HOT NEWS
Main menu

စီးပွားရေးဆန်ဆန် လက်မှတ်ရောင်းသော မဏ္ဍပ်များတွေ့ရှိပါက အမြန်ဆုံးဖျက်သိမ်းမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် သတိပေး

ရန်ကုန်၊ ဧပြီ ၁

စီးပွားရေးဆန်ဆန် လက်မှတ်ရောင်းချသော မဏ္ဍပ်များကိုစိစစ်တွေ့ရှိပါက အမြန်ဆုံးဖျက် သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ယခုနှစ်သင်္ကြန်တွင် စီးပွားရေး ဆန်ဆန်မဏ္ဍပ်များမဖြစ်စေရေးအတွက် မဏ္ဍပ်ဆောက်လုပ်ခွင့် လာ ရောက်လျှောက်ထားသူများကို ၎င်းတို့၏မဏ္ဍပ်များ၌ ရေကစားသူများအား အခမဲ့ရေကစားခွင့်ပြု၊မပြုမေး မြန်းပြီးမှသာခွင့်ပြုမိန့်ထုတ်ပေး မည် ဖြစ်ကြောင်း သိရသည်။

Read more...

အဓိပတိယာဉ်လိုင်းများ iPay ကတ်စနစ်နှင့် မိုဘိုင်းဖုန်းဖြင့် ယာဉ်စီးခပေးချေမှုစနစ် ဧပြီလ အတွင်း စတင်လုပ်ဆောင်ရန် စီစဉ်

ရန်ကုန်၊ ဧပြီ ၁

အဓိပတိယာဉ် လိုင်းများတွင် iPay ကတ်ပြန်လည် အသုံးပြုလာစေရန်နှင့် မိုဘိုင်းဖုန်း ဖြင့်ယာဉ်စီးခပေးချေ မှုစနစ် အသုံး ပြုလာစေနိုင်ရန် ဧပြီလမှစတင်လုပ် ဆောင် ရန် စီစဉ်နေကြောင်း မဟာ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်မှ သိရသည်။ ခရီးသွားပြည်သူအားလုံး ipay ကတ်ကို အဓိပတိယာဉ်လိုင်းများတွင် ပြန်လည် အသုံးပြုလာစေရန် ပရိုမိုးရှင်း အစီအစဉ် များ ပြု လုပ်ပေးခြင်း၊ ကားပေါ်များ၌ ipay ကတ်အကြောင်း အရာများအား ရှင်းလင်းပြောပြခြင်း၊ ကားပေါ်မှာပင် ipay ကတ်အပိုများ ထားရှိပေးခြင်း၊ ခရီးသွားပြည်သူများစိတ်ပါ ၀င်စား လာစေရန် ကြေညာ ပေးခြင်းများနှင့် ipay ကတ်အသုံးပြု ပုံများကိုပါ ရှင်းလင်းပြောပြပေးသွား မည့်အပြင် မြန်မာနိုင်ငံ တွင်ပထမ ဆုံးသောမိုဘိုင်းဖုန်းမှ ယာဉ်စီးခပေး ချေမှုစနစ် ကိုပါ အကောင် အထည်ဖော် နိုင်ရန် မဟာဗန္ဓုလသယ် ယူပို့ဆောင် ရေး ကုမ္ပဏီလီမိ တက်နှင့် ကစ္စပနဒီ ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းလုပ် ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

Read more...

လေလံလမ်းတံတားဂိတ် ၁၆၁ ဂိတ်တွင် လမ်းတံတားကြေးကောက်ခံနေမှု ဆောက်လုပ်ရေးဝန်ကြီးဌာနက ဧပြီ ၁ ရက်မှ စတင်ရပ်ဆိုင်း

ရန်ကုန်၊ ဧပြီ ၁

ယခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ ဆောက်လုပ်ရေးဝန် ကြီးဌာနမှ လေလံလမ်းတံတားဂိတ် ၁၆၁ ဂိတ်တွင် လမ်းတံတားကြေး ကောက်ခံနေမှုကို ရပ်ဆိုင်းလိုက် ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လေလံလမ်းတံတားကြေး ကောက်ခံလျက်ရှိသည့် ဂိတ် ၃ဝ၂ ဂိတ်အနက် မှ ဖြေလျှော့ ပေးခြင်းဖြစ်ကြောင်း အဆိုပါထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

Read more...

သင်္ကြန်ကာလအတွင်း ပြည်ဘူတာသို့ပြေးဆွဲသော ရထားခရီးစဉ်အချို့အား ရပ်ဆိုင်းမည်

ပြည်၊ မတ် ၃၁

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့၊ ပြည်ဘူတာကြီးနှင့် ပြေးဆွဲလျက်ရှိသောရထား ခရီးစဉ်အချို့အား သင်္ကြန်ကာလအတွင်း ရပ်နားထားမည်ဖြစ်ကြောင်း ပြည်ဘူတာကြီးမှ သိရှိရ သည်။ သင်္ကြန်ကာလအတွင်း ရပ်နားထားမည့် ရထားခရီးစဉ်များမှာ ပြည်-ရန်ကုန် (၇၁အဆန်/၇၂ အစုန်)၊ ပြည်-နေပြည်တော် (၁ဝ၉ အဆန်/၁၁ဝအစုန်)နှင့် ပြည်-လက်ပံတန်း ခရီးတို ကားရထားခရီး စဉ်တို့ဖြစ်ကြောင်း သိရသည်။

Read more...

သင်္ကြန်အတွင်းပြည်တွင်းရေကြောင်းခရီးစဉ်များ ယာယီရပ်နားမည်

ရန်ကုန်၊ မတ် ၃၁

သင်္ကြန်ကာလ အတွင်း ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးမှ ပြေးဆွဲလျက်ရှိသည့် ရေလမ်းကြောင်း ခရီးစဉ်များကိုယာ ယီရပ်နားသွားမည်ဖြစ်ကြောင်း ပြည် တွင်းရေကြောင်း ပို့ဆောင်ရေး မှ သိရသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည် တွင်းရေကြောင်းပို့ဆောင်ရေးမှ ပြေးဆွဲလျက်ရှိသော ရေလမ်းကြောင်း ခရီးစဉ်များကို သင်္ကြန်အကြိုနေ့မှ စတင်၍ နှစ်ဆန်းတစ်ရက်နေ့အထိ ယာယီ ရပ်နားထားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS