Main menu
HOT NEWS
adv

အခြေခံပညာရေးဥပဒေ ရေးဆွဲရာတွင် လူထုလူတန်းစား အလွှာပေါင်းစုံပါဝင်သော အခြေခံပညာရေးဆွေးနွေးပွဲများ ကျင်းပပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့်အဆို ရှုံးနိမ့်

ရန်ကုန်၊ အောက်တိုဘာ ၃- အခြေခံပညာရေးဥပဒေရေးဆွဲရာတွင် လူထုလူတန်းစား အလွှာပေါင်းစုံပါဝင် သော အခြေခံပညာရေးဆွေးနွေးပွဲ များ ကျင်းပပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအ ဆိုကို ပညာရေးဝန်ကြီးဌာနက အတည်မပြုရန်တင်ပြခဲ့ပြီး လွှတ်တော် ၏ဆန္ဒဖြင့် မဲခွဲဆုံးဖြတ်ရာ ပညာရေး ဝန်ကြီးဌာန၏ တင်ပြမှုအနိုင်ရရှိခဲ့ကြောင်း သိရသည်။

Read more...

ဘွဲ့ရ ပညာမတတ် အလုပ်လက်မဲ့ ပေါတဲ့ခေတ်

ဟေ့..... ခွေးခွေးချင်းပဲ၊ ဘာမှ  မတူမတန်စရာမရှိဘူး။  နင့်ခွေးလည်း ခွေးပဲ။ ငါ့ခွေးလည်းခွေးပဲလို့ ကျုပ်ကပြောတော့ ရှင်လူကြီးဖြစ်ပြီး လူကြီးစကားပြော၊  လူပါးမဝနဲ့။ ကျွန်မခွေးက နိုင်ငံခြားခွေးမျိုးရှင့်။ ငါး သိန်းပေးရတာတော့။ ရှင့်ခွေးလို ဗမာခွေး မဟုတ်ဘူး။ နားလည်ရဲ့လားလို့ ပြန်ပြောတယ်ဗျ။ ကောင်မလေးက ငယ် ငယ်ချောချောလေးပါ။ ဂျင်းဘောင်းဘီနဲ့ တီရှပ်အင်္ကျီဝတ်ထားတော့ ချစ်စရာလေး ပေါ့။ ကျုပ်လည်း မခံချင်လွန်းလို့သာ ပြန် ပြောနေရတာ။ မပြောရက်ပါဘူး။ ဒီတော့လည်း အချေအတင်ပြောမိတာပေါ့ဗျာ။

Read more...

ထိုင်းနိုင်ငံ၏မှားယွင်းသောပညာရေးစနစ်ကိုမြန်မာပြည် သင်ခန်းစာယူနိုင်သည်

စိုးမိုး

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား အရင်း အမြစ်သည် သဘာဝသယံဇာတအရင်းအမြစ်ထက်ပင်ပိုမိုတန် ဖိုးကြီးလှသည်ကို နိုင်ငံရေးသမားတိုင်း ကောင်းစွာ နားလည်ကြ လေသည်။ထို့နည်းတူ လူ့စွမ်းအားအရင်းအမြစ်၏အားမှာ ပညာ ရေးစနစ် ဖြစ်သည်ကိုလည်း အစိုးရတိုင်းသတိရှိကြစမြဲပင်။ သို့ဆိုလည်း အရှေ့တောင်အာရှ အာဆီယံနိုင်ငံတချို့ သည်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးများကို မျက်ခြည်မပြတ် အမီလိုက်နိုင်ရန်အတွက်ပညာရေးစနစ်ကို မြှင့်တင်လာ ကြရာတွင် ပညာရေး အသုံးစရိတ် တိုးမြှင့်ခြင်းကိုသာ အာရုံစိုက်ခဲ့ကြပြီး မဟာဗျူဟာကင်းမဲ့ခြင်းကြောင့် အောင်မြင်မှု မရရှိခဲ့ကြသည်ကလည်းမျက်မြင်ဒိဋ္ဌိပင် ဖြစ်သည်။ ထိုအဖြစ်ကို တစ်ချိန်က အရှေ့တောင်အာရှတွင် ပညာရေး ကဏ္ဍဗဟိုချက်ဖြစ်ခဲ့ပြီး ဒေသတွင်း အနိမ့်ပါးဆုံး ပညာရေးစနစ်ဆီသို့ ကျဆင်းသွားခဲ့သောမြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲရေး မူဝါဒအလွဲများမှသင်ခန်းစာယူနိုင်ကြောင်းကို ဆောင်းပါးရှင် Achara Deboonme က ထိုင်းနိုင်ငံထုတ်The NATION သတင်းစာတွင် Myanmar can learn from Thailand’s education-relatedmistakes ခေါင်းစဉ်ဖြင့် အကြံပြုသုံးသပ်ပြထားရာ . . .

Read more...

၂ဝ၁၆ ခုနှစ်အတွက် တက္ကသိုလ် ဝင်ခွင့်များကို သြဂုတ်လဆန်း ဝန်းကျင်တွင် စတင်ခေါ်ယူမည်

ရန်ကုန်၊ ဇွန် ၁၉

၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့်များကို သြဂုတ်လဆန်းဝန်းကျင်တွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို သြဂုတ်လဆန်းဝန်းကျင်တွင် စတင်ခေါ်ယူမည် ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာများကို သြဂုတ်လ ဒုတိယအပတ်ခန့်တွင် လက်ခံပေးသွားမည် ဖြစ်ကြောင်း၊ ဝင်ခွင့်လျှောက်လွှာများကို ရန် ကုန်တိုင်းဒေသကြီးတွင် ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်အားကစား ခန်းမတွင် ရုံးခန်းဖွင့်လှစ်ပြီး စက်တင်ဘာလအထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)မှ သိရသည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191