Main menu
HOT NEWS
adv
တစ်လခန့် ပိတ်ထားခဲ့သည့် မြန်မာ - အိန္ဒိယ ရိဒ်နယ်စပ်ကို ပြန်လည် ဖွင့်လှစ်ပြီးနောက် တစ်ပတ်အတွင်း ကုန်သွယ်မှုများ ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိ

တစ်လခန့် ပိတ်ထားခဲ့သည့် မြန်မာ - အိန္ဒိယ ရိဒ်နယ်စပ်ကို ပြန်လည် ဖွင့်လှစ်ပြီးနောက် တစ်ပတ်အတွင်း ကုန်သွယ်မှုများ ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိ

ရန်ကုန်၊ မေ ၁၇

ရက်ပေါင်း ၃ဝ ခန့်ပိတ်ထားခဲ့သဖြင့် အိန္ဒိယ-မြန်မာရိဒ်နယ်စပ်အား မေလဒုတိယပတ်အတွင်း ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယခုအပတ်အတွင်းကုန်သွယ်မှုများ ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ရိဒ်နယ်စပ်ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။ မြန်မာနိုင်ငံမှ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်နယ်စပ်တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ဇိုခေါဒါရ်တွင်တရားဝင်လုပ်ကိုင်နေသည့် အလုပ်သမားများနှင့် ပြင်ပအလုပ်သမားခေါ် ကြားပေါက်အလုပ်သမားတို့အကြား ပဋိပက္ခများဖြစ်ပေါ်ခဲ့ရာ ရာမီဇိုရမ်ကျန်ဖိုင်းအုပ်ချုပ်ရေးမှူးမှ နယ်စပ်သွားလာရောင်းဝယ်မှုကို ဧပြီ ၁၃ ရက်တွင် ခေတ္တပိတ်ထားခဲ့ရာမှ မေ ၉ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။


ရိဒ်နယ်စပ်မှ ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေသူ ဦးနုက ''နယ်စပ်က ၉ ရက်မှာစဖွင့်တယ်ဆိုပေမယ့် ဟိုဘက်ကပိတ်ထားတာဖြစ်တဲ့အတွက် ကုန်သည်တွေကမသိတော့ ကုန်စည်စီးဆင်းမှုကနည်းတယ်။ အခုကတော့ကုန်သည်တွေလည်း သိသွားပြီဆိုတော့ မနေ့ကနဲ့ ဒီနေ့မှာ ကုန်သည်တွေလည်းတော်တော်များများပြန်လာတယ်။ အဓိကတော့ ကွမ်းသီးကားတွေနဲ့ သစ်သီးမျိုးစုံ တင်ပို့တာတွေတွေ့ရတယ်''ဟု မေ ၁၇ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။ အဆိုပါရိဒ်နယ်စပ်သည် မြန်မာ-အိန္ဒိယနယ်စပ်တွင် တမူးနယ်စပ် နောက်တွင် ဒုတိယအများဆုံးကုန်သွယ်မှုလုပ်နေသည့် နှစ်စဉ်ကုန်သွယ်မှုတိုးတက်လျက်ရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည်။


နယ်စပ်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးက ''နယ်စပ်သွားလာရောင်းဝယ်ရေးနှင့်ပတ်သက်ပြီး မြန်မာဘက်က နယ်စပ် ရောင်းဝယ်ရေးတာဝန်ရှိသူတွေက အိန္ဒိယနိုင်ငံ၊ ဇိုခေါဒါရ်ဖက်သွားပြီး တစ်ဖက်က အုပ်ချုပ်ရေးမှူးတွေနဲ့ညှိနှိုင်းမှု တွေပြုလုပ်ခဲ့ပြီး အဆင်ပြေတဲ့အတွက် ပြန်ဖွင့်လှစ်လိုက်တာပါ။ အခုတော့ မြန်မာဘက်ကကုန်သည်တွေ၊ ဈေးသည်တွေ အရောင်းအဝယ်ပုံမှန်ဖြစ် နေသလို တစ်ဘက်နိုင်ငံကလာတဲ့ ဈေးသည်ဈေးဝယ်တွေလည်း သည်ဘက်မှာ ရောင်းဝယ်နေကြပါတယ်'' ဟုဆိုသည်။ 

 

AK

#democracytoday

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616