Main menu
HOT NEWS
adv
စားသုံးဆီထဲသို့ မြေပဲဆီအနံ့ထည့်ကာ ရောင်းချမှုများရှိနေ၊ နစ်နာမှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြမည် ဟုဆို

စားသုံးဆီထဲသို့ မြေပဲဆီအနံ့ထည့်ကာ ရောင်းချမှုများရှိနေ၊ နစ်နာမှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြမည် ဟုဆို

ရန်ကုန်၊ သြဂုတ် ၁ဝ

ဓာတုအနံ့ ဖြင့်ပြုလုပ်ထားသော မြေပဲဆီ၊ နှမ်းဆီများနှင့်ပတ်သက်ပြီး နစ်နာမှုများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သို့ စာတင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှဥက္ကဋ္ဌ ဖြစ်သူ ဦးခင်စိုးက ပြောသည်။ ယခုအခါ နိုင်ငံအတွင်းပျံ့နှံ့နေသည့်စားအုန်းဆီထဲကို မြေပဲဆီအနံ့ထည့်ကာ ရောင်းချနေမှုများရှိနေပြီး ထိုသို့ရောင်းချမှုမှာ နိုင်ငံအတွက်နစ် နာခြင်းဖြစ်သည့်အတွက် လက်ရှိတွင် အသင်းအနေဖြင့် စာတင်ပြရန်ပြင်ဆင် နေကြောင်း ဦးခင်စိုးကပြောသည်။


ယင်းနှင့်ပတ်သက်ပြီး ''မြေပဲဆီ ငါးထောင်ဈေး ပေါက်နေတဲ့အချိန် မှာ ဒီကောင်ကိုလုပ်တဲ့အတွက် စားအုန်းဆီ ကျပ်၁၇ဝဝတန်က ကျပ် ၃ဝဝဝ တန်ဖြစ်သွားတာပေါ့။ ဒါကတိုင်းပြည် အတွက်တကယ်နစ်နာတယ်။ စားအုန်းဆီကိုအနံ့ပေးပြီး မြေပဲဆီလို့ရောင်း နေတာတကယ်နစ်နာတယ် ။စာတမ်း ပြုစုပြီးပြည့်စုံရင် တစ်ပတ်ဆယ်ရက် နေရင်တင်ဖြစ်မှာ။ စာတမ်းကပြည့် ပြည့်စုံစုံဖြစ်အောင်လုပ်နေတယ်။ နှမ်း၊ မြေပဲ စိုက်ဧကဘယ်လောက်ရှိသလဲ။ဆီစက်ဘယ်နှစ်လုံးရှိသလဲ၊ မွေးမြူ ရေးဧကဘယ်လောက်ရှိသလဲ။ ဒါတွေ အားလုံးနစ်နာနေတဲ့ကိစ္စက ဒီမှာမသ မာမှုဖြစ်နေတဲ့ ဈေးကွက်ကြီးပျက်စီး သွားလို့။ ဈေးကွက်ပျက်စီးသွားတဲ့အ တွက် စိုက်ပျိုးသူလည်းနစ်နာတယ်။ဆီစက်တွေလည်းနစ်နာတယ်။ စားသုံးသူလည်း အလိမ်ခံနေရတယ်။မွေးမြူရေးသမားတွေလည်း အဖတ် တွေမရတော့ဘူး။ အလုပ်အကိုင်အခွင့် အလမ်းတွေလည်း ပျက်စီးကုန်ပြီ။ ဒါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သိသင့်တယ် ဒါက။ ကျွန်တော်တင်ပြမှာပါ''ဟု ဦးခင်စိုးက ဒီမိုကရေစီတူဒေးသို့ သြဂုတ်၁ဝရက်ကပြောသည်။


