Main menu
HOT NEWS
adv
သင်္ကြန်ကာလအပြီးတွင် မြန်မာ့အခေါက်ရွှေဈေး ပြန်လည်ကျဆင်းလာ

သင်္ကြန်ကာလအပြီးတွင် မြန်မာ့အခေါက်ရွှေဈေး ပြန်လည်ကျဆင်းလာ

စောခ (မြစ်မခ) ရန်ကုန်၊ ဧပြီလ (၂၀) ရက်။

ကမ္ဘာ့ရွှေဈေးကျဆင်းလာသဖြင့် သင်္ကြန်ကာလအပြီးတွင် မြန်မာ့အခေါက်ရွှေဈေး ပြန်လည်ကျဆင်း လာကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

မြန်မာ့ရွှေဈေးသည် သင်္ကြန်ကာလအတွင်းက တစ်ကျပ်သားလျှင် (၉၁၂၀၀၀) ကျပ်ဝန်းကျင် အထိမြင့် တက်ခဲ့သော်လည်း ဧပြီလ (၂၀)နေ့တွင် (၉၀၈၅၀၀) ကျပ်အထိ ပြန်လည်ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

သင်္ကြန်တွင်းတုန်းကတော့ ကမ္ဘာ့ရွှေဈေး မြင့်တက်ခဲ့လို့ ဈေးက မြင့်သွားတယ်။ တစ်အောင်စကို (၁၂၉၀) ဒေါ်လာကျော်မြင့်တက်ခဲ့တာဖြစ်ပါတယ်။ အရောင်းအဝယ်တွေကတော့ ပုံမှန်ပါပဲ။ ခုလက်ရှိဈေးကတော့ ပြန်ကျလာတာပါ။ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။

ကမ္ဘာ့ရွှေဈေးမှာ ဧပြီလ (၁၂) ရက်မှ စတင်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး သင်္ကြန်ကာလအတွင်း တစ်အောင်စလျှင် (၁၂၉၆) ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ ဧပြီ (၂၀) ရက်တွင် တစ်အောင်စ (၁၂၈၀) ဒေါ်လာသို့ကျဆင်းလာခြင်းဖြစ်သည်။

ရွှေဈေးမှ မဟုတ်ဘူး။ တခြားကုန်ပစ္စည်းတွေလည်း မြင့်တက်နေရတာက ဒေါ်လာဈေးမြင့်တက်နေလို့ပါ။ ဗဟိုဘဏ်ဈေးကကို တခြားပေါက်ဈေးတွေထက် မြင့်နေတဲ့ အခါတွေလည်း ရှိတော့ဒေါ်လာဈေးက အမြင့်တန်းမှာပဲရှိနေတယ်။ ဒီဈေးတွေကျလာမှသာ ရွှေဈေးလည်း ကျနိုင်မယ်။ဟု အောင်သမာဓိ ရွှေဆိုင်အထွေထွေမန်နေဂျာ ဦးမော်မော်က ပြောသည်။

ဒေါ်လာပေါက်ဈေးမှာ ၂၀၁၇ ခုနှစ် အတွင်းတွင် တစ်ဒေါ်လာ (၁၄၀၀) ကျပ် ဝန်းကျင်အထိမြင့်တက်ခဲ့ဖူးပြီးလက်ရှိအချိန်၌ တစ်ဒေါ်လာလျှင် (၁၃၅၀) ကျပ် ဝန်းကျင်ဈေးပေါက်နေကြောင်း သိရသည်။

ဧပြီလ (၂၀) ရက်တွင် မြန်မာ့အခေါက်ရွှေမှာ တစ်ကျပ်သား (၉၀၈၅၀၀) ကျပ်၊ ကမ္ဘာ့ရွှေတစ်အောင်စ (၁၂၈၀) ဒေါ်လာ ၁၅ ပဲရည်တစ်ကျပ်သား (၈၄၅၀၀၀) ကျပ်၊ အမေရိကန်တစ်ဒေါ်လာ (၁၃၅၀) ကျပ် ဈေးပေါက်နေခြင်းဖြစ်သည်။

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191