HOT NEWS
Main menu
လယ်ယာစိုက်ပျိုးဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်အဖြစ်ပြောင်းလဲရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ စီးပွားကူးသန်းသို့တင်ပြထား

လယ်ယာစိုက်ပျိုးဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်အဖြစ်ပြောင်းလဲရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ စီးပွားကူးသန်းသို့တင်ပြထား

ရန်ကုန်၊ ဧပြီ ၂၄

တောင်သူများစိုက်ပျိုးရေးစရိတ်ချေးငွေ ပိုမိုရရှိစေရန် လယ်ယာစိုက်ပျိုးဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်အဖြစ်ပြောင်းလဲရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြထား ကြောင်း မြန် မာနိုင်ငံ ဆန်စပါးအ သင်းချုပ်မှသိရသည်။ ''စိုက်ဘဏ်ကနေ တောင်သူ တွေကို ချေးငွေပိုထုတ်ပေးဖို့အတွက် လောလောဆယ်မှာ ငွေမလုံလောက်ဘူးလို့ပြောတယ်။ အဲ့ဒါကြောင့် စိုက် ဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်း လဲဖို့အတွက် ကျွန်တော်တို့က အကြံပြုထားတယ်''ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။


စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ်ပြောင်းလဲကာ အစုရှယ်ယာများကို ရောင်းချလိုက်ပါက အစုရှယ်ယာရှင်များပြားလာမည်ဖြစ်ပြီး တောင်သူလယ်သမားများကို ချေးငွေများ ပိုမိုထုတ်ချေးပေးနိုင် မည်ဖြစ် ကြောင်း သိရသည်။ ''စိုက်ပျိုးရေးဘဏ်ကို အများပိုင် ဘဏ်အဖြစ်ပြောင်းလဲလိုက်ရင် တောင် သူတွေအနေနဲ့ လယ်ယာမြေပုံစံ(၇) ကိုအပေါင်ထားပြီးတော့ စိုက်ပျိုးရေး စရိတ်ချေးငွေချေးယူလို့ရမယ်။ လက် ရှိမှာတော့ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိ ကဘဏ်တွေကနေ ချေးငွေရရှိဖို့ အ ခက်ခဲရှိတယ်'' ဟု တွံတေးမြို့နယ်ရှိ တောင်သူဦးစိုးကျော်က ပြောသည်။


လက်ရှိတွင် တောင်သူလယ် သမားများအနေဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေများကို လယ်တစ်ဧက လျှင်ကျပ်တစ်သိန်းချေးငွေရရှိခဲ့သော်လည်း ရာသီဥတုဖောက်ပြန်မှုနှင့် လယ်ယာလုပ်သားရှားပါးခြင်းကြောင့် စက် ယန္တရား များကိုအသုံးပြုကာ လုပ်ကိုင်နေရသဖြင့် လယ်တစ်ဧက လျှင်ကျပ်နှစ်သိန်းမှ ကျပ်သုံးသိန်းဝန်းကျင်ကုန်ကျနေကြောင်း တောင်သူလယ်သမားများထံမှသိရသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် အနေဖြင့် တောင်သူများချေးငွေ ပိုမိုရရှိအောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးဘဏ်အား ဖွံ့ဖြိုးအောင် ဆောင်ရွက်ရေးစီမံချက်၊ မျိုးထုတ်လုပ် ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကပူး ပေါင်းဆောင်ရွက်ရေး၊ လယ် ယာမြေ ပြုပြင်ရေးအတွက် အစိုးရမှကူညီ ဆောင်ရွက်ပေးရန် တောင်သူအကျိုး စီးပွားဥပဒေအသက်ဝင်ရေး ဆောင် ရွက်ပေးရန် စသည့်ကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကိုတင်ပြထားကြောင်း သိရသည်။         
YM(MMK)

#Democracy Today

Last modified onMonday, 25 April 2016 12:48
Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Latest from M ဘွယ်

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS