Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ဖိလစ်ပိုင် မာရာဝီမြို့ကို IS များ လက်တွင်းမှ ပြန်လည် သိမ်းပိုက်နိုင်

မာရာဝီ၊ စက်တင်ဘာ ၁၈

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် IS အကြမ်းဖက်အဖွဲ့များ လေးလကြာသိမ်းပိုက်ထားသော မာရာဝီမြို့ကို တစ်လမ်းဝင်တစ်လမ်း ထွက်ရှင်းလင်းကာ စက်တင်ဘာ ၁၇ ရက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၁၈ ရက်သတင်းများအရသိရသည်။

Read more...

အမေရိကန် ဗုံးကြဲလေယာဉ်များ ကိုရီးယား ကျွန်းဆွယ်၌ ပျံသန်း

ဆိုးလ်၊ စက်တင်ဘာ ၁၈

အမေရိကန်၏ ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်လေးစင်းနှင့် ဗုံးကြဲလေယာဉ်နှစ်စင်းတို့သည် စက်တင်ဘာ ၁၈ ရက်က ကိုရီးယာကျွန်းဆွယ်တွင် ပျံသန်းခဲ့ကြသည်။ မြောက်ကိုရီးယား၏ နောက်ဆုံးနျူကလီးယားစမ်းသပ်မှုနှင့်ဒုံး ပျံပစ်ခတ်ခဲ့ပြီးနောက် အင်အား ပြသပျံသန်းခြင်းဖြစ်သည်။ ကိုယ်ပျောက် F-35  လေးစင်း နှင့် B-1B  ဗုံးကြဲလေယာဉ်နှစ်စင်းတို့ပါဝင်ပြီး ဗုံးကြဲချမှုကို လက် တွေ့လေ့ကျင့်ခဲ့ကြသည်။ ကိုရီးယားကျွန်းဆွယ်၌ စက်တင်ဘာ ၁၈ ရက်နံနက်စောစောတွင် ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်းကဖော်ပြခဲ့သည်။

Read more...

လူဖြူ ရဲအရာရှိဟောင်း၏ လူမည်းတစ်ဦး ပစ်သတ်ခံခဲ့ရမှု စိန့်လူးဝစ္စမြို့တွင် တတိယနေ့ ဆန္ဒပြ

ချီကာဂို၊ စက်တင်ဘာ ၁၈

အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ် စိန့်လူးဝစ္စမြို့တွင် လူဖြူရဲအရာရှိဟောင်းတစ်ဦးဖြစ်သူ ဂျေဆွန်စတော့ဂ်လီ၏ပစ်ခတ်မှုကြောင့် လူမည်းအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ရခြင်းအတွက် ကန့်ကွက်ဆန္ဒပြမှုများ စက်တင်ဘာ ၁၈ ရက်က သုံးရက်မြောက်ဆက်လက် ပြုလုပ်ခဲ့သည်။ ဆန္ဒပြသူများက ဈေးဆိုင်မှန်ပြတင်းများအား ရိုက်ခွဲဖျက်ဆီးခဲ့သဖြင့် ရဲများက နှိမ်နင်း လူစုခွဲခဲ့ရသည်။ ''စိန့်လူးဝစ္စမြို့ သံလွင်လမ်းနဲ့ ဆယ်လမ်းတွေမှာ ဆန္ဒပြသူတွေ ဟာဆိုင်ပြတင်းမှန်တွေရိုက်ခွဲခဲ့ပါတယ်''ဟု ရဲအဖွဲ့၏တွစ်တာတွင် ဖော်ပြခဲ့သည်။

Read more...
Subscribe to this RSS feed

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191