Main menu
HOT NEWS
adv
မိုးဆက်ကို

မိုးဆက်ကို

Thura Soe @ Moe Sat Ko

Website URL:

လုပ်ငန်းအချို့ကို တင်ဒါခေါ်ယူရာတွင် သတ်မှတ်ပေးသည့်ရက် လွန်စွာနည်းပါးခြင်းကို လုပ်ငန်းရှင်များဝေဖန်o

ရန်ကုန်၊ မတ် ၂၆-ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန် ဌာနကြီးကြပ်မှုအောက်ရှိလုပ်ငန်း အချို့ကို တင်ဒါစနစ်ဖြင့် အငှားချ ထားဆောင်ရွက်ရန် တင်ဒါခေါ်ယူ သည့်အချိန်မှာ လွန်စွာနည်းကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်း ကဝေဖန်ပြောကြားလိုက်သည်။

Read more...

ပြည်ခိုင်ဖြိုးနှင့် ပြည်သူရွေးချယ်ထားသူများ၏ တိုင်းပြည်အပေါ်ထားသည့်စေတနာနှိုင်းယှဉ်ကြည့်ပါဟု ပါတီဥက္ကဋ္ဌဆို

ရန်ကုန်၊ မတ် ၂၆-ပြည်ခိုင်ဖြိုးပါ တီနှင့်ပြည်သူရွေးချယ်ထားသည့်သူ များ၏တိုင်းပြည်အပေါ်ထားသည့် စေတနာကိုနှိုင်းယှဉ်ကြည့်ပါဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးက ပြောသည်။ မတ် ၂၆ရက်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၁၂၄ ရပ်ကွက်ရှိ ရပ်ကွက် ထိပ်အားကစားကွင်းတွင် ပြုလုပ် သောပြည်ခိုင်ဖြိုးပါတီကလူထုနှင့် တွေ့ဆုံပွဲတွင် ဦးသန်းဌေးက အထက် ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

Read more...

ဝမ်ပေါင်ကုမ္ပဏီသို့ ကျောက်ပို့သည့်လုပ်ကွက်အား ယာယီရပ်ဆိုင်းရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် အမိန့်ထုတ်

မုံရွာ၊ မတ် ၂၆ ၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းလုပ်ဆောင် နေသော မြန်မာ-ဝမ်ပေါင် ကုမ္ပဏီ သို့ကျောက်များတင်ပို့နေသည့် ဆားလင်းကြီးမြို့နယ်မှ လုပ်ကွက်အား ထုတ်လုပ်မှုယာယီရပ်ဆိုင်းထားရန် စစ်ကိုင်းတိုင်းဒေ သကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ မတ် ၂၆ ရက် တွင်အမိန့်စာထုတ်ပြန်လိုက်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့် ကြည်က ပြောသည်။

မတ် ၂၅ ရက် ညနေပိုင်းက မိုးကြိုးပြင်၊ ဆည်တည်း၊ တုံရွာမှ ဒေသခံများသည် တောင်းဆိုချက် ငါးချက်ကို မိုးကြိုးပြင်အလယ်ရွာ ရှေ့၌သပိတ်စခန်းဖွင့်၍တောင်းဆို မှုများကိုပြုလုပ်နေစဉ် ယင်းကဲ့သို့ အမိန့်စာထွက် လာခြင်းဖြစ်သည်။

""ကျောက်ထုတ်လုပ်ခွင့်က ဘယ်လောက်ချထားပေးလဲဆိုတာ ဆားလင်းကြီးမြို့နယ်စီမံခန့်ခွဲရေး ကော်မတီကပဲသိမှာပါ။ ဒေသခံတွေ နဲ့ပြဿနာဖြစ်လို့ ဝန်ကြီးချုပ်က ယာ ယီရပ်ဆိုင်းစေဖို့ အမိန့်ပေးလို့ ကျွန် တော်ဒီနေ့ပဲစာထွက်ဖို့လုပ်နေပါ တယ်။ နိုင်ငံတော်နဲ့
လုပ်ထားတဲ့လုပ် ငန်းမို့ လိုအပ်ချက်ကိုတော့ ညှိနှိုင်း ပြီးမှ ဆက်လုပ်ခွင့်ပြု၊ မပြုဆုံးဖြတ် မှာပါ""ဟု စည်ပင်ဝန်ကြီးကဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီသည် ကြေးနီ လုပ်ကွက်များရှိ cell line များ အောက်၌ခံရန် လမ်းခင်းကျောက် များကိုပြင်ပမှ ဝယ်ယူခြင်းဖြစ်သည်။ ကျောက်တင် သွင်းခွင့်ရကုမ္ပဏီများ ဆားလင်းကြီးမြို့ ကျောက်လုပ်ကွက် များမှ ကျောက် ထုတ်ပြီး ရှစ်မိုင်ခန့် ဝေးသော ဝမ်ပေါင်ကုမ္ပဏီဆီသို့ မုံရွာ-ပုသိမ်လမ်းမှ တစ်ဆင့်နေ့စဉ် ကားများဖြင့် ရာချီဖြတ်သန်းပို့ ဆောင်နေကြခြင်းဖြစ်သည်။

