျဆင်းကာ ၀င်ငွေဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သည်ဟု ကော် ပိုရေးရှင်း ကိုယ်တိုင်က ထင်မြင်ယူဆထားသည်ဟု ကျိုဒိုသတင်းဌာနက ဇွန် ၂၀ ရက်ကသတင်းထုတ်ပြန်လိုက်သည်။

Read more...

ကျားသစ်တစ်ကောင်လေအလား ထင်မှတ်မှားစေမယ့် JAGUAR XJR 2016 MODEL

ရှိရင်းစွဲ ထင်ရှားတဲ့ အမှတ်တံဆိပ်နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းအသွင်အပြင်၊ ဆွဲဆောင်မှုရှိတဲ့ ကားအမျိုးအစားတွေဟာ လက်ချိုးရေတွက်လို့ ရပါ တယ်။ ဥပမာ-Mini Cooper လိုမျိုး ကားပုံစံပါ။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616