HOT NEWS
Main menu
ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်သို့ မြန်မာတောင်တက်သမားသုံးဦး တက်ရောက်မည်

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်သို့ မြန်မာတောင်တက်သမားသုံးဦး တက်ရောက်မည်

ရန်ကုန်၊ မတ် ၂၄

ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်သော ဧဝရက်တောင်ထိပ်သို့ မြန်မာနိုင်ငံကိုယ်စားပြုအ ဖြစ် တောင်တက်သမားသုံးဦးတက် ရောက်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ တောင်တက်ခရီး စဉ် နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မတ် ၂၄ ရက်တွင် လှိုင်မြို့နယ်ရှိ ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းရုံးတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဧဝရက်တောင်ထိပ်သို့ တက်ရောက် မည့်ခရီးစဉ်ကို ယခု လ ၂၆ ရက်တွင် စတင်မည်ဖြစ်ပြီး တောင်စတင်တက်မည့်နေ့ကို ဧပြီ ၂ ရက်ဟု ရည်ရွယ်ထားကြောင်းနှင့် ဧဝရက်တောင်တက်ဖြစ်သည့် အဓိက ရည်ရွယ်ချက် မှာ မြန်မာနိုင်ငံအလံ အား ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်တွင် လွှင့်ထူနိုင်ရေး၊ နီပေါနိုင်ငံ၏ Eco-tourism လုပ်ငန်းအား လေ့လာနိုင်ရန် နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း မှုပိုင်းဆိုင် ရာများကို လေ့လာရန်ဖြစ် ကြောင်း ¤င်းတောင်တက်ခရီးစဉ်၌ ပါဝင်သည့် တောင်တက်သမား ကိုပြည့် ဖြိုးအောင်က ပြောသည်။


''ဧဝရက်တောင်ထိပ်မှာ မြန်မာ နိုင်ငံအလံလွှင့်ထူဖို့က အထူးရည် ရွယ်ချက်ပါ။ တောင်တက်ရင်း နည်းစနစ်တွေလေ့လာမယ်။ နီပေါနိုင်ငံ Eco-tourism လုပ်ငန်းမှာ တစ် အားဖွံ့ဖြိုးတယ်။ ပြီးရင် ကျွန်တော် တို့နိုင်ငံမှာ ဘယ်လိုပြန်လုပ်လို့ရနိုင် မလဲပေါ့။ နောက်တစ်ခုက  သဘာဝ ပတ်ဝန်းကျင်ဆိုးကျိုးဖြစ်တယ်။ သယံ ဇာတပေါများသလောက် အဲဒီဆိုးကျိုး အများကြီးခံစားရတယ်။ လူတွေလုပ် တဲ့ဆိုးကျိုးရှိလို သဘာဝအလျောက် ဖြစ်တဲ့ဆိုးကျိုးတွေလည်းရှိပါတယ်။ ဒါတွေကို သူတို့ဘယ်လိုလုပ်ထားလဲ ဆိုတာပေါ့။ အဲဒါတွေကို မြန်မာ ပြည် မှာပြန်ပြီးမျှဝေမှာပေါ့။ အဲဒီသုံး ချက်နဲ့တက်မှာဖြစ်တယ်'' ဟု ကိုပြည့် ဖြိုးအောင်က ပြောသည်။


