HOT NEWS
Main menu
adv

ပညာရေးကောလိပ်များတွင် လစ်လပ်နေသော နည်းပြသရုပ်ပြရာထူး နေရာများအတွက် အခြေခံပညာကျောင်းများမှ သက်ဆိုင်သည့်ဘာသာရပ် ဆရာ၊ ဆရာမများဖြင့် ဖြည့်ဆည်းခန့်ထားမည်

ရန်ကုန်၊ ဧပြီ ၆

ပညာရေးကောလိပ်များတွင် လစ်လပ်နေသော နည်းပြ သရုပ်ပြ ရာထူးနေရာများအတွက် အ ခြေခံပညာကျောင်းများမှ သက်ဆိုင်သည့် ဘာသာရပ် ဆရာ၊ ဆရာမများ ဖြင့် ဖြည့်ဆည်း ခန့်ထားမည်ဖြစ် ကြောင်း သိရသည်။ ဆရာအတတ်ပညာနှင့် လေ့ ကျင့်ရေးဦးစီးဌာနလက်အောက်ရှိ လွိုင်ကော်၊ ဟားခါး၊ ကသာပညာ ရေးကောလိပ်နှင့် အခြားပညာရေး ကောလိပ်များတွင် နည်းပြ (သင်ပြနည်း၊ ဖွံ့ဖြိုးရေး၊ စာပေ) ရာထူးနေရာများ လစ်လပ်လျက်ရှိကြောင်း၊ ယင်း နေရာများကို အခြေခံပညာကျောင်းများရှိ သက်ဆိုင်ရာဘာသာရပ်အလိုက် အရည်အချင်းပြည့် မီသော ဆရာ၊ ဆရာမများအား ဖြည့်ဆည်း ခန့်ထားရန်ရှိကြောင်း ဆရာအတတ် သင်နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိ ရသည်။

Read more...

ရန်ကုန်မြို့တော်တွင် သင်္ကြန်ရေကစားမဏ္ဍပ်ကြီး ၁၅ ခုသာခွင့်ပြု

ယခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ခွင့်ပြုအရေအတွက်မှာ ၁၅ ခုခန့်သာ ရှိကြောင်း သိရသည်။

အစိုးရအပြောင်းအလဲနှစ်တွင် ကျ ရောက်သည့် သင်္ကြန်ကာလ၌ ဧပြီ ၅ ရက်အထိ ခွင့်ပြုမဏ္ဍပ် အရေအတွက် မှာ ၁၅ ခုခန့်သာရှိကြောင်း ယာဉ်ထိန်း ရုံးမှ သိရသည်။

''ဒီနှစ်သင်္ကြန်မှာ စီးပွားဖြစ်မဏ္ဍပ်တွေကို ခွင့်မပြုလို့ အရေအတွက်နည်းသွားတယ်။ အရင် နှစ်တွေကဆို ကမ္ဘာအေးဘုရားလမ်းမှာ မဏ္ဍပ်တွေအများကြီးပဲ။ ဒီနှစ်တော့ မဏ္ဍပ်မရှိသလောက် နည်းပါတယ်''ဟု ယာဉ်ထိန်းရုံးမှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

Read more...

ဒဂုံစင်တာအရောင်းဆိုင်မှ အမျိုးသမီးဝန်ထမ်းတစ်ဦးကို ကတ်ကြေးဖြင့် ထိုးသည့် ပြစ်မှုကျူးလွန်သူအား စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ချက်ချင်း ဖမ်းဆီးအရေးယူ

ရန်ကုန်၊ ဧပြီ ၆


၆.၄.၂၀၁၆ ရက်နေ့ ၀၉၀၀ အချိန်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ဒဂုံစင်တာ(၁)၊ ဒုတိယထပ်ရှိ ဖန်စီပစ္စည်းဆိုင်တွင် အရောင်းဝန်ထမ်းဖြစ်သူ မ-----သည်ဆိုင်ဖွင့် လှစ်ရောင်းချနေစဉ် ယခင်ကချစ်ကြိုက်ခဲ့ပြီးလမ်းခွဲသွားသူ ကမာရွတ်မြို့နယ်နေ နေဒွေး(၂၃)နှစ် ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး ၎င်းနှင့်လမ်းခွဲသည့်ကိစ္စ အပေါ်မကျေနပ်သဖြင့် အသင့်ယူဆောင်လာသော ကတ်ကြေးဖြင့် မ-----အားထိုးခဲ့ရာ ယာမျက်လုံးပေါက်ဒဏ်ရာ၊ ၀ဲမျက်လုံးအောက်၊ ၀ဲနားထင်၊မေးစေ့၊ ယာလက်ခုံ၊ ယာလက်ဖ၀ါး၊ယာချိုစောင်းတို့တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပိုအပ်၍ ဆေးကုသမှုခံယူလျက်ရှိပါသည်။

Read more...

သင်္ကြန်ရုံးပိတ်ရက်များအတွင်း အမြန်ချောပို့လုပ်ငန်းများ ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည်

ရန်ကုန်၊ ဧပြီ ၅

နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်များအတွင်း မြန်မာ့စာတိုက်လုပ်ငန်းမှ အမြန်ချောပို့လုပ်ငန်းများကို ပိတ်ရက်မရှိဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန  မြန်မာ့စာတိုက်လုပ်ငန်းမှသိရသည်။ အဆိုပါနှစ်သစ်ကူးသင်္ကြန်ရုံး ပိတ်ရက်များအတွင်းမြန်မာ့စာတိုက်လုပ်ငန်းသည် အမြန်ချောပို့လုပ်ငန်းကိုပိတ်ရက်မရှိ ဖွင့် လှစ်ဆောင် ရွက်ပေးသွားမည်ဖြစ်သော်လည်း စာ ဝေလုပ်ငန်းနှင့် ကြေးနန်းစာဝေလုပ်ငန်းများကို ဧပြီ ၁၄ ရက်နှင့် ၁၈ ရက် နှစ်ရက်သာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ စာတိုက်လုပ်ငန်း၊ ရန်ကုန်စာတိုက်ကြီးမှ သိရသည်။

Read more...

အိပ်ပျော်နေစဉ် တစ်ရပ်ကွက်တည်း နေထိုင်သူက သားမယား ပြုကျင့်သဖြင့် အရေးယူပေးရန် တိုင်တန်းအမှုဖွင့်

ရန်ကုန်၊ ဧပြီ ၅

ကြည့်မြင်တိုင် မြို့နယ်တွင် နေအိမ်၌ တစ်ယောက်တည်း အိပ်ပျော်နေစဉ် တစ်ရပ်ကွက်တည်းနေထိုင်သူက ရောက်ရှိလာပြီး ပါးစပ်ကိုလက်ဖြင့်အတင်းပိတ်ကာ သားမယားပြုကျင့် မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး သတင်းထုတ်ပြန်ချက်အရ သိရ သည်။

Read more...
adv

adv

FacebookG+TwitterRSS