HOT NEWS
Main menu
M ဘွယ်

M ဘွယ်

M-Bwel (Assistance Online Editor)

Website URL:

ပေါက်ထွက်နေသည့် ဂက်စ်နှင့် ဝိုင်ယာရှော့ခ် မီးပွားထိတွေ့ရာမှ တောင်ဥက္ကလာပတွင် ကားသုံးစီး မီးလောင်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

သံသုမာလမ်းနှင့် ရတနာလမ်းထိပ်တွင် ပေါက်နေသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှဂက်စ်နှင့် လျှပ်စစ်မီးတိုင်ဝိုင်ယာကြိုးမှ မီးပွားများထိတွေ့ရာ ကားသုံးစီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းမီးလောင်မှုဖြစ်စဉ်သည် ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီ မိနစ် ၂ဝ ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါဂက်စ်ပိုက်လိုင်းမှာ တောင်ဒဂုံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့အရောင်းဆိုင်မှ တောင်ဥက္ကလာပ မြို့နယ်ရှိ သဘာဝဓာတ်ငွေအရောင်းဆိုင်သို့ သွယ်တန်းထားသောပိုက်လိုင်းဖြစ်ကြောင်း သိရသည်။

Read more...

အခမဲ့ ပြေးဆွဲပေးနေသော ယာဉ်များနေရာ အစားထိုးရန် ယာဉ်အစီးရေ ၂ဝဝ တိုင်းဒေသကြီး အစိုးရ စီစဉ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

အခမဲ့ပြေးဆွဲပေးနေသည့် ယာဉ်များနေရာတွင် အစားထိုးရန် ကားအစီးရေ ၂ဝဝ စီစဉ်ထားကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးထံမှ သိရသည်။  ''အစီးရေ  ၂ဝဝ က ကျွန်မတို့  Just For Stand by အနေနဲ့ပဲ လျာထားတာ။ Stand by တောင်မှ Plan B အနေနဲ့ပါ'' ဟု ၄င်းက ဇန်နဝါရီ ၁၉ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ယင်းအပြင် လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းများအတွင်း ဝင် ရောက်ပြေးဆွဲရန်လည်း ကားများကို စီစဉ်ထားကြောင်း သိရသည်။

Read more...

ပြင်ဦးလွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူး တို့အား တရားစွဲဆိုထားမှု တရားလိုပြ သက်သေများကို စစ်ဆေး

ပြင်ဦးလွင်၊ ဇန်နဝါရီ ၂၀

ပြင်ဦးလွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒုတိယဦးစီးမှူးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ လာဘ်စားမှုဖြင့် မန္တလေးတိုင်းဒေသကြီး တရားရုံးတွင် စစ်ဆေးလျက်ရှိရာ ဇန်နဝါရီ ၁၉ ရက်က တရားလိုပြ သက်သေနှစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS