Main menu
HOT NEWS
adv
ယခုနှစ် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ယခင်နှစ်ထက် ပိုမိုတိုးတက်လာမည်ဟု အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် အစီရင်ခံစာတွင်ဖော်ပြ

ယခုနှစ် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ယခင်နှစ်ထက် ပိုမိုတိုးတက်လာမည်ဟု အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် အစီရင်ခံစာတွင်ဖော်ပြ

ရန်ကုန်၊ ဧပြီ ၇

၂ဝ၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်ကထက် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်(ADB) ၏ Asian Development Out-look 2017 အစီအရင်ခံစာအရသိရသည်။ အဆိုပါအစီအရင်ခံစာအရ မြန်မာနိုင်ငံ၏ GDP တိုးတက်မှု နှုန်းမှာ ၂ဝ၁၇ ခုနှစ်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်ပြီး အဆိုပါတိုးတက်မှုနှုန်းမှာ ပြီး ခဲ့သည့် ၂ဝ၁၆ ခုနှစ်က တိုးတက်မှုနှုန်းထက် ၁ ဒသမ ၃ ရာခိုင်နှုန်းပိုမို မြင့်တက်လာခဲ့ပြီး ၂ဝ၁၆ခုနှစ်တွင် မြန်မာနိုင်ငံ၏ GDP တိုးတက်မှု နှုန်းမှာ ၆ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွာရေးကျဆင်းခဲ့ရခြင်းမှာ ကုန်ထုတ်လုပ်မှုများကျဆင်းခဲ့ခြင်း၊ အစိုးရ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းသွားခြင်း၊ စီးပွားရေးဆိုင်ရာပေါ်လစီများ ရှင်းလင်းပြတ်သားမှု အားနည်းခြင်း၊ နိုင်ငံတကာမှ ကုန်သွယ်ဖက်နိုင်ငံများ၏ Demand အားနည်းခြင်း၊ နိုင်ငံ တကာသို့ တင်ပို့မည့် ကုန်ပစ္စည်းများ ဈေးနှုန်းရရှိမှုနည်းပါးခြင်း အစရှိသော အကြောင်းရင်းများကြောင့် စီးပွားရေးကျဆင်းခဲ့ရပြီး ယခု ၂ဝ၁၇ ခုနှစ်တွင် အဆိုပါအချက်များကို ပြင်ဆင်ပြီးလုပ်ဆောင်မည်ဆိုပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ယခုနှစ်တွင် ပြန်လည်မြင့်တက်လာမည် ဖြစ်ကြောင်း အဆိုပါအစီအရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။


ADB Myanmar ၏ Econommics Officer  ဒေါ်သီတာမြင့်က ''ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကျဆင်းရတာကလည်း Internal Forces တွေနဲ့ External Forces အပိုင်းတွေမှာ Weak  ဖြစ်ခဲ့တာတွေကြောင့်ပေါ့။ Internal Weakness  တွေရဲ့ အဓိကအကြောင်းရင်းကတော့ရှင်းလင်း ပြတ်သားတဲ့ စီးပွားရေးပေါ်လစီ တွေ မရှိခဲ့တာကြောင့်လည်းပါတယ်။ မြန်မာနိုင်ငံရဲ့ Economic Policy Direction ဟာ အရှင်းလင်းဆုံး ဖြစ်မယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံသူ တွေကိုလည်း ပိုပြီးတော့ ဆွဲဆောင်နိုင်မယ်။ ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေကိုပါ တစ်ပါတည်းဆွဲဆောင်နိုင်မယ်။ အဲ့ဒီအခါ ရင်းနှီးမြှုပ်နှံမှု တွေပိုများလာမယ်။ အဲ့ဒီအခါ စီးပွား ရေးတိုးတက်မှုနှုန်းကလည်း ပိုပြီး ပီပြင်လာမယ်''ဟု ဧပြီ ၆ ရက်က ရန်ကုန်မြို့၊ ချက်ထရီယံဟိုတယ် တွင်ပြုလုပ်သော Asian Development Outlook 2017  အခမ်းအနားတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။


ယခု ၂ဝ၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ တိုးတက်လာမည်ဖြစ်သကဲ့သို့ ငွေ ကြေးဖောင်းပွမှုနှုန်းမှာလည်း မြင့်တက်လာမည်ဖြစ်ပြီး အဆိုပါအစီအရင်ခံစာအရ ၂ဝ၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ငွေကြေးဖောင်းပွမှု နှုန်းမှာ ၇ ဒသမ ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း သိရသည်။ ''ငွေကြေးဖောင်းပွမှုဆိုတာက တော့ နိုင်ငံခြားတိုင်းပြည်တွေမှာလည်း ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုပါ။ စီးပွားရေးဖွံ့ဖြိုးလာတာနဲ့အမျှ ငွေကြေးဖောင်းပွမှုဆိုတာကလည်းလိုက်လာတယ်။ ငွေကြေးဖောင်းပွမှုဆိုတာက ငွေကြေးလဲလှယ်နှုန်း တွေ၊ Prices  တွေတက်တာတွေ အဲ့ဒါမျိုးတွေကြောင့် ငွေကြေးဖောင်း ပွမှုနှုန်းက ပိုပြီးတော့များလာတယ်'' ဟု ဒေါ်သီတာမြင့်က ဆက်လက် ပြောသည်။ ADB ဘဏ်အနေဖြင့် Country Partnership Startegy အရ ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းသုံးစွဲသွားမည်ဖြစ် ကြောင်းသိရသည်။


PP

#deomcracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191