Main menu
HOT NEWS
adv

ရက် ၁ဝဝ စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်မရှိသော လုပ်သားများကို သင်္ကြန်ပြီးလျှင် မှတ်ပုံတင် လုပ်ပေးမည်

ရန်ကုန်၊ ဧပြီ ၎

အစိုးရသစ်၏ ရက် ၁ဝဝ စီမံချက်လုပ်ငန်းစဉ်တစ်ခုအ ဖြစ် နိုင်ငံသားကတ်မရှိသည့် စက်ရုံ အလုပ်ရုံမှလုပ်သားများကို စစ်တမ်း ကောက်ခံ၍ လဝကနှင့်အလုပ်သမား ဦးစီးဌာနတို့ပူးပေါင်းကာ မှတ်ပုံတင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါစစ်တမ်းကို သင်္ကြန်ပိတ်ရက်ပြည့်ပြီး စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်ချိန်တွင် ကောက်ခံမည်ဖြစ်သည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အစိုးရသစ် ပြည်သူ့အကျိုးပြုလုပ်ငန်း ရက်တစ်ရာစီမံချက်တွင်ပါဝင်သည့် လုပ်ငန်းစဉ်များထဲမှ လုပ်ငန်းစဉ်တစ်ရပ် အဖြစ် ပြုလုပ်ပေး ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ ဧပြီ ၄ ရက်က သိရသည်။

Read more...

ုမြန်မာ့ရိုးရာ သင်္ကြန်ကာလမတိုင်မီနှင့် သင်္ကြန်ကာလအတွင်း ကာမစိတ်ကြွဆေးများနှင့် မူးယစ်ဆေးများကို အထူးကြပ်မတ်စွာ စစ်ဆေးသွားမည်၊ တွေ့ရှိပါက ထိထိရောက်ရောက် အရေးယူမည်ဟုဆို

aတာင်ငူ၊ ဧပြီ ၎

မြန်မာနိုင်ငံတွင် နှစ်စဉ်အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိနေသော မြန်မာ့ရိုးရာသင်္ကြန် ပွဲတော်ကာလမတိုင်မှီနှင့် သင်္ကြန်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ကာမ စိတ်ကြွဆေးများနှင့် မူးယစ်ဆေးများ ကို အထူးကြပ်မတ်စွာ စစ်ဆေးသွားမည်ဖြစ်ပြီး တွေ့ရှိပါက ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ များက ဧပြီလ၊ ၄ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...

သင်္ကြန်ကာလတွင် အမျိုးသမီးများ ဆွေမျိုးမဟုတ်သူများနှင့် လည်ပတ်ခြင်းနှင့် ၎င်းတို့ကျွေးသော အစားအသောက်များကို သောက်စားခြင်းမှရှောင်ကြဉ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်ဆင်းဆော်သြ

ရန်ကုန်၊ ဧပြီ ၃

သင်္ကြန်ကာလအတွင်း အမျိုးသမီးများ ဆွေမျိုးသား ချင်းမဟုတ်သူများနှင့် လည်ပတ်ခြင်း နှင့် ၎င်းတို့ကျွေးသောအစားအသောက်များသောက်စားခြင်းမှ ရှောင်ကြဉ်ရန်အပါအဝင် မှုခင်းကျ ဆင်းစေရေးအတွက် တုတ်၊ ဓား၊ လက်နက်များ သိမ်းဆည်းသယ်ဆောင်ခြင်းများနှင့် မူးယစ် ဆေးဝါးများရောင်းဝယ်သုံးစွဲခြင်းများ မပြုလုပ်ရန် မြို့နယ်နှင့် ရပ်ကွက်များတွင် သတိပေးဆော် သြမှုများပြုလုပ် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

Read more...

ပြည်ပရောက်ပညာရှင်များ အမိမြေပြန်လာပြီး တိုင်းပြည်ဖွံ့ဖြိုးရေး သဲတစ်ပွင့်အဖြစ်ပါဝင်ကြရန် တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၃

ပြည်ပရောက် တတ်သိပညာရှင်များအနေဖြင့် ဒီမိုကရေစီအစိုးရလက်ထက်တွင် အမိမြေသို့ပြန်လာပြီးတိုင်းပြည်ဖွံ့ဖြိုး ရေးကိုဆောင်ရွက်ကြရန်ပေါင်းစည်း ဝေဆာပြည်မြန်မာလူမှုအဖွဲ့ တည် ထောင်သူ ဒေါ်သဇင်အောင်ကတိုက် တွန်းလိုက်သည်။ ဒီမိုကရေစီအစိုးရသစ်နှင့် တတ်သိပညာရှင်များကြားတံတားသဖွယ်ပေါင်းစပ်ဆောင်ရွက်စေရေး အတွက်အစိုးရသစ်၏ နိဒါန်းနှင့် ပညာရှင်တို့၏ အရုဏ်ဦးဆိုသည့် ဟောပြောပွဲကို ဧပြီ ၃ ရက်နေ့မွန်း လွဲပိုင်းကရန်ကုန်မြို့တော်ဝင်နှင်းဆီ ခန်းမတွင်ပြုလုပ်ခဲ့ရာ၌ ၎င်းကအ ထက်ပါအတိုင်း တိုက်တွန်းလိုက် ခြင်းဖြစ်သည်။

Read more...

အင်ဒိုရောက် လူကုန်ကူးခံ မြန်မာ ၁၉ ဦး ပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဧပြီ ၁

အင်ဒိုနီးရှားနိုင်ငံ အမ်ဘွန်းကျွန်းသို့ လူကုန်ကူးခံခဲ့ရ သည့် မြန်မာရေလုပ်သား၁၉ဦး ပြန် လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ မတ် ၃၁ ရက် ညပိုင်းတွင် မြန်မာ သံရုံးနှင့် IOM တို့၏ အကူအညီဖြင့် ရန်ကုန်သို့ပြန်လည်ရောက်ရှိခဲ့ပြီး ကျန်းမာရေးချို့တဲ့ သူနှစ်ဦးပါဝင်၍ တစ်ဦးကို အင်း စိန်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကာ ကျန်တစ်ဦးကို စိတ်ကျန်းမာရေးဆေးရုံသို့ပို့ဆောင်ရန် လူမှုဝန်ထမ်းဦးစီးဌာနနှင့် IOM (အပြည်ပြည် ဆိုင်ရာရွှေ့ပြောင်းသွားလာမှုဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ မှ သိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191