Main menu
HOT NEWS
adv
တရားမဝင် ရှောင်ကွင်းလမ်းမှ ကုန်သွယ်မှုများကြောင့် မြဝတီ နယ်စပ်ကုန်သွယ်မှု ထိုင်းဘက်နှင့် နှစ်ဆနီးပါး ကွာဟနေ

တရားမဝင် ရှောင်ကွင်းလမ်းမှ ကုန်သွယ်မှုများကြောင့် မြဝတီ နယ်စပ်ကုန်သွယ်မှု ထိုင်းဘက်နှင့် နှစ်ဆနီးပါး ကွာဟနေ

ရန်ကုန်

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ် ရေး စခန်းတစ်ခုဖြစ်သည့် မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်တွင် နှစ်နိုင်ငံဘက်မှ တရားဝင်ထုတ်ပြန်ထားသော ကုန်သွယ်မှုစာရင်းများ အ ရ ကုန်သွယ်မှု နှစ်ဆနီးပါး ကန်ဒေါ်လာသန်း ၁၅ဝဝ ကျော် ကွာဟနေသည်ကို တွေ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

ပြီးခဲ့သည့် ၂ဝ၁၆–၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုစာရင်း ထုတ် ပြန်ချက်မှာ ကန်ဒေါ်လာ သန်း ၉၂၈ ဒသမ ၆ဝဝ ခန့်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ တရားဝင်ထုတ်ပြန် မှုစာရင်းမှာ ကန်ဒေါ်လာသန်း ၂၄၄ဝ ဒသမ ၇ဝ၉ ခန့် ဖြစ်နေကြောင်းသိရသည်။ ''ကုန်သွယ်ရေးစာရင်း ကွာခြားရတာတွေ က တရားမဝင် ရှောင်ကွင်းလမ်းတွေကနေ ကုန်သွယ်နေတာကြောင့်လဲပါတယ်။ သောင်ရင်း မြစ်ကို ဖြတ်တဲ့ တရားမဝင် ကုန်သွယ်ရေးလမ်း ကြောင်း ၂၅ လမ်းလောက်အထိရှိတယ်လို့ သိ ရပါတယ်။ အဲဒီလမ်းကြောင်းတွေက ပွင့်လင်းရာသီမှာ ၂၂ ဘီးကားတွေပါ သွားလာနိုင်တဲ့အထိ လမ်းပေါက်နေတာ ဖြစ်ပါတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြဝတီကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုကဲ့သို့ တရားမဝင် ကုန်သွယ်မှုလမ်း ကြောင်းများရှိသောကြောင့် ပြည်တွင်းမှ တစ်ဖက် ထိုင်းနိုင်ငံနှင့် တရားမဝင် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၅၁၂ ဒသမ ၁ဝ၈ သန်းခန့်ရှိ နေခြင်းဖြစ်ကြောင်း သိရသည်။


ရှောင်ကွင်းလမ်းများမှ ကုန်သွယ်နေကြ ခြင်းမှာ တရားဝင်လမ်းကြောင်းမှ တင်သွင်း၊ တင်ပို့ပါက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း ကြောင့်ဖြစ်ကြောင်း မြဝတီမြို့၌ ကုန်ရောင်းကုန်ဝယ်လုပ်နေသည့် ကုန်သည်များထံမှ သိရသည်။ တရားမဝင် ကုန်သွယ်ရေး လမ်းကြောင်းမှ ကျွဲ၊ နွား၊ ကျောက်မျက်ကဲ့သို့ ကန့်သတ်ကုန်စည်များ တင်ပို့နေကြခြင်းဖြစ်ပြီး ထိုင်းဘက်မှ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို တင်သွင်းနေခြင်း ဖြစ်ကြောင်း သိရသည်။  အဆိုပါတရားမဝင်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြထားပြီးဖြစ်ကြောင်း ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးသန့်ဇင်အောင်က ပြောကြားသည်။

 

ဖြူသစ်လွင်

#theyangontimes

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616