စားအုန်းဆီထဲတွင် ဓာတုဗေဒ နှင့်ပြုလုပ်ထားသော မြေပဲအနံ့ထည့်ထားသည့် မြေပဲဆီအတု၊ နှမ်းဆီအတု တို့ကိုဈေးကွက်အတွင်းတွင် ရောင်းချနေမှုများရှိနေပြီး မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဈေးကွက်နမူနာကောက်ယူစစ်ဆေးခြင်းနည်းဖြင့် သန်လျင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ကော့မှူး မြို့နယ် အစရှိသည့်နေရာများမှ ဆီများတွင် မြေပဲအနံ့ထည့်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(FDA) (ရန်ကုန်)မှ သိရသည်။ အဆိုပါစားသုံးဆီနှင့်ပတ်သက်ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဇန်နဝါရီ လ၊ ဧပြီလ၊ ဇွန်လနှင့် ဇူလိုင်လများ တွင်စစ်ဆေးခဲ့ရာအနံ့ထည့်၍ ရောင်း ချနေသည်ကို တွေ့ရှိခဲ့ရသည့်အတွက် နေပြည်တော်မှ ညွှန်ကြားချက်အတိုင်း အဆိုပါဆီလုပ်ငန်းများကို ထောက်ခံ ချက်လျှောက်ထားရန် မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းနှင့် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းတို့မှ တစ်ဆင့်အကြောင်းကြားခဲ့ပြီး အရေးယူ ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်ရှိကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(ရန်ကုန်)မှ ညွှန်ကြား ရေးမှူး ဒေါက်တာဒေါ်ခင်စောလှက ပြောသည်။


''ဒီဆီနဲ့ပတ်သက်ပြီးတော့လည်း ဒီဆီတွေဟာ စားသုံးရန်သင့်နေသော်လည်း မူလအရည်အသွေးကို ထင် ယောင်ထင်မှားဖြစ်စေတဲ့ ဆောင်ရွက် ချက်ဖြစ်နေတဲ့အတွက်ကြောင့် ဒီဆောင်ရွက်ထားမှုကို နိုင်ငံတော်ကိုလည်းတင် ပြပြီးပြီ။ ဆရာမက ရန်ကုန်ကိုကြီးကြပ် ရတာဖြစ်တဲ့အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုလည်း တင်ပြတယ်။ ဒီလုပ်ငန်းတွေနဲ့ဒီအသင်းအဖွဲ့ တွေနဲ့ ပူးပေါင်းပါဝင်မှုကိုစောင့်ကြည့်လျက်ရှိပါတယ်။ စောင့်ကြည့်လျက် ရှိတယ်ဆိုတာက အတိုင်းအတာတစ်ခု အထိပဲရပါမယ်။ ဒီဟာတွေဟာမညီ ညွတ်တဲ့လုပ်ငန်းတွေလုပ်ရင်တော့ ဒီလိုအကြောင်းကြားပြီးပြီဖြစ်တဲ့အတွက်ကြောင့် အရေးယူမှုကိုလည်း ဆောင်ရွက်သွားမယ့် အစီအစဉ်ရှိပါတယ်''ဟု ဒေါ်ခင်စောလှကဆက် လက်ပြောသည်။


''ဆီတွေက အခုဆိုတံဆိပ်အမျိုး မျိုးနဲ့ထုတ်ကြတာလေ။ အပြင်ကဝင်တာရော ဒီမှာထုတ်တာတွေရော။ ငယ်စဉ်ကတည်းက ဆီကစားကျင့်ရှိနေလို့ စားသာစားနေရတာ အရင်ခေတ်တွေတုန်းကလိုသန့်စင်မှုကမယုံရဘူး။ အရင်က အညာကဆုံဆီဆိုတာကောင်းမှကောင်း။ အခုက ဆုံဆီကျတော့လည်း ဈေးကမတတ်နိုင်တော့ဘူး။ အခုလို အနံ့ထည့်တာတွေဖြစ်လာတယ်''ဟု အိမ်ရှင်မတစ်ဦးဖြစ်သူ တောင်ဒဂုံမြို့နယ်မှ ဒေါ်ညိုမာက ဒီမိုကရေစီတူ ဒေးသို့ပြောသည်။


MTZ

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191