HOT NEWS
Main menu
adv

သမ္မတဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တစ်ကိုယ်တော်လမ်းလျှောက်

ရန်ကုန်၊ ဧပြီ ၂၂

နိုင်ငံတော်သမ္မတဦးထင်ကျော် အစိုးရအဖွဲ့နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တို့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဦးအောင်သူသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုသို့ ဧပြီ ၂၂ ရက်မှစတင်၍ တစ်ကိုယ်တော်လမ်းလျှောက်ခြင်း ပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။  ၎င်းသည် မြိတ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှစတင်ကာ တစ်ကိုယ်တော် လမ်းလျှောက်ခြင်းဖြစ်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၄ ခုသို့ ရက် ပေါင်း ၁ဝဝ အတွင်း တစ်ကိုယ်တော် လမ်းလျှောက်မည်ဖြစ်ကြောင်း သိရ သည်။

Read more...

မူလတန်းပြမှ အလယ်တန်းပြသို့ ရာထူးတိုးရန် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရမည့်မူဝါဒကို ပညာရေးဝန်ကြီးဌာနမှ ပြန်လည်သုံးသပ်ပေးသင့်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ဆို

ရန်ကုန်၊ဧပြီ ၂၁

မူလတန်းပြမှအ လယ်တန်းပြသို့ ရာထူးတိုးမြှင့်ရာတွင် အရည်အချင်းစစ်စာမေးပွဲဖြေဆိုရမည့် မူဝါဒအပေါ်တွင် ပညာရေးဝန်ကြီးဌာနမှ ပြန်လည်သုံးသပ်ပေးရန်အတွက် မြန်မာနိုင်ငံ လုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဦးဆောင်တင် ပြသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အ ခြေခံပညာကျောင်းများမှ မူလ တန်း ပြမှ အလယ်တန်းပြသို့ ရာထူးတိုး မြှင့်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အရည်အချင်းစစ်ရေးဖြေစာ မေးပွဲကိုမပျက်မကွက်ပြုလုပ်ရန် ယခု နှစ်ဆန်းပိုင်းက သတ်မှတ်လိုက်သည့် အတွက် အခြေခံပညာဆရာ၊ ဆရာမအသိုင်းအဝိုင်းတွင် ယင်းကိစ္စအ ပေါ်တွင် တရားမျှတမှုမရှိသည့်အ တွက် ပြန်လည်သုံးသပ်နိုင်ရန်မြန်မာ နိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး ပညာရေးဝန် ကြီးဌာနထံသို့ တင်ပြသွားမည်ဖြစ် ကြောင်း ယင်းအဖွဲ့ချုပ်မှသိရသည်။

Read more...

ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် နိုင်ငံတကာအဆင့်မီ ၁၂ထပ်တိုက် ၁၁လုံးကို လှိုင်တက္ကသိုလ်နယ်မြေအတွင်း တည်ဆောက်နေ

ရန်ကုန်၊ ဧပြီ ၂ဝ

ဆရာ၊ ဆရာမ များအပါအဝင် ပညာရေးဝန်ထမ်း များနေထိုင်နိုင်ရန်အတွက် နိုင်ငံတ ကာအဆင့်မီ ၁၂ ထပ်တိုက် ၁၁ လုံးကို ပညာရေးဝန်ကြီးဌာနမှ တည်ဆောက်လျက်ရှိကြောင်း သိရ သည်။ ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမများနှင့် ဝန်ထမ်းများနေထိုင် နိုင်ရန်အတွက် ယင်း ၁၂ ထပ်တိုက် များကို လှိုင်တက္ကသိုလ်နယ်မြေအ တွင်းတွင်တည်ဆောက်လျက်ရှိပြီး အဆိုပါတိုက်များတွင် ကားအစီး ရေတစ်ထောင်ကျော်ရပ်နားနိုင်သော ကားပါကင်၊ ဓာတ်လှေကားများ ကိုပါထည့်သွင်းတည်ဆောက်ထား ကြောင်း၊ အဆောက်အအုံအမျိုးအ စားများကို ခုနစ်ခန်းတွဲ၊ ၁၅၆ ခန်း ပါဝင်သော ၁၂ထပ်တိုက် နှစ်လုံး၊ ခုနစ်ခန်းတွဲအခန်းပေါင်း ၁၆၂ ခန်း ပါဝင်သော ၁၂ထပ်တိုက် နှစ်လုံး၊ အခန်းပေါင်း ၆၃၂ ခန်းပါဝင်သော ရှစ်ခန်းတွဲ ၁၂ထပ်တိုက် ခုနစ်လုံး နှင့် တစ်ထပ်ခွဲရှိသော Community Center တစ်လုံးတို့ပါဝင်ကြောင်း အဆင်ြ့မင့်ပညာဦးစီးဌာနမှသိရသည်။