""ကျောက်ထုတ်ကုမ္ပဏီက ၁၅ ခုလောက်ရှိတယ်၊ ကားတွေက အ စီး ၇၀ဝ လောက်ရှိတယ်၊ တစ်နေ့ကို ခြောက်ခေါက်လောက်သယ်ပို့ရင် တော့ ဒီလမ်းကိုဘယ်နှစီးဖြတ်မလဲ စဉ်းစားတာကြည့်ပါတော့။ ဝမ်ပေါင် ကုမ္ပဏီကပြောတာတော့ သူတို့ဆီ မှာကျောက်ခွဲစက်ရှိတယ်၊ဒါပေမဲ့ဒေသခံတွေအလုပ်အကိုင်ရအောင် အပြင်ကနေကျောက်ဝယ်တာလို့ပြောတယ်၊ ဒါပေမဲ့ ဒေသခံတွေ လုပ် ကွက်အပြင် အခြားမြို့တွေကလုပ် ကွက်တွေပါဝင်လုပ်နေတာ၊ ဒါကြောင့် နယ်လုံဝန်ကြီးနဲ့စည်ပင်ဝန်ကြီး၊ ကုမ္ပဏီတို့ပါတဲ့အစည်းအဝေးမှာ ဒေသခံတွေတင်မကဘဲတခြားနယ် ကလုပ်ကွက်တွေ ဒီကိုလာခွင့်လျှောက် ပြီးလုပ်တာ ဘယ်ဆီကသတင်း ပေါက်လို့လဲ၊ ကုမ္ပဏီကခေါ်လာတာ လား၊ အစိုးရအဖွဲ့ဝန်ကြီးတွေက အသိပေးတာလည်း ကျွန်တော်မေး တယ်၊ ဘယ်သူမှမဖြေနိုင်ဘူး၊ တစ်နေ့ ဒီလိုကိစ္စတွေဖြစ်မယ်ဆိုတာသိလို့ အခုဝန်ကြီးချုပ်က ရပ်ဆိုင်းတဲ့အမိန့် ကို ဒေသခံတွေဆီသွားရှင်းပြမယ်၊ သူတို့သဘောထားကိုမေးမယ်""ဟု ဆားလင်းကြီးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာသိန်းနိုင် ကပြောသည်။

ယင်းကဲ့သို့ ကျောက်များမတင် ပို့ပါက ကုမ္ပဏီအတွက် ထုတ်လုပ်မှု တွင်ထိခိုက်သွားနိုင်ကြောင်း ဝမ် ပေါင်ကုမ္ပဏီ ရန်ကုန်ရုံးခွဲတာဝန်ခံ မစ္စတာဒေါင်းယန်ဖီးက ဒီမိုကရေ စီတူဒေးသို့ပြောသည်။
""တိုင်းအစိုးရခုလိုထုတ်ပြန်တာ တော့ ကျွန်တော်တို့မသိသေးပါဘူး၊ စီမံကိန်းကထွက်တဲ့ကျောက်တင် မလောက်လို့အပြင်ကဝယ်သုံးတာ ပါ၊ ကျောက်မရှိရင် ထုတ်လုပ်မှုထိ ခိုက်သွားနိုင်တယ်၊ကျောက်သယ်ကားတွေကို လမ်းမကြီးပေါ်သွား လာခွင့်တားတာဥပေဒချိုးဖောက်တာမို့အရေးယူရမှာရဲတပ်ဖွဲ့ဝင်တွေ အပိုင်းပါ၊ ဒီအတွက် ဘာတွေဖြစ် လာမလဲဆိုတာ လောလောဆယ် သေချာမသိသေးလို့မပြောနိုင်သေး ပါဘူး""ဟု ၄င်းကဆိုသည်။

ကျောက်သယ်ကားများနေ့စဉ် ဖြတ်သန်းသွားလာမှုကြောင့် ၄င်း တို့၏လူနေမှုဘဝအသက်အန္တရာယ် ကိုနေ့စဉ်ခြိမ်းခြောက်ခံနေရပြီး လွန် ခဲ့သည့်ရက်ပိုင်းကလည်း လယ်ယာ သုံးခိုင်းနွားတစ်ကောင်နှင့်တောမှ ပြန်လာသောအမျိုးသမီးငယ်တစ် ဦးတို့မှာကျောက်သယ်ကားများဖြင့် ပွတ်တိုက်မှုကိုခံခဲ့ရကြောင်း ဒေသ ခံများကပြောသည်။

""ကျွန်တော်တို့ကတော့ အမိန့် စာကိုကြည့်ပြီးမှ သပိတ်ဆက်မှောက် သင့်၊ မမှောက်သင့်ဆုံးဖြတ်မှာပါ""ဟု မိုး ကြိုးပြင်ရွာခံကိုဖိုးဇော်ကပြောသည်။

မတ် ၂၄ ရက်က ကျောက်သယ် ကားအစီး ၁၀ဝ ကျော်ကို မုံရွာ-ပုသိမ် လမ်း မိုးကြိုးပြင်အလယ်ရွာထိပ် တွင် ဒေသခံများကဆက်မသွားရန် ပိတ်ဆို့တားဆီးခဲ့ရာ ရဲတပ်ဖွဲ့ကဖြို ခွင်းသဖြင့် ဒေသခံ ၁၀ ဦးရော်ဘာ ကျည်ထိမှန်ခဲ့သည်။

KTS
#Democracytoday

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616