Main menu
HOT NEWS
adv

အီးယူမှ ဗြိတိန် ခွဲထွက်ရေးကို လန်ဒန်၌ ဆန့်ကျင်ဆန္ဒပြ

လန်ဒန်၊ ဇူလိုင် ၃


ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဗြိတိန် နုတ်ထွက်ခဲ့ခြင်းအား မကျေနပ်သူ ထောင်ပေါင်းများစွာတို့က ဇူလိုင် ၂ ရက်က ဆန္ဒပြခဲ့ကြသည်ဟု လန်ဒန်မြို့မှလာသော ဇူလိုင် ၃ ရက် သတင်းများ အရ သိရှိရသည်။ ဆန္ဒပြသူများသည် ၄ဝဝဝဝ ခန့်ရှိသည်ဟု သတင်းများတွင် ဖော် ပြထားသော်လည်း အရေအတွက် ဖော်ပြမှုကို ရဲများက အတည်မပြုခဲ့ချေ။ အီးယူမှ ဗြိတိန်ခွဲထွက်သည်ကို သဘောမတူသူ ဆန္ဒပြ သူများသည် ဝန်ကြီးချုပ်ရုံးရှိရာ အမှတ် (၁ဝ) ဒေါင်းနင်းလမ်းသို့ ကြွေးကြော်သံများ အော်ဟစ်၍ ဖြတ်ကာ ပါလီမန်ရှေ့တွင် လူစုခွဲခဲ့ကြသည်ဟု မျက်မြင်သက်သေများက ပြောဆိုလိုက်သည်။  ''ဗြိတိန် အီးယူက ခွဲ ထွက်ရေးကို မကျေနပ်လို့ ဆန္ဒအမှန်ထုတ် ဖော်ကြတာပါ''ဟု ဆန္ဒပြပွဲ၌ ပါဝင်သူ အသက် ၃၇ နှစ်အရွယ် ကာဆီက အေအက်ဖ်ပီသတင်းဌာနသို့ ပြောဆိုလိုက်သည်။

Read more...

အီးယူ - ဗြိတိန်ဂယက် မြန်မာပြည်အပေါ် ဘာတွေသက်ရောက်နိုင်သလဲ

အခုရက်သတ္တပတ်အတွင်းမှာ စီးပွားရေးအရ တစ်ကမ္ဘာ့လုံး ကိုကိုင်လှုပ်သွားတဲ့ သတင်းတစ်ခုကတော့ ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဗြိတိန်က အီးယူ အဖွဲ့ဝင်နိုင်ငံတွေထဲကနေ နုတ်ထွက်သွား တာပါပဲဖြစ်ပါတယ်။

Read more...

အီးယူမှ ခွဲထွက်ရေး ဆန္ဒခံယူပွဲ မပြုလုပ်မီ ဗြိတိသျှ လွှတ်တော် အမတ်တစ်ဦး အသတ်ခံရ

လန်ဒန် ဇွန်

ဗြိတိန်နိုင်ငံက အီးယူမှ ထွက်သင့်၊ မထွက်သင့် အဆုံးအဖြတ်ပေးမည့် ပြည်သူ့ဆန္ဒခံယူပွဲမကျင်းပမီ သီတင်းပတ် တစ်ခုခန့်အလိုတွင် မနေ့က နေ့ခင်းကြောင်တောင်အချိန်၌ ဗြိတိသျှဥပဒေပြုလွှတ်တော်အမတ်တစ်ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။ ကလေး ၂ ဦး၏ မိခင်ဖြစ်သူ အတိုက်အခံလေဘာပါတီမှ အသက် ၄၁ နှစ်ရှိ ဂျိုကော့သည် အင်္ဂလန်နိုင်ငံ မြောက်ပိုင်းရှိ ဘရစ်တောကျေးရွာတွင် တိုက်ခိုက်သူတစ်ဦးက သူ၏ မျက်နှာ ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြာင်း မျက်မြင်သက်သေများက ဒေသမီဒီယာများကို ပြောသည်။

Read more...

ပန်းဘဲတန်းနှင့် ဗိုလ်တထောင်မြို့နယ်တွင် ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် ဆင့်ပွားသင်တန်းဖွင့်

ရန်ကုန်၊ ဇွန် ၁၃

ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံး၏အစီအစဉ်ဖြင့် ပန်းဘဲတန်းမြို့နယ်နှင့် ဗိုလ်တထောင် မြို့နယ်တို့တွင် ပြည်သူဗဟိုပြုရဲလုပ် ငန်းစနစ် ဆင့်ပွားဖွင့်ပွဲများကို ကျင်း ပခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီတွင် ပန်းဘဲတန်းမြို့မရဲစခန်းရှိ အစည်းအဝေး ခန်းမတွင်လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် ဗိုလ်တထောင်မြို့မရဲစခန်းရှိ အစည်းအဝေးခန်းမတွင်လည်း ကောင်း ကျင်းပခဲ့ကြကြောင်းသိရသည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191