Main menu
HOT NEWS
adv
မန္တလေးတွင် အိမ်ငှား အခွန်ကြောင့် ငှားရမ်းခများ မြင့်တက်လာ

မန္တလေးတွင် အိမ်ငှား အခွန်ကြောင့် ငှားရမ်းခများ မြင့်တက်လာ

ရန်ကုန်

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်တွင်းရှိ နေအိမ်ငှားရမ်း နေသည့် အိမ်ရှင်များအနေဖြင့် အိမ်ငှားရမ်းခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားပြီး အခွန်ပေးနေရသောကြောင့် အိမ်ငှားရမ်းခများ အဆမတန် မြင့်တက်လာကြောင်းသိရသည်။ အိမ်ငှားလိုင်စင် လျှောက်ထားလိုသူများ အနေဖြင့် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ နေအိမ် သို့မဟုတ် မိမိပိုင်ဆိုင်သည့်မြေ ပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်စာတမ်းနှင့် ငှားရမ်းထားသော စာချုပ်ကို ပြသ၍ လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် အိမ်ငှားစာချုပ်တွင် ပါဝင်သော ငှားရမ်းခ တန်ကြေး ငွေ၊ ငှားရမ်းထားသည့် သက်တမ်းပေါ် မူတည် ကာ နေအိမ်ငှားရမ်းခ အခွန်ငါးရာခိုင်နှုန်း ပေး ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးကျော်ဝင်းက ''စီးပွားဖြစ် ငှားရမ်းတဲ့သူတွေအနေနဲ့ မန်းစည်ပင်မှာ မဖြစ်မနေ အိမ်ငှားရမ်းခွင့် လိုင်စင် လျှောက်ထားရပါမယ်။ အဲဒီမှာ ငှားရမ်းခရဲ့ ငါးရာခိုင်နှုန်းကို အခွန်ကောက်ပါတယ်။ အဲဒီလိုသတ်မှတ်ချက်တွေကြောင့် အိမ်ငှားခနှုန်း မြင့်တက်တာဖြစ်တယ်။ မိုးရာသီရောက်ပြီဆိုတော့ ငှားခ မြင့်ပေမယ့် အငှားဈေးကွက်ကလဲ တက် နေပါတယ်''ဟု ပြောသည်။ ၂ဝ၁၇ ခုနှစ် မတ်လကုန်အထိ တစ်လလျှင် ကျပ်တစ်သိန်းခွဲခန့် ငှားရမ်းခရှိသော အခန်းတစ်ခန်းမှာ လက်ရှိတွင် ကျပ်နှစ်သိန်းမှ နှစ်သိန်းခွဲအထိ ရှိနေခြင်းဖြစ်ပြီး ရှစ်သောင်းဖြင့် ငှားရမ်းခဲ့သည့် တိုက်ခန်းများမှာလည်း တစ်သိန်းသုံးသောင်းမှ တစ်သိန်းခြောက်သောင်းအထိ မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။


မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပ ဒေပုဒ်မ ၇၆ နှင့် အဆောက်အအုံများဆိုင်ရာ နည်းဥပဒေ(၃)တို့အရ အိမ်ငှားရမ်းခွင့် လိုင်စင်မရှိဘဲ ငှားရမ်းထားခြင်းများ တွေ့ရှိပါက မြို့ တော်စည်ပင်သာယာရေး ဥပဒေအရ အရေး ယူသွားမည်ဖြစ်ကြောင်း ဃြီဃ သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သို့ရာတွင် အိမ်၊ အဆောင်စသည်တို့ ငှားရမ်းမှုများနှင့် စပ်လျဉ်း၍ အိမ်ပိုင်ရှင်မှ လိုင်စင် လျှောက်ထားခြင်း ရှိ၊ မရှိ၊ မည်သည့်နေရာတွင် ငှားရမ်း နေထိုင်ကြသည် စသည်ဖြင့် သိရှိနိုင်ရန် လွယ်ကူနိုင်မည် မဟုတ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကဆိုသည်။  ''အိမ်ငှားလိုင်စင်ဆိုတာ နိုင်ငံတကာမှာလဲ မရှိဘူး။ အနီးဆုံးပြောရရင် ရန်ကုန်မှာတောင် မရှိပါဘူး။ အိမ်ငှားလုပ်ငန်း လုပ်ကိုင်နေသူတွေကို ဘယ်လိုလိုက်လံစစ်ဆေးမလဲ။ နောက်ပြီး ဘော်ဒါဆောင် ငှားတဲ့သူတွေဆိုရင် လိုင်စင် ကြေးပေးလာရရင် ငှားရမ်းခ တိုးကောက်မယ်။ ဘယ်သူတွေ ပိုနစ်နာမလဲ သုံးသပ်ဖို့လိုပါတယ်'' ဟု မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင် ဦးတင် ကိုကိုကြီးက ပြောသည်။

 

ဖြူသစ်လွင်

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191