HOT NEWS
Main menu

အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၈၄ သိန်းအထိ ထပ်မံမြင့်တက်လာ

ရန်ကုန်၊ ဧပြီ ၇

ရန်ကုန်ကားဈေး ကွက်အတွင်း အမည်ပေါက် စလစ် တစ်စောင်လျှင် ကျပ်၈၄သိန်းထိထပ်မံ မြင့်တက်လာကြောင်း ရန်ကုန်မြို့အ ခြေစိုက်မော်တော်ယာဉ်အရောင်း ဝယ်ပြုလုပ်သူများ ထံမှ သိရသည်။ အမည်ပေါက်စလစ်ဝယ်ယူပါ က ကားဟောင်းဝယ်ပြီး စလစ်ထုတ် ကာ အမည်ပြောင်း၍ ဝယ်ယူရခြင်း ဖြစ်ပြီး လက်ရှိအကောက်ခွန်အနေ ဖြင့် အမည်ပြောင်းပါက အခွန်ကို ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်သည့် အတွက် အမည်ပေါက်စလစ်တစ်စောင် ကို ကျပ်၈၄သိန်းအထိမြင့်တက်သွား ကြောင်း သိရသည်။

Read more...

မြန်မာ-အီတလီနှစ်နိုင်ငံအစိုးရတို့အကြား ယဉ်ကျေးမှု၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး

ရန်ကုန်၊ ဧပြီ ၇

မြန်မာနိုင်ငံအစိုးရ နှင့် အီတလီနိုင်ငံအစိုးရတို့အကြား ယဉ်ကျေးမှု၊ သိပ္ပံနှင့်နည်းပညာပူး ပေါင်းဆောင်ရွက်ရေးသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးလိုက် ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာ နမှ သိရသည်။

Read more...

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် ငှက်နှင့်တိုက်မိခဲ့ပြီးနောက် ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရ

ရန်ကုန်၊ ဧပြီ ၇

ဟဲဟိုး-တာချီလိတ်- ဟဲဟိုးခရီးစဉ်အတိုင်း ထွက်ခွာသွားခဲ့သော မြန်မာအမျိုးသားလေကြောင်း လိုင်းမှလေယာဉ်တစ်စင်း ပျံသန်းနေစဉ်လေယာဉ်ရှေ့ဦးခေါင်းပိုင်း (ဘယ်ဘက်) ငှက်နှင့် တိုက်မိခဲ့သောကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ပြန်လည်ဆင်းသက်ခဲ့ကြောင်း သတင်းရရှိသည်။

Read more...

ကျပ် ၅ဝဝ တန် ထီလက်မှတ် ဆုကြေးတွင် ကျပ်သိန်း ၁ဝဝဝဝ အပြင် ကျပ်သိန်း ၅ဝဝဝ နှင့် ကျပ်သိန်း ၁ဝဝဝ ဆုကြေးများလည်း ပါဝင်မည်

ရန်ကုန်၊ ဧပြီ ၇

ငွေကျပ် ၅ဝဝ တန်ထီလက်မှတ်များအတွက် အမြင့် ဆုံးဆုကြေးအဖြစ် ကျပ်သိန်း ၁ဝဝဝဝ အပြင် ကျပ်သိန်း ၅ဝဝဝ နှင့် သိန်း ၁ဝဝဝ ဆုကြေးများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းဆုကြေးများအပြင် အထူးဆုကြီးစနစ်အဖြစ် ကျပ်သိန်း ၁ဝဝ၊ သိန်း ၅ဝ နှင့် ၁ဝ သိန်းတို့လည်း ပါဝင်မည်ဖြစ်ကာ ကျပ် ၂ဝဝ တန်ထီလက် မှတ်များ၏ဆုကြေးတွင် ပါဝင်သည့် ဝေဝေ ဆာဆာပဒေသာဆုမဲစနစ်ဖြစ် သော ကျပ်သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်းနှင့် ငါးသောင်းတို့လည်း ပါဝင်မည်ဖြစ်သည့်အပြင် ဆုမဲအရေအတွက်ကိုလည်း ယခင်ထက် တစ်သောင်း ကျော် တိုးမြှင့်သွားရန် စီစဉ်ထား ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန အောင်ဘာလေသိန်းဆုဌာန ခွဲမှ သိရသည်။

Read more...

အဝေးပြေးယာဉ်လက်မှတ် ဈေးတင်ရောင်းချမှု ကျပ်ရှစ်သိန်းကျော် မထသစိုက်လျော်ထားဟုဆို

ရန်ကုန် မတ် ၆

အဝေးပြေးလက် မှတ်များ ဈေးတင်ရောင်းချမှုနှင့်ပတ် သက် ၍ မထသ(အဝေးပြေး)မှစိုက် ထုတ်ပြန်လျော်ပေးမှုမှာ ကျပ် ၈၀၇၇၀၀ ရှိပြီဖြစ်ကြောင်း သိရ သည်။ ဧပြီ ၅ ရက်အထိ တိုင်ကြား ခံရသည့် အဝေးပြေးယာဉ်လိုင်းစုစု ပေါင်း ၂၀ လိုင်းရှိပြီး တိုင်ကြားသူ ၅၁ ဦးရှိကာ အဆိုပါယာဉ်လိုင်း များက ပိုမိုရောင်းချခဲ့သည့်လက်မှတ် ၁၆၂ စောင်အတွက် ကျပ်ရှစ် သိန်း ကျော်ကို မ.ထ.သ (အဝေးပြေး) မှ စိုက်ထုတ်လျော်ပေး ထားကြောင်း သိရသည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS