Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

၂ဝ၁၈ ဇွန်လ မတိုင်မီ အခြေခံဥပဒေ ပြင်မည်ဟု တောင်ကိုရီးယား သမ္မတ ကြုံးဝါး

ဆိုးလ်၊ မေ ၁၉ 

ပြည်နယ်နှင့်မြို့တော်ဝန်ရွေး ကောက်ပွဲများကျင်းပမည့် ၂ဝ၁၈ ဇွန်လမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သွားမည်ဟု တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်က မေ ၁၉ ရက်တွင် ပြောသည်။ နိုင်ငံ၏အဓိက ပါတီကြီးငါးခုမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလတွင် မွန်ဂျေးအင်က ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲမည်ဖြစ်ကြောင်း၊ ဒေသန္တရရွေး ကောက်ပွဲများကျင်းပမည့် ၂ဝ၁၈ ဇွန်လတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး လူထုဆန္ဒခံယူပွဲပါ တစ်ပါတည်းကျင်းပသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

Read more...

မြန်မာ - တရုတ် ရေနံပိုက်လိုင်း စီမံကိန်း စတင်လည်ပတ်၊ မြန်မာပြည်အတွက် နှစ်စဉ်ရေနံစိမ်း တန်ချိန်ပေါင်း သိန်း ၂ဝ ပို့မည်

နမ့်ခမ်း၊ မေ ၁၉

မြန်မာ-တရုတ် ရေနံပိုက်လိုင်းစီမံကိန်း စတင်လည်ပတ်နေပြီး နှစ်နိုင်ငံသဘောတူစာချုပ်အရ ပိုက်လိုင်းမှ မြန်မာပြည်တွင်းအတွက် နှစ်စဉ်ရေနံစိမ်းတန်ချိန်ပေါင်း သိန်း၂ဝ ပို့လွှတ်မည်ဖြစ်သည်။ မြန်မာ-တရုတ်ရေနံပိုက်လိုင်းစီမံ ကိန်း နမ့်ခမ်းတိုင်းတာရေး Station မှ သတင်းအချက်အလက်များအရ မေ ၁၉ ရက် နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် မေ ၂ ရက်က မဒဲကျွန်းမှ စတင်ပို့လွှတ်ခဲ့သည့် ရေနံစိမ်းသည် အဆိုပါ Station သို့ ရောက်ရှိခဲ့သည်။

Read more...

ဇာတ်ကားကြီးတွေ ရိုက်ကူးတော့မယ့် အဆိုတော် X box

အဆိုတော် Xbox  ရဲ့ 9 Album DVD Karaoke က သူ့မွေးနေ့ မေ ၂ဝ ရက်မှာ ထွက်ရှိမှာဖြစ်ပြီး Junction Square Outdoor Area မှာ ပရိုမိုးရှင်း ပြုလုပ်သွားမယ်လို့သိရပါတယ်။ သီချင်းပိုင်းအပြင် ဇာတ်ကားရိုက်ကူးမှုတွေပါ စီစဉ်ဖြစ်တော့မယ့်အကြောင်းကို...

 

''အဓိက,ကတော့ အခွင့်အရေးထက် စိန်ခေါ်မှုတစ်ခုပါ။ ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိပါတယ်။ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ စရိုက်ရယ်၊ အပြင်ကဖြစ်ရပ်နဲ့ သိပ်မကွာတဲ့ပုံစံက ဘယ်လိုလဲဆိုတာ ကြည့်ချင်ပါတယ်။ ကိုယ့်အကြောင်းကို ပြန်လည်ရိုက်ပြီး ပြန်ကြည့်တဲ့ အိပ်မက်တစ်ခုကို ရှိပါတယ်။ ကိုယ်တိုင်ကြိုးစားပြီး ငိုတာတွေ၊ ရယ်တာတွေ၊ ကိုယ်သရုပ်ဆောင်တာကို ပြန်ကြည့်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်''လို့ XBox က ပြောပြပါတယ်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616