HOT NEWS
Main menu
adv
မိုးကြိုနှင့် မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်တွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ကြိုတင်ပြင်ဆင်ထားရန် မိုးဇလသတိပေးထုတ်ပြန်

မိုးကြိုနှင့် မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်တွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ကြိုတင်ပြင်ဆင်ထားရန် မိုးဇလသတိပေးထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၅

မိုးကြိုနှင့် မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်တွင်း လေဖိအားနည်းရပ်ဝန်းသုံးကြိမ် ဖြစ်ပေါ်ပြီး ဆိုင်ကလုန်းမုန်တိုင်း တစ်ကြိမ်ဖြစ်ပေါ်လာနိုင်ကြောင်း  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိ ပေး ပြောကြားလိုက်သည်။ ယင်းကို ဧပြီ ၂၅ ရက်တွင်ထုတ် ပြန်သည့် ၂ဝ၁၆ ခုနှစ် မိုးဦးကာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များတွင်လည်း ထည့် သွင်း ဖော်ပြထားပြီး အဆိုပါခန့်မှန်းချက်တွင် ဖော်ပြချက်များအရ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ် ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် တစ်ကြိမ်နှင့် ဆိုင်က လုန်းမုန်တိုင်းတစ်ကြိမ် ဖြစ်ပေါ်နိုင် ကြောင်း၊ ယင်းကာလအတွင်း အ နောက်တောင်မုတ်သုံလေသည် အင် အား အသင့်အတင့်ရှိနိုင်ကြောင်း ဖော်ပြထားသည်။


ဒေါက်တာကျော်မိုးဦးက '' မိုး ကြိုကာလနဲ့ မိုးဦးကာလတွေမှာတော့ မုန်တိုင်းကိုလည်း သတိထားဖို့လိုတယ်။ မေလနဲ့ ဇွန်လတွေမှာတော့ မုန်တိုင်းတွေဖြစ်ပေါ်လာနိုင်တဲ့အနေအထားရှိတယ်။ မိုးကြိုကာလနဲ့ မိုးဦး ကာလအတွင်းမှာ လေဖိအားနည်း ရပ်ဝန်းသုံးကြိမ်ဖြစ်ပေါ်ပြီး၊ တစ်ကြိမ်က ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက် ရှိလာနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။ မိုးကြိုကာလမှာ မြန်မာ နိုင်ငံကို မုန်တိုင်းမဝင်တာက လည်း နှစ်နှစ်လောက်ရှိနေပြီ။ ဒါကြောင့် ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ပင်လယ်ရေကြောင်းသွားလာသူတွေအားလုံးလည်း အထူးဂရုပြုသင့်ပါတယ်''ဟု ပြောသည်။ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများဖြစ်ပေါ် ခဲ့သော်လည်း လွန်ခဲ့သည့်နှစ်နှစ်က မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့မှုမရှိခြင်းကြောင့် ပိုမို သတိထားသင့်ကြောင်း သိရသည်။


ဒေါက်တာကျော်မိုးဦးက ''မြန်မာ နိုင်ငံကို ဝင်ရောက်မယ်၊ မဝင်ရောက်ဘူးဆိုတာကတော့ မပြောနိုင်ဘူး။ဖြစ်လာနိုင်တယ်ဆိုပြီး ခန့်မှန်းတာပါ။ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ထားသင့်ပါတယ်''ဟု ဆက်လက် ပြော သည်။ ၂ဝ၁၆ ခုနှစ် မိုးဦးကာလသည် မြန်မာနိုင်ငံအရပ်ရပ်သို့ အနောက် တောင်မုတ်သုံလေ စတင်ဝင်ရောက်သည့်နေ့မှာ ဇွန်လကုန်အထိဖြစ်ပြီး မေ (၁၃ မှ ၁၉)ရက်အတွင်း မြန်မာ နိုင်ငံတောင်ပိုင်းဒေသ များ၊ မေ(၂ဝ- ၂၅)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေ သများ၊ မေ ၂၈ ရက်မှ ဇွန် ၃ ရက် အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေ သများနှင့် ဇွန် (၄ မှ ၁ဝ)ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ဝင်ရောက် မည်ဖြစ်ကြောင်းသိရ သည်။


ယင်းနှင့်ပတ်သက်ပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာသင်တန်းများ ပို့ချနေသူဦးစည်သူလွင်က '' အဓိကက တော့ Management ပါ။ တကယ် ဖြစ်ပြီဆိုရင် ရွာကလူတွေက မြို့ကို တက်ပြေးလာကြပါတယ်။ မြို့တွေ မှာ ဒုက္ခသည်တွေရောက်လာရင် ဘယ်မှာထားမလဲ၊ ဘယ်လိုစဉ်းစားမလဲ၊ အိမ်သာဘယ်လိုသွားမလဲဆိုတာ လေးတွေ ကြိုတင်ပြင်ဆင်စေလိုပါတယ်။ ရွာတွေကော ရှဲလ်တာတွေ ပြန်စစ်ထားပါ။ မကောင်း တာတွေ ပြင်ထားပါ။ ရေချိုတွေစုထားပါ။ ရိက္ခာတွေစုထားပါ။ သက်ကယ်ကုန်း တွေ ရှယ်လ်တာတွေ အသွားလမ်း တွေရှင်းထားပါ။ တစ်မိသားစုချင်း ကော၊ အဖိုးတန်တာလေးတွေ သန်း ခေါင်းစာရင်တွေ၊ ငွေတွေ၊ လက်ဝတ် ရတနာတွေကို ရေလုံအိမ်ထဲထည့် စဥ့်အိုးထဲ ထပ်ထည့် မြေကြီးကိုနက် နက်တူးပြီး မြှုပ်ရမယ်။ အဲဒီမြှုပ်ထား တဲ့နေရာကို မိသားစုဝင်တွေအားလုံး ကို ပြထားဖို့လိုပါတယ်''ဟုပြောသည်။


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာနကဦးဆောင်ပြီး ကူညီကယ်ဆယ် ရေးလုပ်မယ့် NGO များ၊ CSO များ၊ CBO များ၊ ပရဟိတများကို အစည်း အဝေးခေါ်ယူပြီး ကူညီကယ် ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်  ဆောင်ရွက်သင့်ကြောင်း၊  ထောက်ပံ့ ရေးပစ္စည်းများ လိုအပ်သည့်နေရာ တိုင်း ရရှိနိုင်ရန် လုပ်ဆောင်ပေးရ မည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာအစိုးရ အဖွဲ့အစည်းများ အနေဖြင့် တစ်ခုခု ဖြစ်လာပါက ချက်ချင်း Response လုပ်နိုင်ရန် ဖုန်းနံပါတ်များ ပေးထား ပေးရန်လိုအပ်ကြောင်း၊  ဖြစ်လာခဲ့ပါ က မည်သို့လုပ်ဆောင်ရမည်ဆိုသည် ကို ရွာများအလိုက် ကြိုတင်ဇာတ်တိုက် ထားရန် လိုအပ်ကြောင်း ဦးစည်သူ လွင်က ဆက်လက်ပြောသည်။ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများသည် ဧပြီလ၊ မေလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ များတွင် ဖြစ်ပေါ်လေ့ရှိသည်။

AA

#Democracy Today

Rate this item
(2 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS