Main menu
HOT NEWS
adv

ဈေးရောင်းချရန် လိုသည့် လေးတိုင်စင်တဲများ ရောက်ရှိလာပါက ပုဇွန်တောင် နေ့/ ည ဈေး ဖွင့်မည်

ရန်ကုန်၊ ဇူလိုင် ၂၁

ဈေးရောင်းချရန်လှူဒါန်းထားသည့် လေးတိုင်စင်တဲများရောက်ရှိလာပါက ပုဇွန်တောင်နေ့/ ညဈေးကိုဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ လေးတိုင်စင်တဲ(ခ)ယာယီတဲ ၁၅ဝ အတွက်ကုန်ကျစရိတ်ကို စံပါဦးသောက်ရေသန့်ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်ပြီး တရုတ်နိုင်ငံမှမှာထားရာ သြဂုတ်လတွင်ရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။ ''တရုတ်ပြည်ကနေမှာထားတဲ့ တဲတွေရောက်ရင် ညဈေးကိုဖွင့်ဖြစ်မှာပါ''ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဝင်းက ဇူလိုင် ၂၁ ရက်ကပြောသည်။

Read more...

ထိုင်းနယ်စပ်မှ ကရင်ပြည်နယ် အတွင်း အပင်နှင့် အပင်ထွက်ပစ္စည်းများ တင်သွင်းရာတွင် ကုန်သွယ်ဖက်နိုင်ငံမှ အထောက်အထား မပါရှိပါက တရားမဝင် ပစ္စည်းအဖြစ် သတ်မှတ် အရေးယူသွားမည်

ရန်ကုန်၊ ဇူလိုင် ၂၁

သြဂုတ် ၁ ရက်မှစတင်၍ ထိုင်းနိုင်ငံနယ်စပ်မှ ကရင်ပြည်နယ်အတွင်းသို့ တင်သွင်းမည့် အပင်နှင့် အပင်ထွက်ပစ္စည်းများအတွက် ကုန်သွယ်ဖက်နိုင်ငံမှ လိုအပ်သော အထောက်အထားများ ပါရှိမှသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ မြန်မာနိုင်ငံသို့တင်သွင်းမည့် အပင်နှင့်အပင်ထွက်ပစ္စည်းများနှင့်အတူ နိုင်ငံတော်အတွင်းသို့ စီးပွားရေးအရ ထိခိုက်စေနိုင်သည့်ဖျက်ပိုးများနှင့် မိမိနိုင်ငံတွင် မရှိသေးသည့် ဖျက်ပိုးများ မဝင်ရောက်နိုင်စေရန် ရည်ရွယ်၍ တစ်ဖက်နိုင်ငံမှတင်သွင်းမည့် ကုန်စည်အတွက် ဖျက်ပိုးအန္တရာယ်စိစစ်တွက်ချက်မှု Pest Risk Analysis (PRA)ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

Read more...

အဆင့် မြင့် ငါး၊ ပုစွန်မွေးမြူရေး ဇုန်များ တွံတေးတွင် စတင်ဖော်ဆောင်မည်

ရန်ကုန်၊ ဇူလိုင် ၂၁

အဆင့်မြင့် ငါး၊ ပုစွန်မွေးမြူရေးဇုန်များ အ ကောင်အထည်ဖော်ခြင်း ရှေ့ပြေး စီမံချက်အဖြစ် တွံတေးမြို့နယ်၌ ယခု မိုးရာသီပြီးဆုံးချိန်တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ဝ ရက် ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ ဆုံဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အတွင်း ရေးမှူး ဒေါက်တာအောင်သိန်း၏ ပြန်လည်ရှင်းလင်းပြောကြားချက် အရသိရခြင်းဖြစ်သည်။

Read more...

ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရ လွယ်ကူမှုစာရင်း သုံးနှစ်အတွင်း အဆင့် ၁ဝဝ ထဲဝင်ရန် ကြိုးပမ်းမည်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေပြော

ရန်ကုန်၊ ဇူလိုင် ၂ဝ

မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ရလွယ်ကူမှု (Ease of Doing Business)စာရင်းအဆင့် ၁ဝဝ အတွင်းဝင်ရန် သုံးနှစ်အတွင်းကြိုးပမ်းသွားမည်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။ ၂ဝ၁၆ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရလွယ်ကူမှုစာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် ၁၇ဝ တွင် ရပ်တည်နေကြောင်းသိရသည်။

Read more...

ခမ်းပတ် နာနတ်သီး လှိုင်လှိုင်ပေါ်၍ ကလေးမြို့ သစ်သီးဈေးကွက်သို့ ဝင်ရောက်သော်လည်း ဝယ်လက် အားနည်း၍ အရောင်းအဝယ်အေးနေ

ကလေး၊ ဇူလိုင် ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကလေး-တမူးကားလမ်းမဘေး တစ်လျှောက်ရှိ မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့နယ် ခမ်းပတ်၊ နန်းခေါက်ခေါက်၊ ရေတုတ်၊ ကနန်၊ ကမ္မကြီးကျေးရွာနှင့် ကလေးမြို့နယ် စော်ဘွားရေရှင်၊ ဖက်ယားရေရှင် ကျေးရွာများတွင် နာနတ်ခြံများမှထွက်ရှိသည့် ဒေသအခေါ် ခမ်းပတ်နာနတ်သီးများမှာ ယခုနှစ်ဇွန်လလယ်ပိုင်းမှစ၍ ကားကြီးကားငယ်များဖြင့် ကလေးမြို့သစ်သီး ဈေးကွက်သို့ ဝင်ရောက်လျက်ရှိသော်လည်း ဝယ်လက်အားနည်းပြီး ခမ်းပတ်နာနတ်စိုက်တောင်သူများမှာ မျှော်မှန်းသလောက်မဖြစ်ဘဲ အရောင်းအဝယ်အေးနေ ကြောင်း သိရသည်။ 

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191