အဆိုပါခရီးစဉ်အတွက် ထူး ဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့ပေး ခြင်းဖြစ်ပြီး တက်ရောက်မည့် တောင် တက်သမားသုံးဦးမှာ TCCM (Technical Climbing Culb of Myanmar) မှ ကိုဝင်းကိုကို၊ ကိုပြည့် ဖြိုးအောင်နှင့် ကိုညီညီအောင်တို့ဖြစ် ကြောင်း သိရသည်။''အခုလို ထောက်ပံ့ဖြစ်တာက မြန်မာနိုင်ငံအလံနဲ့မြန်မာမျိုးဆက် သစ်လူငယ်တွေ ကမ္ဘာ့အမြင့် ဆုံး တောင် ထိပ်ပေါ်ကိုရောက်ရှိစေဖို့ ဖြစ်တယ်။ မြန်မာနိုင်ငံအလံသာ တောင်ထိပ်ရောက်မယ်ဆိုရင် အရမ်းဝမ်းသာရမှာ။ အောင်မြင်စွာနဲ့ မြန်မာ နိုင်ငံတော်အလံကို ကမ္ဘာ့အမြင့်ဆုံး တောင်မှာ စိုက် ပြီးတော့ ကောင်းမွန် စွာပြန်လာနိုင်ကြမယ်လို့ ယုံကြည် ပါတယ်''ဟု ထူးဖောင်ဒေးရှင်းမှစီအီး အိုဦးပေါ်မြင့်ဦးက ပြောသည်။ အဆိုပါ ဧဝရက်တောင်ထိပ်သို့ တက်ရောက်နိုင် ရန်အတွက် အ ချိန်အားဖြင့် ရက်ပေါင်း ၆ဝ ကျော် ကြာမြင့်နိုင်မည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံတော်အလံကိုလွှင့်ထူနိုင်ရန်နှင့် အောင်မြင်စွာပြန်လာနိုင်စေဖို့အတွက် အကောင်းဆုံးကြိုးစား လုပ်ဆောင်သွားမည့်အပြင် တောင် တက်သမားကောင်းတစ်ဦးဖြစ်စေရန် လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း တောင်တက်သမား ကိုဝင်းကိုကိုက ပြောသည်။


ဧဝရက်တောင်စတင်တက်သည့်အချိန်မှစ၍ တောင်ထိပ်သို့ အောင်မြင်စွာရောက်ရှိပြီး မြန်မာ နိုင်ငံအလံတော်စိုက်ထူနိုင်ကာ  အောင်အောင်မြင်မြင်ဖြင့် မြန်မာ နိုင်ငံသို့ပြန်လည်ရောက်ရှိသည်အ ထိ အဖြစ်အပျက်အကြောင်းအရာများကို ထုတ်ပြန်သွားရန်စီစဉ်ထားပြီး တောင်တက်စဉ်ကာလအတွင်း မမျှော်လင့်သော အခက်အခဲ၊ အန္တရာယ်တစ်စုံတစ်ရာ အရေးပေါ်အ ခြေ အနေဖြစ်ပေါ်လာပါကလည်း ကူ ညီကယ်ဆယ်မှုများ ချက်ချင်းသိရှိ လုပ်ဆောင်စေနိုင်မည့်နည်းပညာ စက်ပစ္စည်းများ  အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။


''အကောင်းဆုံးကို ပြင်ဆင် ထားတယ်။ အဆိုးဆုံးကိုမျှော်လင့် ထားတယ်။ အဲဒီတော့ အဆိုးဆုံးအ တွက်ကိုလည်း ကျွန်တော်တို့က အားလုံးပြင်ဆင်ထားပြီးသား။ အကယ်၍ဖြစ်ခဲ့သည် ရှိသော် ကျွန် တော်တို့ဆီမှာ နည်းပညာပိုင်းဆိုင် ရာပစ္စည်းအကုန်ပါတယ်။ ခလုတ် ကလေးနှိပ်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာ သိရှိနိုင်မှာဖြစ်တယ်။ ဒီ နှစ်မှာ ငလျင်လှုပ်နိုင်မယ်လို့အား လုံးကလည်းပြောကြတယ်။ ကျွန်တော်တို့ကအတတ်နိုင်ဆုံး အကောင်း ဆုံးပြင်ဆင်ထားပါတယ်။ ကျွန်တော် တို့က အကောင်းဆုံးတောင်တက် သမားတွေမဟုတ်ပါဘူး။ကျွန်တော် တို့ထက်တော်တဲ့ တောင်တက်သမား တွေ ရှိပါတယ်။ ဒေါ်လာသိန်းနဲ့ချီတဲ့ခရီးစဉ်ကြီးလည်းဖြစ်ပါတယ်''ဟု တောင်တက်သမားတစ်ဦးဖြစ်သူ ကိုညီညီအောင်ကဆိုသည်။ ယင်းတောင်ထိပ် သို့တက်ရောက်မည့် တောင်တက်သမားသုံးဦးမှာ တောင်တက်အတွေ့အကြုံ ၁ဝ နှစ် ကျော်ရှိသောတောင်တက်သမားများ ဖြစ်ကြောင်း သိရသည်။


TGH

#Democracy Today

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS