HOT NEWS
Main menu
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

အစိုးရ စီမံကိန်းအချို့ တည်ဆောက်ရေး တင်ဒါပေးရာတွင် လက်သင့်ရာ စားတော်ခေါ်နေ၊ တာဝန်ရှိသူများနှင့် ပေါင်းပြီး လူနည်းစုသာ လုပ်ပိုင်ခွင့် ရလျက်ရှိ ဟု လွှတ်တော် ကိုယ်စားလှယ် အချို့ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

အစိုးရ စီမံကိန်းအချို့ တည်ဆောက်ရေး တင်ဒါပေးရာတွင် လက်သင့်ရာ စားတော်ခေါ်နေကြောင်း၊ တာဝန်ရှိသူများနှင့်ပေါင်းပြီး လူနည်းစုကသာလျှင် လုပ်ပိုင်ခွင့်အဆက်မပြတ်ရလျက်ရှိနေကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် အချို့ကဝေဖန် ပြောကြားလိုက်သည်။ ဖေဖော်ဝါရီ ၂၃ ရက်ကကျင်း ပသည့်ဒုတိယအကြိမ် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ဆောက်လုပ်ရေးဝန်ကြီးဌာ နကရေးဆွဲထုတ်ပြန်ထား သော ကန်ထရိုက်စနစ်ဖြင့်လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့်လုပ်ငန်းလမ်းညွှန်ကို ပြည်ထောင်စုဝန်ကြီးဌာန အားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း (သို့မဟုတ်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့အားလုံး လိုက်နာကျင့်သုံးစေရန် ပြည် ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကိုတင်သွင်းခဲ့ပြီး ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကာ အဆိုကိုထောက်ခံခဲ့သူကလည်း ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...

ပေါင်းတည်မြို့တွင် ပဲခူးတိုင်း ဝန်ကြီးချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ခရိုင် NLD ဥက္ကဋ္ဌတို့အား ကန့်ကွက် ရှုတ်ချပွဲပြုလုပ်

လက်ပံတန်း၊ ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင် ပေါင်းတည်မြို့တွင် ၁၁ KV  ဓာတ်အားလိုင်းသွယ်တန်းသည့် အပေါ်ဒေသခံများအား ဖိအားပေးလုပ် ဆောင်ခဲ့သည့်ဟုဆိုကာ ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ်အပါအဝင် ပေါင်းတည်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်ခရိုင် NLD ဥက္ကဋ္ဌ တို့အား ပေါင်းတည်မြို့(၄၄)လမ်းနေ ပြည်သူများမှ ယနေ့နံနက်ပိုင်းတွင် ကန့်ကွက်ရှုတ်ချပွဲ တစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more...

နိုင်ငံတော် သမ္မတက မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ရာထူးမှ နုတ်ထွက်ခွင့်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးမင်းမင်းဦးကို မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံ တော်သမ္မတရုံးက ဖေဖော်ဝါရီလ ၂၃ ရက် တွင် ထုတ်ပြန်ကြေညာလိုက်သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂ဝ ရက်တွင် နုတ်ထွက်စာကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS