Main menu
HOT NEWS
adv
အခွန်ငွေ ပေးဆောင်ခြင်း မရှိသော နံရံကပ် ကုမ္ပဏီကြော်ငြာများအား  တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြု ဟုဆို

အခွန်ငွေ ပေးဆောင်ခြင်း မရှိသော နံရံကပ် ကုမ္ပဏီကြော်ငြာများအား တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြု ဟုဆို

ရန်ကုန်

အခွန်ငွေ ပေးဆောင်ခြင်းမရှိသော နံရံကပ်ကုမ္ပဏီကြော်ငြာများအား တင်ဒါဝင် ရောက်ယှဉ်ပြိုင်ခွင့် မပြုကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ လက်ထောက်ဌာနမှူးက ပြောသည်။ ''အခွန်ပေးသွင်းခြင်းမရှိတဲ့ ကုမ္ပဏီ တွေကို တင်ဒါလုပ်ခဲ့တုန်းကလဲ လျှောက်ထားခွင့်မပြုဘူး။ အခွန်မပေးသွင်း သရွေ့တော့ အဲဒီကုမ္ပဏီတွေကိုဝင် အရွေးခံခွင့်မပေးပါဘူး။ အခုလဲ အခွန်မဆောင်တဲ့ ကုမ္ပဏီတွေကို အကြောင်းကြားစာပို့ထားတာတစ်နှစ် ကျော်ပြီ။ အခုနောက်ဆုံးအကြိမ် ပို့လို့မှ အခွန်လာမဆောင်ရင်တော့ ကုမ္ပဏီစာရင်းကို ထုတ်ပြန်ကြေညာမယ်။ ပြီးရင် စည်ပင်ဥပ ဒေအတိုင်း အရေးယူတော့မှာပါ''ဟု ၎င်းက ပြောသည်။

တိုက်နံရံကပ် ကြော်ငြာခြင်းနှင့်ပတ်သက်၍ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်တွင် အခွန်မဆောင်သည့် နံရံကပ်ကြော်ငြာဘုတ်လေး ခုသာရှိခဲ့ရာမှ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်တွင် အခွန်လာမဆောင်သည့်ကုမ္ပဏီရှစ်ခုမှ နံရံကပ်ကြော်ငြာဘုတ်ပေါင်း ၄ဝကျော်အထိ ရှိခဲ့ကြောင်း သိရသည်။ ''သူတို့ကုမ္ပဏီ အဆောက်အအုံနံရံမှာကပ်ပြီး ကြော်ငြာတာကိုတို့ဌာနက ကြော်ငြာ အခွန်ကောက်တာပါ။ အရင်နှစ်တွေထက်ကို ပြီးခဲ့တဲ့နှစ်က ကြွေးကျန်ကအရမ်းများ နေတော့ အခုနောက်ဆုံးကြိမ်အနေနဲ့ သတိ ပေးအကြောင်းကြားစာပို့ပြီး စောင့်ဆိုင်းနေတာပါ။ ငွေပမာဏက သိန်းထောင်နဲ့ချီပြီး ရစရာရှိလို့ ခေါ်တွေ့ဆုံတာတွေ ဆောင်ရွက် နေတယ်''ဟု စီမံရေးရာဌာနမှ လက်ထောက်ဌာနမှူးဦး စစ်မင်းဟန်က ပြောသည်။


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကြော်ငြာရေးရာဌာနမှ အခွန် ကောက်ခံရာတွင် တိုက်နံရံတွင် ကြော်ငြာသည့် ဆိုဒ်အရွယ်အစားအလိုက် တစ်စတုရန်းပေလျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် သတ်မှတ်ထားကြောင်းသိရသည်။ အဆိုပါ ကြွေးကျန် ကြော်ငြာအခွန်များ နှင့်ပတ်သက်၍ စည်ပင်သာယာမှ သတ်မှတ်ထားသော ကာလအတွင်း ပေးဆောင်ခြင်းမရှိပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ ငွေဒဏ်ကျပ်ငါးသောင်းမှ အမြင့်ဆုံး ကျပ်သိန်းငါးဆယ်နှင့်အတူ ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြော်ငြာအခွန်နှုန်းထားများအား သတ်မှတ်ထားရာတွင် LED ကြော်ငြာ ဆိုင်းဘုတ်ဖြစ်ပါက တစ်စတုရန်းပေလျှင် ၂,၅ဝဝဝနှုန်း၊ ဌာနဆိုင်ရာ မြေစိုက်ဖြစ်ပါက တစ်စတုရန်းပေလျှင် ကျပ်တစ်သောင်း၊ ကိုယ်ပိုင်ခြံဝင်း မြေစိုက်(ပေသုံးရာအောက်)ဖြစ်ပါက တစ်စတုရန်းပေလျှင် ကျပ်တစ် သောင်းခွဲ၊ ပေသုံးရာအထက်ဖြစ်ပါက ကျပ်တစ်သောင်းနှုန်းဖြင့် ကောက်ခံလျက်ရှိ ကြောင်းသိရသည်။

 

ဌေးဌေး

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616