Main menu
HOT NEWS
adv
ရွှေဘုံသာလမ်းပေါ်မှ ဈေးသည်များကို ကမ်းနားလမ်း ညဈေးသို့ ရွှေ့မည်

ရွှေဘုံသာလမ်းပေါ်မှ ဈေးသည်များကို ကမ်းနားလမ်း ညဈေးသို့ ရွှေ့မည်

ရန်ကုန်၊ မေ ၁၇

ရွှေဘုံသာလမ်း ပေါ်ရှိဈေးသည်များကို ကမ်းနားလမ်းညဈေးသို့ပြောင်းရွှေ့နေရာချထားပေးမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။ ယင်းလမ်းပေါ်မှဈေးသည်များ အားနေရာချထားပေးရန် ညဈေး စတင်ဖော်ဆောင်စဉ်ကပင် စီစဉ်ထားခြင်းဖြစ်သော်လည်း ချက်ချင်း နေရာပေးရန်အဆင်မပြေသည့်အတွက် ယခုအချိန်အထိ ရွှေဘုံသာလမ်းမပေါ်ဈေးရောင်းချခွင့်ပြုထား ခြင်းဖြစ်ကြောင်း ရန်ကုန်စည်ပင်၊ စီမံရေးရာဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။


''သူတို့ကိုရွှေ့ဖို့အစီအစဉ်က နဂိုကတည်းကရှိတယ်။ ညဈေးရဲ့ နေရာအလွတ်တွေမှာနေရာချထား ပေးမယ်။ အချိန်ကိုတော့လတ်တ လောမှာပြောလို့မရသေးဘူး''ဟု ၎င်းကပြောသည်။ ရွှေဘုံသာလမ်းမပေါ်ရှိ ဈေးသည် စာရင်းများကိုကောက်ယူခဲ့ရာတွင် ဈေးသည်ရာဂဏန်းကျော်ရှိပြီး ဈေးသည်များအား ညဈေးသို့ပြောင်း ရွှေ့ပြီးပါက ယင်းလမ်းပေါ်တွင် ရောင်းချသူများအားအရေးယူမည် ဖြစ်ကြောင်းသိရသည်။ ညဈေးတွင်အရောင်းအဝယ် အဆင်မပြေသည့်အတွက် ဈေးသည်အချို့မှာရရှိထားသည့်နေရာများတွင်ရောင်းချမှုမရှိကြောင်း ညဈေးကမ်းနားဈေးတွင် ခေါက်ဆွဲကြော် ဆိုင်ဖွင့်လှစ်ရောင်းချနေသည့် ဈေးသည်တစ်ဦးကပြောသည်။ လက်ရှိတွင်ကမ်းနားလမ်းည ဈေး၌ဈေးရောင်းချခွင့်ရရှိထားသည့် ဈေးသည်များအနက် ၉ဝဝ ကျော်မှာ ၎င်းတို့ရရှိထားသည့်နေရာများတွင် သွားရောက်ရောင်းချကြခြင်းမရှိ ကြောင်းသိရသည်။


ယခုလအတွင်း ပုဇွန်တောင်မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများ ပေါ်တွင် ရောင်းချနေသည့်လမ်းဘေး ဈေးသည်များအတွက် ၅၂ လမ်းတွင် နံနက်ဈေး၊ ညဈေးဖော်ဆောင်ကာ နေရာချထားပေးရန်လည်းစီစဉ်နေ ပြီဖြစ်ကြောင်းသိရသည်။ ယင်းဈေးတွင် ရှစ်ပေပတ်လည် ဆိုင်ခန်း ၁၄ဝ ခန့်ကိုနေရာချထား ပေးမည်ဖြစ်ပြီး နံနက်ဈေးကို နံနက် ၆ နာရီမှ ၁၁ နာရီအထိနှင့် ညဈေးကို မွန်းလွဲ ၃ နာရီမှ ည ၁၁ နာရီအထိ ရောင်းချခွင့်ပြုသွားမည်ဖြစ် ကြောင်းသိရသည်။

TTMT

#democracytoday

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616