Main menu
HOT NEWS
adv
သင်္ကြန်ရက် နီးလာ၍ ကြက်သွန်နီကို ရန်ကုန်၊ ရခိုင်နှင့် မန္တလေးသို့ ယခင်ကထက် တင်ပို့ပေးနေရ

သင်္ကြန်ရက် နီးလာ၍ ကြက်သွန်နီကို ရန်ကုန်၊ ရခိုင်နှင့် မန္တလေးသို့ ယခင်ကထက် တင်ပို့ပေးနေရ

ချောက်၊ ဧပြီ ၇

မဟာသင်္ကြန်ရက် နီးကပ်လာသည့်အချိန်တွင်း အညာဒေသဖြစ်သည့် မကွေးတိုင်း ဒေသကြီးနှင့်ရေနံချောင်းမြို့နယ်များမှ ကြက်သွန်များနှင့်လူသုံးကုန်၊ စားသောက်ကုန်များကို ရန်ကုန်၊ ပြည်၊ မန္တလေးနှင့် ရခိုင်ပြည်နယ်သို့ အသွား ကုန်အပြန်ဆယ်ဘီး၊ ဆယ့်နှစ်ဘီးကားများဖြင့် ယခင်လကထက် ပိုမို၍ တင်ပို့နေရကြောင်းသိရသည်။

 

''သင်္ကြန်ရက်နီးလာတော့ ဒေသထွက်ကြက်သွန်နီတွေ ရန်ကုန်ကို တစ်ရက်ငါးစီးခန့်၊ ရခိုင်ကိုသုံးစီးခန့် နဲ့ ပြည်နဲ့မန္တလေးကို သုံးစီးစီပို့ရတယ်။ တစ်မြို့နယ်လုံးကို တစ်ရက်ရှစ်စီးအ နည်းဆုံးပို့ရတယ်လို့ခန့်မှန်းရတယ်။ ယခင်လကတစ်ပတ်ကို ၁၅ စီးက နေ ၁ဝ စီးလောက်ပဲပို့နိုင်ခဲ့တယ်''ဟု ရေနံချောင်းမြို့မှ ပွဲစားဦးစိုးလွင် (အိုးဘို)က ပြောကြားသည်။ သင်္ကြန်ရက်တွင် ကုန်စည်တင်ကားများရပ်နားကြသည့်အပြင် ပွဲစားများသည် ကြက်သွန်နီရေစိုပျက် စီးမည်စိုးရိမ်၍ ယခုရက်ကတည်းက ကြိုဝယ်နေခြင်းကြောင့် ကျွဲကူး ရေပါဆိုသကဲ့သို့ ဆယ့်နှစ်ဘီးကား ကြီးများမှာ လွန်းပျံသဖွယ်ပြေးဆွဲနေ ကြရသည်။


''ရန်ကုန်နဲ့မန္တလေးကတော့ အသွားကို ကြက်သွန်၊ အပြန်မှာ စားသောက်ကုန်၊ လူသုံးကုန်တွေတင်ပို့ရတယ်။ ကုန်ကျစ်တစ်ပိဿာကို ကျပ် ၁ဝဝ ကနေ ကျပ် ၇ဝအတွင်း ရတယ်။ ဆယ်ဘီးကားတစ်စီးကုန်ချိန်ပိဿာ ၇ဝဝဝ တင်နိုင်တာကြောင့်အလုပ်ဖြစ်တယ်''ဟု ချောက်မြို့နယ် မှ ယာဉ်မောင်းတစ်ဦးကပြောသည်။ ယခုနှစ်ကြက်သွန်နီတစ်ပိဿာ ကျပ် ၈ဝဝ ဈေးမှ ကျပ် ၂ဝဝဝ အ ထိဈေးမြင့်ပြီး ဝယ်လိုအားကောင်းမွန်ကာ သုံးဆနီးပါးတင်ပို့နိုင်ခဲ့ကြ ကြောင်းသိရသည်။ 

 

SS

#deomcracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191