Main menu
HOT NEWS
adv
မြန်မာအပါအဝင် အမျိုးသမီးသတင်းထောက်လေးဦး  နယူးယောက်မှ ချီးမြှင့်သည့်ဆုရရှိ

မြန်မာအပါအဝင် အမျိုးသမီးသတင်းထောက်လေးဦး နယူးယောက်မှ ချီးမြှင့်သည့်ဆုရရှိ

ရန်ကုန်၊ မြန်မာအမျိုးသမီး သတင်း ထောက်အပါအဝင် အမျိုးသမီးသတင်း ထောက်လေးဦးအား (၆၇)ကြိမ်မြောက် George Polk Awards In Jounalism(New York) ဆုအား ချီးမြှင့် လိုက်သည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ဆုချီးမြှင့်ခံရသည့် အမျိုးသမီးသတင်းထောက်မှာ မအက် စတာထုဆန်ဖြစ်ပြီး ကျန်သုံးဦးမှာ အ မေရိကန်နိုင်ငံမှ ဖြစ်သည်။

ယင်းတို့လေးဦးသည် အင်ဒိုနီး ရှားနိုင်ငံရှိ အရှေ့တောင်အာရှ ပင် လယ်စာစက်ရုံအတွင်း လူ့အခွင့်အ ရေး ချိုးဖောက်ခံရသည့် ရေလုပ်သား များအကြောင်း စုံစမ်းဖော်ထုတ် ရေး သားနိုင်ခဲ့သည့်အတွက် အဆိုပါဆု အား ရရှိခြင်းဖြစ်သည်ဟု သိရသည်။

ယင်းတို့လေးဦးသည် Associated Press(AP) သတင်းဌာနမှ သ တင်းထောက်များဖြစ်ပြီး ယင်းသတင်း အား ဖော်ပြရန်အတွက် တစ်နှစ်ကျော် အချိန်ယူခဲ့ရသည်ဟု သိရသည်။

ယင်းအမျိုးသမီးလေးဦးက လူ့ အခွင့်အရေး ချိုးဖောက်ခံရသည့် ရေ လုပ်သားများအကြောင်း သတင်းထုတ် ဖော် ရေး သားပြီးနောက် ရေလုပ်သား ၂၀၀၀ ကျော်လွတ်မြောက်ခဲ့ခြင်း ဖြစ် သည်။

Journalist 2

ထိုသို့ ကျွန်ပြုခံရသည့် ရေလုပ် သားများ ပြန်လည်လွတ်မြောက်လာ မှုအပေါ် မအက်စတာထုဆန်က ''ရေ လုပ်သား အယောက် ၂၀၀၀ ကျော် ပြန်လွတ်လာတဲ့အပေါ်မှာ သူတို့က သတင်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံတစ် ခုပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်ပြောင်းလဲဖို့ အတွက် ရပ်တည်တဲ့ အဖွဲ့ဖြစ်တဲ့အ တွက် အဲဒီမှာတုန်းက လူအယောက် ၂၀၀၀ ကျော် လွတ်လာတဲ့အတွက် သူတို့က ဒီဆုကိုပေးတာဖြစ်ပါတယ်'' ဟု ရှင်းပြသည်။

AP သတင်းဌာနမှ ဆုရရှိသူ လေးဦးမှာ Margie Moson, Robin Mc Dowell, Martha Mendoza နှင့် မြန်မာနိုင်ငံမှ မအက်စတာထုဆန် တို့ဖြစ်ကြသည်။

George Polk ဆုရရှိသူများ အား ဖေဖော်ဝါရီ ၁၄ ရက်က အမေ ရိကန်အခြေစိုက် Long Island တက္က သိုလ်မှ ကြေညာပေးခဲ့ခြင်းဖြစ်သည်။

''တကယ်တမ်းကျတော့ ဒီဆုတွေ ဆိုတာက နာမည်ပဲ ရှိတာပါ။ ရေလုပ် သားတွေ အထူးသဖြင့် မြန်မာနိုင်ငံ သားတွေ နှစ်ပေါင်း များစွာ ပျောက် သွားတဲ့လူတွေ ပြန်ရောက်လာနိုင်တာ ကိုပဲ ဆုအဖြစ် သတ်မှတ်ထားပါတယ်'' ဟု မအက်စတာထုဆန် က ပြောသည်။

George Polk Awards In Journalism (New York) ဆုအား ၁၉၄၉ ခုနှစ်တွင် စတင်ပေးအပ်ခဲ့ ခြင်းဖြစ်ပြီး ဂရိနိုင်ငံ ပြည်တွင်းစစ်အ တွင်း သတင်းယူစဉ် သေဆုံးသွားသည့် George Polk ကို ဂုဏ်ပြုသည့်အ နေဖြင့် ပေးအပ်ခြင်းဖြစ် သည်ဟုသိ ရသည်။

အောင်ထူးနိုင်

Rate this item
(1 Vote)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com

Related items

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616