Main menu
HOT NEWS
adv
စက်မှုဇုန်များအတွင်း ဥပဒေစိုးမိုးမှု မရှိခြင်းက ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် အဟန့်အတားပြုနေ ဟုဆို

စက်မှုဇုန်များအတွင်း ဥပဒေစိုးမိုးမှု မရှိခြင်းက ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် အဟန့်အတားပြုနေ ဟုဆို

ရန်ကုန်၊ ဧပြီ ၇

စက်မှုဇုန်များအတွင်းတွင် တရားဥပဒေစိုးမိုးမှုမရှိ ခြင်းသည် ရင်းနှီးမြှပ်နှံသူများကိုမက်လုံးပေးနိုင်သည့် ပတ်ဝန်းကျင်ကောင်း ဖြစ်အောင်ဖန်တီးရန်ဆိုသည့်အချက်နှင့် လုံးဝဆန့်ကျင်နေကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ ဥက္ကဋ္ဌကပြောသည်။ ဧပြီ ၆ ရက် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီပွား ရေးကော်မတီ၏ နှစ်ပတ်လည်အစီ ရင်ခံစာဖတ်ကြားတင်ပြရာ၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။


''စက်မှုဇုန်များအတွင်း တရားဥပဒေစိုးမိုးမှုမရှိခြင်းဟာ ရင်းနှီးမြှုပ်နှံသူများကို မက်လုံးပေးနိုင်တဲ့ပတ် ဝန်းကျင်ကောင်းဖြစ်အောင် ဖန်တီးရန်ဆိုတဲ့အချက်နဲ့ လုံးဝဆန့်ကျင် နေတယ်လို့ သုံးသပ်တွေ့ရှိရပါကြောင်း ရိုးသားစွာတင်ပြအပ်ပါတယ်''ဟု ဒေါ်စန္ဒာမင်းက အစီရင်ခံစာဖတ်ကြားရာတွင် ယင်းကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ စက်မှုလက်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင် ရောက်ရန် အဟန့်အတားဖြစ်နေ သော စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ဂျပန်ကုမ္ပဏီ ၃၆ ခုကို စစ်တမ်း ကောက်ယူကာတွေ့ရှိချက်များအ ပေါ် အကြံပြုလွှာတင်ပြခဲ့ကြောင်း ဒေါ်စန္ဒာမင်းကပြောသည်။


လက်ရှိတွင် စက်ရုံများရှေ့ လယ်သမားအမည်ခံကာ ကျူးကျော်တဲထိုး၍ ခြိမ်းခြောက်ငွေညှစ်နေမှုသည် လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များအတွင်း အများဆုံးဖြစ်ပေါ်နေပြီး ဖြေရှင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနများအားလုံးသို့ တိုင်ကြားထားကြောင်း အဆိုပါဖြစ်ရပ်များအများဆုံးဖြစ်ပွားနေသည့် လှိုင်သာယာ မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီထံမှသိရသည်။ ''အဲဒီလိုဖြစ်နေလို့ တိုင်ထားတာ လည်းကြာပြီ။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဥပဒေရေးရာအဖွဲ့တွေလာ ရောက်ကွင်းဆင်းစစ်ဆေးတယ်။ အရေးယူပေးဖို့လုပ်ပေးဖို့။ ဒါကိုလုပ်ငန်းရှင်တွေ ကိုယ်တိုင်လည်း မေတ္တာရပ်ခံတယ်။ ဒါပေမဲ့မလုပ်ဘူး။ နောက်ဆုံး နိုင်ငံတော်အဆင့်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကော်မတီအထိ ရောက်သွားတယ်'' ဟု ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


ယင်းသို့ခြိမ်းခြောက်ငွေညှစ်ခံရသည့်အထဲတွင် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုကုမ္ပဏီများပါဝင်ပြီး ယင်းသည် အသစ်ဝင်လာမည့် ပြည်ပရင်းနှီးမြှုပ်နှံလိုသူများအတွက် အဟန့်အတား ဖြစ်စေသည်ဟု၎င်းကပြောသည်။ အဆိုပါငွေညှစ်ခြိမ်းခြောက်ခံ နေရခြင်းကို မှော်ဘီမြောင်းတကာ စက်မှုဇုန်ရှိ စက်ရုံလုပ်ငန်းရှင်အချို့ နှင့်လှိုင်သာယာစက်မှုဇုန်ရှိ လုပ်ငန်းရှင်အချို့တို့ခံနေကြရပြီး လှိုင်သာယာ မြို့နယ်ရှိ ရွှေလင်ပန်းစက်မှုဇုန်တွင်ပင် လက်ရှိ၌အနည်းဆုံးစက်ရုံ ၃ ရုံခန့်ကြုံတွေ့နေရကြောင်းသိရသည်။  ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက လုပ်ငန်းရှင်များ၊ စက်မှုဇုန်ဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး၊ တိုင်းဒေသကြီးလွှတ်တော် သက်ဆိုင်ရာကော်မတီများနှင့်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်စီးပွားရေး ကော်မတီတို့ UMFCCI ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။


AL

#deomcracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191