Read more...

မူလတန်းပြအဆင့်မှ အလယ်တန်းပြအဆင့်သို့ ရာထူးတိုးလျှောက်ထားသူများ၏ အရည်အချင်းစစ်စာမေးပွဲကို မေလဆန်းတွင် ကျင်းပမည်

ရန်ကုန်၊ ဧပြီ ၂ဝ

အခြေခံပညာ မူလတန်းပြအဆင့်မှ အလယ်တန်း ပြအဆင့်သို့ ရာထူးတိုးလျှောက်ထားသူများ၏ အရည်အချင်းစစ်စာမေးပွဲကို မေလဆန်းတွင် ကျင်းပမည်ဖြစ် ကြောင်းသိရသည်။ ပညာရေး ဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာနလက်အောက်ရှိ အခြေခံ ပညာကျောင်းများမှ မူလတန်းပြရာထူးမှ အလယ်တန်းပြသို့ ရာထူးတိုး မြှင့်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အရည်အချင်း စစ် ရေးဖြေစာမေးပွဲကို မပျက်မကွက်ပြုလုပ်ရန် သတ် မှတ်လိုက်ရာရာထူးတိုးစာမေးပွဲ ဖြေဆိုရန် လျှောက်ထားသည့် ဆရာ၊ ဆရာမများကို မေလလဆန်း ပိုင်း တွင် အရည်အချင်းစစ်စာမေး ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

Read more...

လိပ်ကျွန်းအမှုနှင့်ပတ်သက်၍ အချက်အလက်ရယူရန် ဝင်းနှင့် ဇော်ထံ တွေ့ဆုံခွင့်တားမြစ်ခံရမှု ထိုင်းအစိုးရသို့ တိုင်ကြား

ရန်ကုန်၊ ဧပြီ ၂ဝ

လိပ်ကျွန်းအမှု အယူခံအတွက် ဝင်းနှင့်ဇော်ထံ အချက်အလက်တောင်းခံရန် တွေ့ ဆုံခွင့်တားမြစ်ခံရသဖြင့် သက်ဆိုင်ရာ ထိုင်းအစိုးရထံ တိုင်ကြားထား ကြောင်း မြန်မာသံရုံးအထူးစုံစမ်းရေး အဖွဲ့မှသိရသည်။ လက်ရှိတွင် အယူခံလွှာတင်သွင်းနိုင်ရန် အချက်အလက်စုဆောင်းမှု ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ် သော်လည်း အချက်အလက်ပိုမိုပြည့်စုံစွာ တင်ပြနိုင်ရန် တရားရုံး မှလည်း နောက်ဆုံးအကြိမ်ခွင့်ပြုချက်အဖြစ် မေလ ၂၃ ရက်နေ့အထိ အချိန်တစ် လ ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း၊ ဝင်းနှင့်ဇော်ထံ အချက်အလက်များ တွေ့ဆုံမေးမြန်းခွင့်ကို ဘန်ကောက် မြို့ရှိ ဘန်ခဝန်အကျဉ်းထောင် ဝန်ထမ်းများက ရှေ့နေများကို ထောင်အတွင်းဝင်ခွင့်ပေးသော်လည်း မြန်မာစကားပြန်ကို ဝင်ခွင့်မပြုသဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း မြန်မာသံရုံးအထူး စုံစမ်းရေးအဖွဲ့ဝင်ရှေ့နေ ဦးအောင်မျိုးသန့်က ဧပြီ ၂ဝ ရက် တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

Read more...
adv

adv

FacebookG+TwitterRSS