HOT NEWS
Main menu

ရိုဟင်ဂျာ မရှိကြောင်း အထောက်အထားစာတမ်းများ နိုင်ငံတော်အစိုးရ အပါအဝင် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများသို့ ပေးပို့မည်

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း အထောက်အထားစာတမ်းများကို နိုင်ငံတော်အစိုးရအပါအဝင် ကုလ သမဂ္ဂနှင့် အနောက်နိုင်ငံများသို့ ပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာတမ်းကို ဇွန်လအတွင်း ပေးပို့ရန် ပြင်ဆင်ထားပြီး အမျိုးသားရေးဦးဆောင်ဆရာတော်များနှင့် အမျိုးသားရေးလှုပ်ရှားသူများ စုပေါင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားရေး ကွန်ရက်ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က ဖလားဝါးနယူးစ် သို့ပြောသည်။

၎င်းက ''အရင်တုန်းကလဲ စာတမ်း ဖတ်ပွဲတွေ လုပ်ခဲ့ဖူးတယ်လေ။ နောက်ပိုင်းမှာလဲ ပညာရှင်တချို့က စာတမ်းတွေရေးဖို့ရှိ ပါတယ်။ နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေ၊ UN တို့၊ EU တို့၊ အမေရိကန်တို့က သက်ဆိုင်ရာကော်မရှင်တွေကို ပေးပို့သွားဖို့ရှိပါတယ်။ ရိုဟင်ဂျာဆိုတာမရှိဘူးဆိုတဲ့ သမိုင်းကြောင်းနဲ့ပတ်သက်ပြီး ရှာဖွေစုဆောင်းထားတဲ့အ ချက်အလက်တွေကို ဖြန့်ဝေတဲ့သဘောပါ။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလဲမဟုတ်ကြောင်း၊ ရိုဟင်ဂျာလို့ အမည်ခံနေတဲ့သူတွေ က ရိုဟင်ဂျာဆိုတာ ဘယ်ကနေ စတင်သုံးစွဲလာတယ်ဆိုတာလေးတွေကို ကျွန်တော်တို့ အထောက်အထား၊ အချက် အလက်တွေကို ပေးပို့သွားမှာပါ''ဟု ပြောသည်။

တစ်ဖက်မှာလည်း အမျိုးသားရေးဦးဆောင်ဆရာတော်များနှင့် အမျိုးသားရေးလှုပ်ရှားသူများက နိုင်ငံတော်အစိုးရမှ ရိုဟင်ဂျာနှင့်ပတ်သက်ပြီး တရားဝင် သဘော ထား ကြေညာချက် ထုတ်ပြန်ပေးရန်နှင့် လွှတ်တော်မှ လူမျိုးအတုအယောင်မရှိကြောင်း အဆုံးအဖြတ်ပေးရေးနှင့် လွှတ်တော်တွင် အဆိုတင်သွင်းရေးတို့ကို ဆက်လက်တောင်း ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် တိုင်းရင်းသားလူမျိုးစုစာ ရင်းမဟုတ်သည့် လူမျိုးအမည်အား သုံးစွဲနေခြင်းကို တားမြစ်သည့်ဥပဒေတစ်ရပ် အမြန် ဆုံးပြဋ္ဌာန်းပေး ရန်နှင့် နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာတိုင်းရင်းသားမဟုတ်သူကို တိုင်းရင်းသားလုပ်ကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးပုတ်ခတ်နေမှုအား တာဝန်ယူဖြေရှင်း ပေးရန် စသည့် တောင်းဆိုချက်များလည်း ပါဝင်သည်။

''ဘုန်းကြီးတို့ကလဲ ဆန္ဒပြတာတွေ သိပ်မလုပ်ချင်ဘူး။ ညင်ညင်သာသာလေးနဲ့ ပျော့ပျော့ပျောင်းပျောင်းလေးပဲ စာရေးပြီး တောင်းဆိုသွားမှာ၊ အရင်ဦးသိန်းစိန်အစိုးရ တုန်းကလဲ ရိုဟင်ဂျာဆိုတာ တရားဝင်မရှိဘူးဆိုတာ ပြောကြားခဲ့ပါတယ်။ လက်ရှိနိုင်ငံ တော်အစိုးရအနေနဲ့လဲ မြန်မာ့မျိုးနွယ်စုတိုင်း ရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာမပါဘူး ဆိုတာကို ပြည်တွင်းပြည်ပတွေ အားလုံးကနေ ကြေညာပေးဖို့အတွက် တောင်းဆိုသွားမှာ''ဟု မဘသ(ဗဟို)အတွင်းရေးမှူးဆရာ တော် ဦးပါမောက္ခက မိန့်ကြားသည်။

အစိုးရသစ်လက်ထက်တွင် အမေရိကန်သံရုံးမှ စစ်တွေစက်လှေမှောက်သေ ဆုံးသူများကို ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်း ဟု စတင်သုံးနှုန်းခဲ့ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံ တော်အစိုးရအနေနှင့် ရိုဟင်ဂျာနှင့်ပတ်သက်ပြီး အစိုးရမှ တရားဝင်သဘောထားကြေညာ ချက်ထုတ်ပြန်ပေးရန် ရန်ကုန်၊ မန္တလေး၊ ပုသိမ်မြို့တို့ရှိ အမျိုးသားရေးလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယခုလ၂၂ ရက်တွင် တောင်ကြီးမြို့ရှိ အမျိုးသားရေးလှုပ် ရှားသူများက ဆက်လက်တောင်းဆိုသွားမည် ဖြစ်ကြောင်းသိရသည်။

''ဆန္ဒထုတ်ဖော်ပွဲတွေ ကျင်းပရခြင်းရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရတာဝန်ရှိသူတွေက ဘင်္ဂါလီဆိုတဲ့လူတွေကို ရိုဟင်ဂျာအဖြစ် သုံးနှုန်းသွားတာကို လက်မခံနိုင်ကြောင်း ကန့်ကွက်ကြေညာပေးရုံပါပဲ။ အဲဒီလို ကြေညာပေးမယ်ဆိုရင် ဒီဆန္ဒထုတ်ဖော်ပွဲတွေလဲ ပြီးဆုံးသွား မှာဖြစ်ပါတယ်။ ကြေညာပေးခြင်းမရှိဘူးဆို ရင် ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ တောင်ကြီးမြို့တွေမှာ ကျင်းပသလိုပဲ တခြားမြို့နယ်တွေမှာလဲ နောက်ထပ်ဆန္ဒထုတ်ဖော်ပွဲတွေ ကျင်းပကြမယ်လို့ သက်ဆိုင်ရာဒေသတွေက ဆက်သွယ်လာကြတာရှိပါတယ်''ဟု ဦးဝင်းကိုကို လတ်က ဆိုသည်။



စိုးချစ်ချစ်ပိုင် ၊ (Flower News Journal, 12-19)

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS