Main menu
HOT NEWS
adv

အပူချိန်မြင့်ခြင်းကြောင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၏ စာသင်ချိန်ကို နေ့တစ်ဝက်လျှော့ချ

ရန်ကုန်၊ မေ ၉

အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်မြင့်တက်နေသည့် မိတ္ထီလာမြို့တွင်ရှိသောမြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၏စာသင်ချိန်များကို မေလကုန်အထိ နေ့တစ်ဝက်သာသင်ကြား မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံလေကြောင်းပညာတက္ကသိုလ် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်အတွက် မဟာအင်ဂျင်နီယာသင်တန်းဘွဲ့လွန်ဒီပလိုမာသင်တန်း နှင့် သက်ဆိုင်ရာအင်ဂျင်နီယာသင် တန်းအသီးသီး အတွက် ကျောင်းတက်ချိန်အား ရာသီဥတုပူပြင်းသည့်အတွက် မေလကုန်အထိ နံနက် ၇ နာရီခွဲမှ ၁၂ နာရီခွဲအထိသာ တက် ရောက်ရန် ယာယီပြောင်းလဲသတ် မှတ်လိုက်ကြောင်း၊ ကျောင်း သား၊ ကျောင်းသူများ သည် ကျောင်းမှ ထုတ် ပြန်ထားသော ယာယီအချိန်စာရင်း အတိုင်း တက်ရောက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာ ကာသပညာတက္ကသိုလ်မှ သိရသည်။

Read more...

အဆင့်မြင့်ပညာ တက်ရောက်သင်ယူကြမည့်သူများ သတိထား

အဆင့်မြင့်ပညာရေးအတွက် ကျောင်းမအပ်ခင် မေးလေ့ရှိတဲ့ မေးခွန်းတွေကတော့ (က) သင်တန်းကြေး၊ (ခ) သင်တန်းချိန်၊ (ဂ) ပို့ချသော သင်တန်း ဆရာ၊ ဆရာမများအမည် (ဃ) အလုပ်အကိုင်အခွင့်အလမ်းရှိ၊ မရှိ တို့ကို အများဆုံးမေးမြန်းတတ်ကြပါတယ်။ ထို့အပြင်ကျောင်းကို လာရောက်လေ့လာကြည့်ရှုတတ်ကြသလို ဝက်ဘ်ဆိုက်နဲ့ဖေ့စ်ဘွတ်ခ်၊ အီးမေးလ်တို့မှတစ်ဆင့် လည်းကောင်း။ တက်ရောက်ဖူးတဲ့ ကျောင်း သားဟောင်းများနဲ့၊ ယုံကြည်လေးစားရတဲ့ ဆရာ၊ ဆရာမများမှတစ်ဆင့်လည်း မေးမြန်းစုံစမ်းအပ်နှံတတ်ကြပါတယ်။ အဲဒီ နေရာမှာ မိဘတွေဟာ ဆုံးဖြတ်ပေးတဲ့နေရာကနေ အရေးပါတဲ့သူတွေ ဖြစ်နေ တတ်ကြပါ တယ်။ မြန် မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကကျောင်းများအနေနဲ့ တက်ရောက်ပြီးစီးကြောင်း အောင်လက်မှတ်နဲ့အသိအ မှတ်ပြုတဲ့ လက်မှတ်လောက်သာထုတ်ပေးနိုင်ပါသေး တယ်။ ဒီပလိုမာ၊ ဒီဂရီများကိုထုတ်ပေးနိုင်ခြင်း မရှိသေးပါ။ အစိုးရတက္ကသိုလ်များတွင်သာ ဒီပလိုမာ၊ ဘွဲ့ ဒီဂရီများ အပ်နှင်းနိုင်ခွင့်ရှိပါတယ်။

Read more...

လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း သင်ခန်းစာများကို အခန်းကုန်သင်ကြားမှသာ ၂ဝ၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အောင်မြင်စွာဖြေဆိုနိုင်မည်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၄

လာမည့်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအဆင့်၌ သင်ခန်းစာများကို အခန်းကုန် သင်ကြားမှသာ ၂ဝ၁၇တွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ အောင် မြင်စွာဖြေဆိုနိုင် မည်ဖြစ်ကြောင်း သိရသည်။ပညာရေးဝန်ကြီးဌာနမှ လာမည့်ပညာသင်နှစ်ဖြစ်သော၂ဝ၁၆-၁၇ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအဆင့် စာမေးပွဲမေးခွန်းပုံစံကို ပြောင်းလဲရန်အတွက် အကြမ်းဖျင်း ညွှန်ကြားချက် ထားရှိရာ အဆိုပါညွှန်ကြားချက်အရ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ အားသင်ကြားရာတွင် သင်ခန်းစာများကို အစအဆုံးသင်ကြားနိုင်မှသာ ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲ ကို အောင်မြင်စွာဖြေဆိုနိုင် မည်ဖြစ်ကြောင်း၊ လာမည့် ၂ဝ၁၇ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်း ပုံစံသည် တွေးခေါ်စဉ်းစားသည့်အ ပိုင်းကိုမူတည်ပြီး မေးမြန်းသည့်မေး ခွန်းပုံစံအဖြစ် ပြောင်းလဲမည်ဖြစ် ကြောင်း တိုင်းဒေသကြီးပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

Read more...

ဥပမာနဲ့ သင်ခန်းစာများ

ကမ္ဘာ့နံပါတ်(၁)လို့ပြောနိုင်တဲ့ အမေရိကန်နိုင်ငံရေးမှာ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန်ဆိုပြီး အဓိကပါတီကြီးနှစ်ခုပဲရှိပါတယ်။ ပါတီနှစ်ခု ချဉ်းကပ်ပုံချင်းမတူပေမယ့် ဒီမိုကရေစီပန်းတိုင်ကို ကိုယ့်နည်းကိုယ် ဟန်နဲ့ လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191